Global

Pepsi မှာ မားကတ်တင်း ခေါင်းဆောင်ဖြစ်လာသူ Jennifer Lee

Read 1742 times
Pepsi မှာ မားကတ်တင်း ခေါင်းဆောင်ဖြစ်လာသူ  Jennifer Lee

သူမ အနေနဲ့ Pepsi ရဲ့ စီးပွားရေး မဏ္ဍိုင်များကို စျေးကွက်မြင့်တင်ရေးနဲ့ တစ်သားတည်းဖြစ်အောင်လုပ်ရမှာဖြစ်ပြီး အမြတ်ရဲ့ အောင်မြင်မှုရဖို့ အဓိက ထားမောင်းသွင်းရမှာပါ။လုပ်ငန်းစုရဲ့ပြောဆိုပုံအရဆို သူမ ဖြတ်ကျော်ခဲ့တဲ့ အတွေ့အကြုံတွေက စျေးကွက်မြင့်တင်ရေးကို အောင်မြင်အောင်လုပ်ဆောင်နိုင်လိမ့်မယ်သိရပါတယ်။သူမအနေနဲ့ Philip Morris မှာ စီမံခန့်ခွဲမှုဆိုင်ရာ အလုပ်သင်အဖြစ်လုပ်ကိုင်ခဲ့တာဖြစ်ပြီး သူမကို နေရာပေးလိုက်တာဟာ Pepsi လုပ်ငန်းစုအတွက် အကူအညီဖြစ်စေမယ့်ကိစ္စတစ်ရပ်ပါလို့ပြောပါတယ်။

 

သူမအနေနဲ့ သူမရဲ့ လုပ်ငန်းစဉ်တွေကို အာရှ ပစိဖိတ်ရဲ့ အကြီးတန်း မားကတ်တင်း ဒါရိုက်တာ Salman Butt ကို တင်ပြရမှာဖြစ်ပြီးကျန်တဲ့ မားကတ်တင်း ဆိုင်ရာ လုပ်ဆောင်ချက်တွေကို သူမက ဦးဆောင်ရမှာပါ ထိုထဲတွင် ATL ( Above the line ) တီဗီကြော်ငြာ ၊ ရေဒီယိုများရှိစျေးကွက်မြှင့်တင်ရေးကိစ္စများအပြင် BTL ( Below the line ) အပြင် ပွဲများ ၊ ပရိုမိုးရှင်းများ ရဲ့စျေးကွက်မြှင့်တင်ရေးကိစ္စများကိုပါဆောင်ရွက်ရမှာပါ။သူမအနေနဲ့ အရင်မားကတ်တင်းမန်နေဂျာဖြစ်သူ Putri Shireen ရဲ့ တာဝန်များကို လုပ်ဆောင်ရမည့်အပြင်ကုန်အမှတ်တံဆိပ်နေရာ ရစေဖို့ကိစ္စရပ်တွေကို လုပ်ဆောင်သွားရမှာပါ။

 

၂၀၂၀ ရဲ့ တတိယ ငွေစာရင်းရှင်းတန်းအရ Pepsi အနေနဲ့ အမြတ် ၅.၃ ရာခိုင်နှုန်းတိုးခဲ့ပြီး အစုရှယ်ယာတွေ ၁၀ ရာခိုင်နှုန်းတိုးချဲ့နိုင်ခဲ့ပါတယ်။ Pepsi လုပ်ငန်းစုမှ ဥက္ကဋ္ဌ နဲ့ CEO ဖြစ်သူ Ramon Laguarta ပြောကြားချက်အရအဆိုပါအချင်းအရာမှာ ကမ္ဘာ့ စားသောက်ကုန်လုပ်ငန်း ပိုင်းလည်ပတ်ပုံနှင့် အများကြီး သက်ဆိုင်နေတယ်သိရပါတယ်။ထို့အပြင် ကိုဗစ်ကာလအတွင်း အကျိုးမရှိစေမည့်ကြော်ငြာ ကိစ္စရပ်တွေကို လျော့ချပြီး အခြားလျော့ချလို့ရမည့်အရာတွေဖြစ်တဲ့ အလုပ်သမား ၊ ပစ္စည်းတန်ဆာပလာနဲ့ ပို့ဆောင်ရေးစတဲ့ ထွက်ငွေတွေကို လျော့ချနိုင်တာမို့ Pepsi လုပ်ငန်းစု အနေနဲ့ ခေါင်းထောင်နိုင်တယ်ပြောလို့က ရပြန်ပါတယ်။

 

ထို့အပြင် Pepsi ရဲ့ ဥက္ကဋ္ဌ Laguarta ပြောကြားသည်က တခါတလေကျရင် အခက်အခဲတွေကလည်း သင့်ကိုလုပ်ရလွယ်ကူအောင်ကူညီပေးတယ်ဆိုတာ ၂၀၂၀ က သင်ခန်းစာ ဆိုကာပြောကြားခဲ့ပါတယ်။အခုဆိုရင်တော့ Pepsi လုပ်ငန်းစုအနေနဲ့ ကြော်ငြာခြင်းနဲ့ စျေးကွက် မြင့်တင်ရေးရာမှာစားသုံးသူတွေ မြင်သာအောင်ဆက်လက် အရွေ့တစ်ခု ပြုလုပ်သွားမှာဖြစ်ပြီး ၎င်းတို့ Brand ကို အမြဲလိုအလိုရှိနေအောင်သိမ်းသွင်းသွားမယ်သိရပါတယ်။

 

Source : Marketing

 

Myanmar Advertising Directroy