Media & Advertising

ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးတက်စေတဲ့ ဒေါ်လာဈေးဂယက်

Read 1158 times
ဆေးဝါးနှင့် လူသုံးကုန်ပစ္စည်းများကို ဈေးတက်စေတဲ့ ဒေါ်လာဈေးဂယက်

မြန်မာနိုင်ငံ၏ လူသုံးကုန် ပစ္စည်းများသည် ဒေါ်လာကို အခြေခံ၍ တွက်ချက်ထားခြင်း ကြောင့် ဒေါ်လာဈေးမြင့်တက် ခြင်းနှင့်အတူ

ကုန်ပစ္စည်းဈေးနှုန်း များလည်း မြင့်တက်လာကြောင်း အနော်ရထာစက်မှုဇုန်ဥက္ကဋ္ဌ ဒေါ် စန်းစန်းဝင်းက ပြောပါတယ်။

‘‘စက်မှုထုတ်ကုန်တွေက ဘယ်လောက်တက်လဲဆိုရင် ဒေါ် လာဈေး ၁,၅၀၀ ဆို ၁,၅၀၀ နဲ့ အခြေခံတွက်မယ်။

၁,၆၀၀ ဖြစ် လည်း ၁,၆၀၀ အတိုင်း တွက် ရောင်းမယ်။ ဒေါ်လာဈေးတက် လို့ လူသုံးကုန်ကတက်မှာပဲ’’ ဟု ၎င်းကဆက်လက်ပြောသည်။

လူသုံးကုန်များ ရောင်းချ ရာတွင် ဒေါ်လာဈေးအတိုင်းလိုက် လံ မြင့်တက်ခြင်းမရှိသေးဘဲ

အ နည်းဆုံး ၃ ရာခိုင်နှုန်းမှ ၇ ရာခိုင် နှုန်းအထိ တဖြည်းဖြည်းမြင့်တက် ခဲ့သည်ဟု လူသုံးကုန်ပစ္စည်းထုတ် လုပ်သူများက ဆိုသည်။

‘‘အလုပ်အကိုင်မကောင်းတဲ့ အထဲ ကုန်ကြမ်းပစ္စည်းတွေက ဈေးတက်တယ်ဆိုတော့

လုပ်ငန်း တွေက တော်တော်ခက်ခဲတယ်’’ ဟု စက်မှုထုတ်လုပ်သူများအ သင်း တွဲဖက်အတွင်းရေးမှူး ဦး တင့်လှိုင်က ပြောသည်။

ဆေးဝါး ဈေးကွက်တွင် လည်း ဆေးအမျိုးအစားအားလုံး ဈေးတက်နေပြီး

ဆေးတန်ဖိုး၏ ၃ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ ဈေးတက်ကြောင်း ဆေးဝါး ဖြန့်ဖြူးရောင်းချသူများက ပြောကြားသည်။

ဇူလိုင်ပထမပတ်က ဈေး တက်သည့် ဆေးအများစုသည် မရှိမဖြစ်အသုံးပြုရသည့် သွေးတိုး ကျဆေး၊ နှလုံးရောဂါဆေး၊ ဆီး ချိုကဲ့သို့သော ဆေးများနှင့်

အား ဆေးအချို့ ဖြစ်သော်လည်း သြ ဂုတ် လဆန်းပိုင်းက စတင်ပြီး သောက်ဆေးနှင့် ထိုးဆေးများအပါအဝင် ဆေးဝါးအားလုံးဈေး တက်ခဲ့သည်ဟု ဆေးဝါး အ ရောင်းဆိုင်အချို့က ဆိုပါတယ်။

‘‘အခြေခံပြည်သူကို တိုက် ရိုက်ထိခိုက်တာကတော့ ဆေးဝါး နဲ့ ထိုးဆေးတွေ၊

ဒီမှာ အများကြီး မသိုလှောင်ထားနိုင်တော့ ဒေါ် လာဈေးအလိုက် တိုက်ရိုက်ကို တက်နေတာ’’ ဟု အထွေထွေ ရောဂါကုဆရာဝန် ဒေါက်တာ သိင်္ဂီက ပြောပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများကို ပြည်ပမှ တင် သွင်းနေရခြင်းကြောင့်

ဒေါ်လာ ဈေးတက်သည့်နှုန်းအတိုင်း မြင့် တက်နေကြောင်း မြန်မာနိုင်ငံ ဆောက်လုပ် ရေးလုပ်ငန်းရှင်များ အသင်းအလုပ်အမှုဆောင် ဦး မြဟန်က ပြောပါတယ်။

‘‘အကြမ်းဖျင်းအားဖြင့် ငွေ ဈေးတက်တဲ့ ရာခိုင်နှုန်းအတိုင်း တက်နေတာပါ’’ ဟု ၎င်းက ပြော သည်။

အီလက်ထရွန်နစ်ပစ္စည်း ဈေးများလည်း အများဆုံး ၁၀ ရာ ခိုင်နှုန်းအထိ ဈေးတက်လာပြီး

ကုမ္ပဏီကြီးများ တိုက်ရိုက်ဖြန့်ဖြူး သည့် ပစ္စည်းနှင့် လက်လီရောင်း ချသည့် ပစ္စည်းများဟာ

ဒေါ်လာ ဈေးအလိုက် တိုက်ရိုက်မြင့်တက် နေသည်ဟုလို့ လျှပ်စစ်နှင့်အီလက် ထရွန်နစ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမြင့်ဇော်က ပြောပါတယ်။

‘‘ဈေးတက်တာတုံ့ပြန်မှုချင်း က မတူဘူး။ ဒီမှာတပ်ပြီးတစ်ဆင့် ပြန်ထုတ်တဲ့ ပစ္စည်းတွေက ဈေး တက်တာ အနှေးဆုံးပဲ။

ဒါပေမဲ့ အီလက်ထရွန်နစ်က အခြေခံလူ သုံးကုန်ပစ္စည်းမဟုတ်သေးတော့ ဈေးကွက်အရောင်းနှေးသွားတာ ပဲ ရှိနေသေးတယ်’’ ဟု ၎င်းက ပြောပါတယ်။

Recommended for you-ဝယ်သူလည်းကြိုက် အမြတ်လည်းများစေတဲ့ MVP (Minimum Viable Product)

Source: 7 days new