TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ကုမ္ပဏီတစ်ခုသည် ဓာတ်ပုံဆရာတစ်ဦးအား အခကြေးမပေးဘဲ ခိုတစ်ကောင်၏ဓာတ်ပုံကို ဆယ်စုနှစ်တစ်ခုကျော်ကြာ အသုံးပြုခဲ့ပြီးနောက် တရားရုံးက ၎င်းဓာတ်ပုံဆရာအား ၎င်းကုမ္ပဏီက ဒေါ်လာ ၁.၂ သန်း ပေးဆောင်ရန် အမိန့်ပေးခဲ့ပါသည်။
ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်ရှိ ဂျူရီလူကြီးက Bird B Gone ကုမ္ပဏီသည် ဓာတ်ပုံဆရာ Dennis Fugnetti အား ငွေပေးချေမှုမရှိဘဲ အချိန်ကြာမြင့်စွာ အသုံးပြုခဲ့သည့်အတွက် ဓာတ်ပုံဆရာ Dennis Fugnetti အား အကြွေးတင်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ဓာတ်ပုံဆရာ Fugnetti သည် Bird B Gone ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆိုခဲ့သည်။
Bird B Gone သည် ငှက်များ မနားနိုင်ရန် ဆူးချွန်များ ရောင်းချသည့် လုပ်ငန်းဖြစ်သည်။
၁၉၉၉ ခုနှစ်တွင် ကယ်လီဖိုးနီးယားအခြေစိုက် ကုမ္ပဏီ Bird B Gone အတွက် Fugnetti ရိုက်ကူးခဲ့သော လေထဲ တောင်ပံဖြန့်ထားသည့် ခိုတစ်ကောင်၏ ဓာတ်ပုံကို Bird B Gone က ဆက်လက် အသုံးပြုကာ ၎င်း၏ ထုတ်ကုန်ကို ကြော်ငြာခဲ့ကြောင်း Fugnetti က အခိုင်အမာ စွပ်စွဲသည်။

Dennis Fugnetti ရိုက်ခဲ့သည့် ခို မူလဓာတ်ပုံ
Fugnetti ၏ လူနှစ်ဦးသာ ရှိသည့် ကုမ္ပဏီဖြစ်ေသာ MIAD Photography and Design အား Bird B Gone က အခကြေး ပေးပြီး ၎င်းခိုဓာတ်ပုံဖြင့် ဒီဇိုင်း အမျိုးမျိုး ဖန်တီးခိုင်းခဲ့သည်။
၂၀၀၃ ခုနှစ်တွင် Bird B Gone သည် ၎င်း၏ ကြော်ငြာအလုပ်ကို ပြင်ပလုပ်ငန်းထံ အပ်နှံခြင်း မပြုတော့ဘဲ ကုမ္ပဏီမှာ လုပ်ကိုင်သည်။
သို့ဖြစ်ရာ Bird B Gone နှင့် MIAD တို့အကြား အလုပ်အပ်နှံမှု ပြီးပြတ်သွားသည်။
Bird B Gone က ၎င်းခိုပုံကို ဆက်လက်အသုံးပြုပြီး ဒီဇိုင်းအမျိုးမျိုး ဖန်တီးပြီး ထုတ်ကုန်များအတွက် သုံးစွဲသည်။



Bird B Gone က နောက်ပိုင်းတွင် “MIAD နှင့် Fugnetti ကို အသိပေးခြင်း၊ ခွင့်ပြုချက် ရယူခြင်း မရှိဘဲ ပျံသန်းနေသောခိုရုပ်ပုံဖြင့် ကုန်စည်အမှတ်တံဆိပ် မူပိုင်ခွင့် လျှောက်ထားခဲ့သည်။
ထိုသို့ လျှောက်ထားသည့်အခါ ဓာတ်ပုံရိုက်ခဲ့သည့် ရက်စွဲကို တင်ပြဖို့ လိုအပ်သဖြင့် ၂၀၁၇ ခုနှစ်တွင် Bird B Gone မှ ဝန်ထမ်းတစ်ဦးက Fugnetti ထံ အီးမေးလ်ဖြင့် ၎င်းရက်စွဲကို မေးမြန်းခဲ့သည်။ ထိုရက်စွဲ အတိအကျ တင်ပြမှ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ခြင်းကို အပြီးသတ်နိုင်မည်ဖြစ်ကြောင်း အသိပေးထားသည်။
ထိုအခါ ဓာတ်ပုံဆရာ Fugnetti က Bird B Gone ကို တရားစွဲဖို့ စတင်ခဲ့ပြီး နောက် ၂ နှစ်အကြာတွင် တရားရုံးမှာ တရားစွဲဆိုသည့်အဆင့်သို့ ရောက်ရှိသည်။
ထိုအခါ၌ Bird B Gone က ၎င်းခိုပုံ ဖော်ပြထားသည့် ထုပ်ပိုးပစ္စည်းများ၊ ကြော်ငြာများ အစရှိသည်တို့ကို ဖျက်ဆီးပစ်လိုက်သည်။
Bird B Gone ၏ ရှေ့နေများက ဓာတ်ပုံဆရာသည် ဓာတ်ပုံကို ဆက်လက်အသုံးပြုရန် ကုမ္ပဏီအား သွယ်ဝိုက်သောအားဖြင့် လိုင်စင်ထုတ်ပေးခဲ့သည်ဟု စွပ်စွဲထားသည်။
Fugnetti သည် ၂၀၁၉ တွင် ကွယ်လွန်ခဲ့ရာ သမီးဖြစ်သူက ဖခင်ကိုယ်စား ဆက်လက်ဆောင်ရွက်ခဲ့သည်။
ပြည်ထောင်စု ခုံသမာဓိအဖွဲ့မှ သုံးရက်ကြာ စစ်ဆေးကြားနာပြီးနောက် Fugnetti အား ဒေါ်လာ ၁.၂ သန်း ချီးမြှင့်ရန် စီရင်ဆုံးဖြတ်ခဲ့ပါသည်။
စစချင်းတွင် ပုံတစ်ပုံသည် ပုံတစ်ပုံ ရယူပြီး သုံးစွဲလိုက်ခြင်းဖြစ်သော်လည်း ၎င်းပုံကို ရေရှည်သုံးစွဲတော့မည် ဆိုပါက သဘောတူစာချုပ်များသည် မည်သို့မည်ပုံ သုံးစွဲလျှင်ခွင့်ပြုသည်။ မည်သို့သော ပိုင်ခွင့်များကို ပိုင်ရှင်က ထိန်းသိမ်းထားသည်။ မည်သို့သော ကန့်သတ်ချပ်များ ထားရှိသည် စသဖြင့် အလွန် အသေးစိတ် တိကျရန် လိုအပ်ပါသည်။
Source petapixel
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U