Digital Marketing

Pinterest မှ စျေးရောင်း features ထည့်သွင်းမည်

Read 1523 times
Pinterest မှ စျေးရောင်း features ထည့်သွင်းမည်

 

Pinterest ကဘယ်လိုပြောင်းလဲသွားတာပါလဲ ....

==============================

 

တကယ်တန်းမှာ Pinterest မှာ ရောင်းချ မယ့် ပစ္စည်းတွေကို Pinterest အသုံးပြုသူတွေက မရှာဘဲနဲ့ အမြင်တွေ့နေမှာမို့ လူတွေဆီကို ကျိန်းသေ ရောက်မှာပါ။ တကယ်တန်းမှာ ဗြိတိန်မှ e-commerce လောက ကို၎င်းတို့ဘက်မှ တိုးဖောက်တာမျိုးဖြစ်ပြီး Pin တွေကို တင်ပေးထားယုံမျှသာတင်ပေးထားပြီး ဝယ်ယူသူနဲ့ ရောင်းသူကို တိုက်ရိုက်ထိတွေ့စေမှာပါ။

 

ထို့အပြင် ဝယ်ယူသူများရဲ့ ဖုန်းကင်မရာနဲ့ ရိုက်တဲ့ ပစ္စည်းပုံများထဲမှ ၎င်းပစ္စည်းကိုရှာပေးမှာဖြစ်ပြီး သင်လိုချင်တဲ့ ပစ္စည်းကို မီးမောင်းထိုးပြထားကာ စာရင်းအစီအတန်းအလိုက် List နဲ့ လုပ်ပေးထားမယ်သိရပါတယ်။

 

အမေရိကန်ရဲ့ ကုန်သည်နဲ့ စျေးလက်လီရောင်းချသူများမှ ကောက်ချက်ချတာကတော့ ကြော်ငြာ အားဖြင့် Pinterest က အတော်လေးလူမြင်စေတယ်သိရပါတယ်။Pinterest content.ထို့အပြင် အမေရိကန်ကြော်ငြာ ရှင်တွေဟာ ကြော်ငြာ တွေကို သေချာလေ့လာ ကြည့်ခဲ့ပြီး သူတို့ရဲ့ organic တင်ထားတာကိုမှ ကြော်ငြာ အဖြစ်အသွင်ပြောင်းကြတာပါ။

 

Pinterest က ယခုဆိုကမ္ဘာနှင့်တစ်လွှား အသုံးပြုသူ သန်း ၄၀၀ ကျော်ရှိပါပြီ အမေရိကန်မှာထက် အင်္ဂလန်မှာ အသုံးပြုသူ ပိုများပါတယ်။Pinterest မှာ ဝယ်ချင်တဲ့ သူသိပ်များပါတယ် စစချင်း လျှောက်ကြည့်တဲ့ အသုံးပြုသူတွေထဲမှ ၅၀ ရာခိုင်နှုန်းဟာ ဝယ်ယူမှုဘက်ကို တိမ်းညွက်သွားတယ်သိရပါတယ်။

 

ထို့အပြင် ၎င်းတို့ Pinterest မှ ပြောကြားသည်က လူတွေတော်တော်များများက ပွဲတော်နားနီးရင် အွန်လိုင်းမှ ပိုပြီးစျေးဝယ်ကြတယ်၊ ဝယ်ယူသူတွေအနေနဲ့ လက်လီရောင်းချတဲ့ သူတွေဆီမှ စျေးမဝယ်ပါကလည်း ကြည့်နိုင်တယ် Pinterest က စျေးကျိန်းသေပေါက်ဝယ်ရမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ဘူး အွန်လိုင်းကနေ window shopping ထွက် စျေးဝယ်တဲ့သဘောမျိုးပဲလို့ဆိုပါတယ်။

 

Pinterest အနေနဲ့ ဗြိတိန်မှာ Lockdown လုပ်ထားတဲ့ အချိန်မှာ အသုံးပြုသူအင်မတန်မှ များပြားလာပါတယ် သူ့အနေနဲ့ အဓိက ပြိုင်ဘက်ထားရမှာကတော့ နောက်လာမည့် Instagram Shopping ပဲလို့သိရပါတယ်။

 

 

Ref : The Drum