Life Hacks

ကျေးဇူးပြုပြီး ဘာသာ မပြန်ပါနဲ့!

Read 397 times
ကျေးဇူးပြုပြီး ဘာသာ မပြန်ပါနဲ့!

အချို့တွေ အမြဲ ပြောနေကြ စကားလေး ကြားမိပါရဲ့..

ဘာလဲ... အချစ်ဆိုတာ အနက်အဓီပ္ပါယ်ဖွင့် ဖို့ တယ်ခက်တယ် ဆိုပါလား....

နေပါဦး နေပါဦး.. ဒီမှာ...လူ ဆိုတဲ့ ဝေါဟာရ ကို ကော အနက်အဓိပ္ပါယ် သေချာ ဖွင့် နိုင်ခဲ့လို့ လား...။

လူတွေ ထဲမှာ လူလာ ဖြစ်တဲ့ အခါ ကြင်နာသနားတတ် ကြတော့တာပဲ...

ရည်ရွယ်ချက် ရှိရှိ ကြင်နာသနားတတ်ကြသလို ရည်ရွယ်ချက် မရှိပဲ အလိုလို ကြင်နာသနား မိလျှက်သား လေး တွေ လည်း ဖြစ်လို့ ...

လူတွေ ထဲမှာ လူလာ ဖြစ်တဲ့ အခါ ယုတ်မာ ကြတော့တာပဲ...

ရည်ရွယ်ချက် ရှိရှိ ယုတ်မာကြသလို ရည်ရွယ်ချက် မရှိပဲ အလိုလို ယုတ်မာ မိလျှက်သား လေး တွေ လည်း ဖြစ်လို့ ...

အဲ့တော့..

စေတနာကောင်းတယ်/ မကောင်းဘူး

စိတ်သဘောကောင်းတယ်/ စိတ်ပုပ်တယ်

လက်ဖွာတယ်/ ကပ်စေးနဲ တယ်

ရိုးသားတယ် / ကောက်ကျစ်တယ်

အထက်စီး ကနေ ဖိတယ်/ မဖိဘူး

ပါဝါပြတယ်/ တန်းတူ ဆက်ဆံတယ်

စတဲ့ စတဲ့ အရာတွေ ထဲမှာ ကောင်းတာလေးတွေကတော့ လူ ဆိုတဲ့ သူတွေတိုင်း ၄င်းတို့ ကို အဲ့ဒီ ဆောင်ပုဒ်လေးတွေနဲ့ တွဲ မြင်စေချင် ကြတာ ချည်းပဲ... သို့ သော်

လူ ဆိုတဲ့ သူတွေတိုင်း မလိုချင်ပေမယ့် ကပ်လျှက်ပါ နေတဲ့ မကောင်းတာ တွေကို တော့ မစွန့် လွှတ် နိုင်ကြဘူး...

သင် အခု တွေး နေပြီ ငါ ဘယ်အထဲ မှာ ပါလဲ ဆိုပြီး... သေချာပါတယ်.. မကောင်းတာ တစ်ခုခု ကတော့ သင့်မှာ ကပ်လျှက် ကြီး ခွာ လို့ မရပဲ ရှိနေမှာပါ..

တကယ်တော့ လူ ပဲ လေဗျာ... ကောင်းတာတွေလဲ လုပ်မှာ ဖြစ်သလို မကောင်းတာတွေလည်း လုပ်ကြမှာ ဖြစ်တယ်..

အခု မလုပ်လဲ နောင်လုပ်ကောင်း လုပ်မိကြမှာ ပဲ...

အဲ့တော့ မိမိ လုပ်စရာ ရှိတာကို လုပ်ပါ..ဟစ်တလာ ဖြစ်သွားလို့ လဲ လူယုတ်မာ ကြီး မဖြစ်သွားပါဘူး...

ဘာလို့ လဲ ဆိုတော့ ဟစ်တလာ စစ်ရှုံး သွားလို့ သာ လူယုတ်မာ ဖြစ်သွားတာ..

ဗြိတိသျှတွေ အခြားနိုင်ငံတွေကို လူသတ် ကိုလိုနီလုပ် နှစ်တွေရာနဲ့ ချီ အနိုင်ကျင့်ပြီး အုပ်ချုပ် .. အံမယ် အံမယ်... ဒါမျိုးကြတော့ ဗြိတိသျှတွေကို ယုတ်မာတယ်လို ဘယ်သူမှ မပြောဘူး..

ဘာလို့ ဆိုတော့ သူတို့ က စစ်နိုင်တာကိုး...

အဲ့တော့ သင် ဆန္ဒကို ပဲ ရှေးရှုပါ... အရေးကြီးဆုံးမှာချင်တာကတော့

" သူငယ်ချင်း လူတွေ ကို ဘာသာမပြန်ပါနဲ့ "

Recommended for you-ဂျပန်တွေလို သင် ကြိုးစားကြည့်ဖူးလား

Credit; sayahtuntheinwin(intigrity)