Global

အပြုသဘောဆန်တဲ့ ကောင်းမွန်မှု ဆိုတာ...

Read 1397 times
အပြုသဘောဆန်တဲ့ ကောင်းမွန်မှု ဆိုတာ...

အရင်တုန်းက၊ ကြော်ငြာသမားတွေက သူတို့ရောင်းတဲ့ ကုန်ပစ္စည်းကို ပြိုင်ဖက် တွေထက်သာလွန်ကြောင်း စားသုံးသူတွေ စွဲမြဲယုံကြည်အောင် လုပ်ရလိမ့်မယ်လို့ လက်ခံထားကြတယ်။


ဒါက မလိုအပ်နိုင်ကောင်းပါဘူး။ ခင်ဗျားကုန်ပစ္စည်းက အပြုသဘောဆန်ဆန် ကောင်းမွန်တယ်လို့ စားသုံးသူတွေ စွဲမြဲယုံကြည်နေရင် လုံလောက်ပါပြီ။

စားသုံးသူအနေနဲ့ ခင်ဗျားရဲ့ ကုန်ပစ္စည်းက သေချာတယ်လို့ ခံစားရရင်၊ ပြိုင်ဖက်တွေက မသေချာဘူးထင်ရင်၊ ခင်ဗျားပစ္စည်းကို ဝယ်မှာပါပဲ။ ပြိုင်ဖက်အားလုံးက အကောင်းဆုံးတွေပဲ ထုတ်လုပ်တယ်ဆိုရင်တော့၊ ကိုယ်က ပိုသာတယ်သွားမလုပ်ပါနဲ့။

ကိုယ့်ကုန်ပစ္စည်းက ဘာတွေကောင်းလဲပဲ ပြောပြပါ။ ပိုပြီးရှင်းရှင်းလင်းလင်း၊ ရိုးရိုးသားသား၊ ပြည့်ပြည့်စုံစုံပြောပြပါ။


ဒီအမြင်မှန်ခဲ့ရင်၊ ကိုယ့်ကုန်ပစ္စည်းက အပြုသဘောဆန်ဆန် aကာင်းမွန်ကြောင်း ဝယ်သူတွေရဲ့ယုံကြည်ချက်ရအောင် အကောင်းဆုံး လုပ်နိုင်တဲ့အတွက် အဲ့ဒီ့ဈေးကွက်ဖော်ဆောင်သူရဲ့ ရောင်းအားတွေ တက်လာလိမ့်မယ်။


ဒီလိုချဉ်းကပ်ပုံက ဂုဏ်ရည်တူ ကုန်ပစ္စည်းတွေ ဈေးကွက်ဖော်ဆောင်ရာမှာ စားသုံးသူတွေရဲ့ ညဏ်ရည်ညဏ်သွေးကို စော်ကားရာ မရောက်ပါဘူး။ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့် လျှောက်တာကို ဘယ်သူက အပြစ်တင်လိမ့်မလဲ။

 

Peter Soe Moe ( Ogilvy on Advertising by David Ogilvy )

Myanmar Advertising Directory