Digital Marketing

ဘယ်လို Post မျိုးတွေကို ဘာကြောင့် Share ကြသလဲ

Read 1597 times
ဘယ်လို Post မျိုးတွေကို ဘာကြောင့် Share ကြသလဲ

Social Media မှာ ကြော်ငြာတဲ့ စရိတ်ကလဲ ပိုပြီး များလာတာကိုတွေ့ရပါတယ်။ တကယ်တော့ ဆိုရှယ်မီဒီယာ သဘောကိုက သူ့အကြောင်း၊ ကိုယ့်အကြောင်း၊ ဗဟုသုတ၊ သတင်း အစရှိသည်ဖြင့် မျှဝေကြတာမျိုး ဖြစ်ပါတယ်။ အခု လူအများစု ဘယ်လို Post မျိုးတွေကို Share ကြသလဲ၊ ဘာကြောင့် Share ကြသလဲ ဆိုတာ ပြောပြပေး မှာဖြစ်ပါတယ်။

အရင်ဆုံး ဘယ်လို Post မျိုးတွေကို Share ကြသလဲ။

၁။ Entertaining

ဖျော်ဖြေမှုပေးတဲ့ Post မျိုး၊ ရယ်ရတာ၊ ခံစားချက်တစ်ခုခု ပေးစွမ်းတာနိုင်တဲ့ Post မျိုး

၂။ Inspiring

စိတ်အားတက်ကြွမှု၊ စိတ်ခွန်အားဖြစ်စေမယ့် Post မျိုး

၃။ Educational

ပညာရပ်တစ်ခုခု၊ အသိပညာတိုးပွားမယ့် Post မျိုး

၎။ Convincing

အကြောင်းအရာတစ်ခုအပေါ် ကိုယ်ထင်မြင်ယူဆချက်ကို တင်ပြတဲ့ Post မျိုးတွေ ဖြစ်ပါတယ်။


နောက်တစ်ခုက ဘာကြောင့် Share ကြသလဲ။ အကြောင်းအရင်းက (၅)ခုရှိပါတယ်။

၁။ တခြားသူကို Content ကောင်းကောင်းလေးတွေ ဖတ်စေချင်တာ။ ရယ်ရတာဘဲ ဖြစ်ဖြစ်၊ စိတ်အားတက်ကြွစေတာဘဲ ဖြစ်ဖြစ်၊ ပညာရပ်တစ်ခု အကြောင်းဘဲဘဲဖြစ်ဖြစ်၊ ကိုယ်ယုံကြည်ထားတဲ့ အတိုင်း ဖြစ်နေတဲ့ ပိုစ့်တွေဘဲ ဖြစ်ဖြစ်၊ တခြားသူတွေကိုလဲ ဖတ်စေချင်လို့ Share တာ။

၂။ ကိုယ့်ကိုကိုယ် ဖော်ပြချင်တာ။ ကိုယ်ဘယ်သူလဲ။ ကိုယ်ကဘယ်လိုလူစားမျိုးလဲ။ ကိုယ်ဘာယုံကြည်လဲ။ စသည်ဖြင့် ကိုယ်ဘယ်လိုလူမျိုးလဲ ဆိုတာကို တခြားသူတွေကို ထင်ဟပ်စေချင်လို့ Share တာ။ ဟာသပိုစ့်တွေ Share တဲ့သူတွေဟာ ပျော်ပျော်နေတတ်တယ်လို့ ထင်စေချင်လို့ ဖြစ်ပါတယ်တဲ့။

၃။ တခြားသူတွေနဲ့ အဆက်အသွယ်ရှိချင်တာ။ အဆက်အသွယ် မပြတ်သွားချင်လို့ Share တာ။

၎။ ကိုယ့်စိတ်ကျေနပ်မှုအတွက် ရှဲတာ။

၅။ ကိုယ်ကြိုက်တဲ့ Brand တစ်ခုကို အားပေးချင်လို့ Share တာပဲ ဖြစ်ပါတယ်။

 

Ref: smarp.com

Myanmar Advertising Directory