Outdoor Advertising

ပုံနှိပ်ကြော်ငြာဒီဇိုင်းအတွက် နည်းဥပဒေသများ

Read 2474 times
ပုံနှိပ်ကြော်ငြာဒီဇိုင်းအတွက် နည်းဥပဒေသများ

ရောင်းချရာတွင် ကြော်ငြာတိုက်ပွဲ မဆင်နွှဲလျှင် ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်နေပါလိမ့်မယ်။

မိမိကုန်ပစ္စည်းကို လူထုကြားထဲ ရောက်ဖို့အတွက် ကြော်ငြာနည်းလမ်းပေါင်းစုံကို အသုံးပြုလာကြပါတယ်။ ဒီအချိန်မှာ ပုံနှိပ်ကြော်ငြာ ကလည်း တစ်ခန်းတစ်ကဏ္ဍ အနေနဲ့ အရေးပါပါတယ်။ ဒါ့ကြောင့် ပုံနှိပ်ကြော်ငြာဒီဇိုင်းနဲ့ ပတ်သက်သည့် နည်းဥပဒေဿများကို ဖော်ပြပေးလိုက်ပါတယ်။

♦ ရှုပ်ယှက်နေသော ဘောင်သုံးခြင်း၊ စာလုံးအမျိုးအစားကွဲ များများသုံးခြင်း၊ အရောင်များ လိုသည်ထက် ပိုသုံးခြင်း မပြုလုပ်ပါနဲ့။

♦ အဖြူအမည်း ကြော်ငြာသုံးပြီး ကြော်ငြာမယ်ဆိုလျှင် စာသားဖြင့်သာ ကြော်ငြာသင့်သည်။ ပုံသုံးမည်ဆိုပါက တစ်ကြောင်းဆွဲပုံကို ဦးစားပေး အသုံးပြုသင့်သည်။

♦ သတင်းစာတွင် ကြော်ငြာမည်ဆိုလျှင် နောက်ကျောမှ ကြော်ငြာနေရာကို ရွေးချယ်ကြော်ငြာသင့်သည်။ သတင်းစာကို နောက်ကျောမှ စတင်ဖတ်သူများသောကြောင့် ကြော်ငြာနေရာကို တန်းရောက်နိုင်သည်။

♦ ရုံးဖွင့်ရက်၌ ထုတ်ဝေသည့် သတင်းစာတွင်ပါသော ကြော်ငြာသည် ရုံးပိတ်ရက်တွင် ကြော်ငြာသော ကြော်ငြာထက်ပိုပျံ့နှံ့နိုင်သည်။

♦ ရောင်စုံ ကြော်ငြာဖြစ်မယ်ဆိုလျှင် မိမိပြောချင်သောစကားလုံးကို သတိပြုမိစေရန် သီးခြားအရောင်ထင်းထင်း ရွေးပေးပါ။ သို့သော် အောက်ခံအရောင်သည် စာဖတ်သူကို စိတ်အနှောက်အယှက် မဖြစ်စေရန် သတိပြုပါ။

♦ သတ်ပုံမှန်ကန်ရန် အထူးဂရုပြုပါ

♦ အကယ်၍ ကြော်ငြာရာ၌ လုပ်ငန်းတည်ရာ လိပ်စာကို အသိပေးရန် လိုအပ်ပါက မှတ်သားရန်လွယ်ကူစေသော ပုံနှိပ်ကြော်ငြာကိုလည်း မေ့မထားသင့်ပါ။

နည်းပညာတိုးတက်လာတဲ့ ဒီနေ့ခေတ်မှာ digital advertising ဘက်ကို ကူးပြောင်းလာနေပေမယ့်လည်း မြန်မာပြည်ရှိလူအားလုံးကို လွှမ်းခြုံမှုတော့ မရှိနိုင်သေးပါဘူး။ ဒါကြောင့် အရွယ်သုံးပါးမရွေး target ထားချင်တယ်ဆိုရင်တော့ print advertising ကိုလက်မလွှတ်လိုက်ပါနဲ့လို့ အကြုံပြုပါရစေ။

ကြော်ငြာလုပ်ငန်းကိစ္စများကို ဆောင်ရွက်ပေးနေသည့် ဆိုင်လိပ်စာများကိုMyanmar Advertising Directory page တွင် အလွယ်တကူ ၀င်ရောက်ရှာဖွေလိုက်ပါ။