Print Advertising

Printing Advertising ဆိုတာဘာလဲ

Read 2443 times
Printing Advertising ဆိုတာဘာလဲ

လူတွေအကုန်လုံးရဲ့ အာရုံကလည်း ပုံမှန်ဆက်သွယ်တဲ့ ပုံစံကနေ digital ပိုင်းကို ပြောင်းလဲလာတဲ့အတွက် Printing ပိုင်းကိုခေတ်ကုန်ပီလို့ ထင်ကြပါတယ်။ သို့သော် supermarket တွေမှာ ရှိတဲ့ magazine တွေ၊ poster တွေ လမ်းမှာ မျက်မှန်းတန်းမိစေတဲ့ အရာတွေကိုကြည့်ရင် Printing ခေတ်က မကုန်သေးဘူးဆိုတာ သင်သတိထားမိမှာဖြစ်ပါတယ်။

Printing Service ဆိုတာဘာလဲ

ကြော်ငြာတစ်ခုကို စာရွက်ပေါ်မှာ သတင်းစာ,မဂ္ဂဇင်း,စာစောင်,လက်ကမ်းစာရွက်တွေ,ဗီနိုင်းပိုစတာတွေ၊ billbordများ၊ စတစ်ကာတွေနဲ့ အခြားအရာတွေပေါ်မှာ စိတ်ဝင်စားစရာ ကောင်းအောင် ပုံဖော်ထားခြင်းဖြစ်ပါတယ်။ Printing Advertising မှာ ပြောက်ကျားကြော်ငြာခင်းနှင့် Out Of Home advertising ဆိုပြီးရှိပါတယ်။

Print Advertising က သက်တမ်းဘယ်လောက်ရှိလဲ ဆိုတာတော့ ခန့်မှန်းဖို့ခက်ပါတယ်။ အစောပိုင်းအီဂျစ်ခေတ်ထဲက printing နဲ့ပတ်သက်ပြီး ဥပမာ များစွာရှိပါတယ်။ ၁၇ရာစုမှစ အင်္ဂလန်နိုင်ငံမှာ သတင်းစာတွေ လက်ကမ်းစာစောင်တွေကဲ့သို့ ကြေငြာခြင်း ပုံစံအမျိုးမျိုးကို တွေ့ရပါတယ်။

Print Advertising ရဲ့အနာဂတ်

Digital Media advertising တွေခေတ်စားလာပြီးတဲ့နောက်ပိုင်း သမာရိုးကျ ပုံမှန်ကြေငြာတာတွေလည်း နည်းလာပါတယ်။ ဒါဟာ Printing Advertising ပိုင်း မှေးမှိန်သွားတယ်လို့ ခံစားရပေမယ့် လုံးဝ ပျောက်ကွယ်သွားတာတော့ မဟုတ်ပါဘူး။ မိမိရဲ့ Brand သို့မဟုတ် Services များအား Vinyl ,Sticker များနဲ့ Merchandising ပြုလုပ်ခြင်းဖြင့် ကြော်ငြာခြင်း ၊ Lightboxes , Billboards များနှင့် လူအများရဲ့ စိတ်ဝင်စားမှုရရှိအောင် လုပ်လို့ရပါတယ်။

Moove Media