Global

ကုန်ပစ္စည်း Post တွေတင်တဲ့အခါ Creators Link ပါ ချိတ်ဆက်နိုင်တော့မယ့် Instagram

Read 2103 times
ကုန်ပစ္စည်း Post တွေတင်တဲ့အခါ Creators Link ပါ ချိတ်ဆက်နိုင်တော့မယ့် Instagram

ဒါကတော့ Instagram မှာ Product Post တွေတင်တဲ့ အခါ Creators Link ကိုပါ ချိတ် ဆက်လို့ ရမှာ ဖြစ်ပါတယ်။ Instagram User တွေအနေနဲ့ ကိုယ်လိုချင်တဲ့ Product ကို Instagram App ထဲမှာပဲစိတ်ကြိုက် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ချက်က ဘာမှမပြောပလောက်တဲ့ ပြောင်းလဲမှုလို့ထင်ရပေမယ့် ဆိုင်သွားဝယ်ဖို့ အခက်အခဲဖြစ်နေတဲ့ User တွေနဲ့ Instagram App ပေါ်မှာပဲ အချိန်ကုန်သက်သာစွာ သေချာဝယ်ယူချင်တဲ့ User တွေအတွက်တော့ သတင်းကောင်းပဲ ဖြစ်ပါတယ်။ Instagram ကို အဓိကသုံးတဲ့ User တွေအတွက်ပြုလုပ်မယ့် ပြောင်းလဲမှုလို့ဆိုရင်လည်း မမှားပါဘူး။

သင့်လုပ်ငန်းကုမ္ပဏီကို နာမည်ပေးမယ်ဆိုရင် ရှောင်ရမယ့်အချက် (၆)ချက်

Instagram Platform ကိုအဓိကထားပြီး Business Run နေတဲ့ လုပ်ငန်းရှင်တွေအတွက်လည်း အကျိုးရှိစေတဲ့ အချက်ပဲဖြစ်ပါတယ်။ မိမိလုပ်ငန်းရဲ့ Product Detail တွေဖြစ်တဲ့ Price, Payment, Shipping Fee တွေကို Link ထဲမှာ သေချာထည့်ထားနိုင်မှာ ဖြစ်တဲ့ အတွက် Customer တွေဘက်ကိုလည်း Product ရဲ့ Details အစုံကိုဖော်ပြပေးနိုင်ရာရောက်တဲ့အပြင် Customer တွေအပေါ်လဲဂရုစိုက်ရာကြပါတယ်။

Instagram ကဒီ Update ကိုသာလုပ်ပေးခဲ့မယ်ဆိုရင် Instagram မှာ Business Run နေတဲ့ လုပ်ငန်းရှင်တွေနဲ့ Instagram အဓိကအသုံးပြု User တွေအတွက် ထိရောက်တဲ့ ကောင်းကျိုးတွေရရှိမယ်လို့ မျှော်လင့်ပါတယ်။ ဒီ In-App ကနေပဲ Product တွေကို ဝယ်ယူနိုင်မယ့် Feature ကိုတော့ “Checkout on Instagram” ဆိုပြီး အမည်ပေးမယ် လို့ သိရှိရပါတယ်။

Source; SEO Myanmar
Myanmar Advertising Directory