Marketing

သင့်ကုန်ပစ္စည်းကို ပရိုမိုရှင်းလုပ်ပြီးကြော်ငာသင့်လား...?

Read 1972 times
သင့်ကုန်ပစ္စည်းကို ပရိုမိုရှင်းလုပ်ပြီးကြော်ငာသင့်လား...?

မိမိကုန်အမှတ်တံဆိပ်ကို လူသိများလာအောင်လား။ အရောင်းပိုတက်ပြီး အမြတ်ပိုထွက်ချင်လို့လား။ သီတင်းကျွတ်မှာ ပရိုမိုးရှင်းတွေလုပ်ကြတယ်။ ဈေးတွေလျှော့ကြတယ်။ Seasonal Promotion လုပ်တယ်။

ဈေးလျှော့ပြီး ပရိုမိုးရှင်းပေးတာ အမြဲတမ်းနည်းလမ်းကောင်းတော့မဟုတ်ဘူး။ ဈေးအရမ်းလျှော့လိုက်တာဟာ ပရိုမိုးရှင်းရည်ရွယ်ချက်နဲ့ ကိုက်ညီရဲ့လားပြန်စဉ်းစားရပါမယ်။

မိမိထုတ်ကုန်တံဆိပ်ကို လူသိများအောင် လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ Promotion လုပ်တယ်ဆိုရင်..

Media တွေသုံးရတော့မယ်။ Channel တွေ ရွေးချယ်ရတော့မယ်။ ကိုယ့်ထုတ်ကုန်ရဲ့ သတင်းအချက်တွေကို ဖြန့်ဝေဖို့ ရုပ်သံလိုင်းမှာ ကြော်ငြာတာတွေ၊ ရေဒီယိုမှာ ကြော်ငြာတာတွေ၊ ဒါ့အပြင် သတင်းစာမှာထည့်ခြင်းစသဖြင့် သုံးရတော့မယ်။ အခုနောက်ပိုင်း ကျော်ကြားလာတာ Digital Marketing.. Hot Media ကနေ ကြော်ငြာခြင်းတွေ ဒါတွေလည်း လုပ်လာရတယ်။ Channel ရွေးချယ်ပြီး promotion လုပ်ဖို့ဟာဘယ်ကို Target ထားသလဲ စဉ်းစားရမယ်။ ဒီအချက်က အရေးကြီးဆုံး အချက်ပါပဲ။ Hot Media က လူတိုင်းသုံးတယ် ဒီကဘဲကြော်ငြာမယ်။ Facebook Page ထောင်မယ် လုပ်လို့ရတယ်။ ဒါပေမယ့် Online တစ်ခုတည်း Promotion လုပ်လို့ လုံလောက်မလား။ ဒါမှမဟုတ် Online နဲ့ Offline ချိတ်ဆက်မလား အစီအစဉ်ဆွဲရပါမယ်။

Promotion အောင်မြင်မှုရှိမရှိ ဘယ်လိုသိနိုင်မလဲ...

Promotion ကို အားစိုက်လုပ်လိုက်တယ်။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ဘာကြည့်ပြောမလဲ။ ကိုယ်သွားချင်တဲ့ Target ကို ရောက်ခဲ့ရဲ့လား သိချင်တယ်။ Marketing ကြောင့် ကုန်ကျသွားတဲ့စရိတ်တွေနဲ့ ပြန်ရတာဟာ ကာမိလားသိချင်မယ်။ ကိုယ့်လုပ်ငန်းရဲ့ ပရိုမိုးရှင်းဟာ ပြိုင်ဘက်တွေထက် သာလွန်ခဲ့လား သိချင်မယ်။ ဒါဆိုရင်တော့ MROI – Marketing Return on Investment ကို တွက်ချက်မှ အဖြေထွက်လာမှာပါ။

Read More>>>ဘေဘုတ်ကြော်ငြာတွေရဲ့ထိရောက်မှုကို ဘယ်လိုတိုင်းတာမလဲ

Credit; Efectivee