Rules & Regulations

QR Pass အစီအစဉ်တွင် မှတ်ပုံတင်ခြင်းအား ယနေ့စတင် ရပ်ဆိုင်းမည်

Read 1460 times
QR Pass အစီအစဉ်တွင် မှတ်ပုံတင်ခြင်းအား ယနေ့စတင် ရပ်ဆိုင်းမည်

အထောက်အထားအဖြစ် ပြနိုင်မည့် QR Pass အစီအစဉ်ကို Online မှ အလွယ်တကူ မှတ်ပုံတင်နိုင်ရန် ရည်ရွယ်ပြီး စက်တင်ဘာလ (၂၅) ရက်နေ့ နံနက်တွင် စတင်ခဲ့ပါသည်။

 

ခွင့်ပြုထားသောလုပ်ငန်းများနှင့် အကျုံးဝင်ခြင်းမရှိသော စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ၊ လုပ်ငန်းများမှ အလုပ်သမားများ လုပ်ခလစာ ပေးနိုင်ရေးအတွက်လည်း လိုအပ်သည့် တွက်ချက်မှုများ ပြင်ဆင် ဆောင်ရွက်နိုင်ရန် Payroll Processing QR Pass အစီအစဉ်ကို အောက်တိုဘာလ (၄)ရက်နေ့တွင် ထပ်မံ၍ ဝန်ဆောင်မှုပေးခဲ့ပါသည်။

 

၂။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အောက်တိုဘာလ (၁၀) ရက်နေ့ အမိန့်ထုတ်ပြန်ချက် ၁၂၄/ ၂၀၂၀ အရ COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်ပတ်သက်၍ အဆင့် A ရရှိအောင် ပြင်ဆင်ထားရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကုန်ကြမ်းယူ၊ ကုန်ချောပေးဆောင်ရွက်သော လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများ၊ အသေးစား၊ အလတ်စားလုပ်ငန်းများသည် ၁၂-၁၀-၂၀၂၀ ရက်နေ့မှစတင်၍ ပြန်လည်လည်ပတ်ခွင့်

 

ရရှိမည်ဖြစ်ပါသည်။ ထိုအမိန့်ကြေညာချက်အရ ယခင် ခွင့်မပြုထားသော လုပ်ငန်းအများစုသည် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက လည်ပတ်ခွင့်ရရှိတော့မည်ဖြစ်ပါသည်။

 

၃။ အဆိုပါအခြေအနေအရ လက်ရှိ QR Pass စနစ်တွင်

 

လုပ်ငန်းများ အသစ်ထပ်မံမှတ်ပုံတင်ခြင်းကို ရပ်ဆိုင်းမည်ဖြစ်ပါသည်။ သို့ရာတွင် QR Pass လက်ဝယ်ရှိထားပြီးသူများအနေဖြင့် မြို့နယ်ဖြတ်ကျော်သွားလာရာတွင်

 

ဆက်လက်အသုံးပြုနိုင်ပါသည်။

 

၄။ Stay at Home ကာလအတွင်း ဖွင့်လှစ်ခွင့်ရရှိသည့် စက်ရုံ၊အလုပ်ရုံများ၊ကုမ္ပဏီများ၊လုပ်ငန်းများ အားလုံးအတွက် အကျုံးဝင်သော လုပ်ငန်းခွင်သွားလာရာတွင် အသုံးပြုနိုင်မည့်

 

စနစ်တစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ မကြာမီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)