Local

လက်လီအရောင်းဆိုင်တွေမှာ QR Scan နဲ့ငွေပေးချေနိုင်မယ့်စနစ် အကောင်အထည်ဖော်

Read 3154 times
လက်လီအရောင်းဆိုင်တွေမှာ QR Scan နဲ့ငွေပေးချေနိုင်မယ့်စနစ် အကောင်အထည်ဖော်

ငွေပေးချေမှု ၀န်ဆောင်မှုတစ်ခုချင်းစီအရ QR ကုတ် များ ထုတ်လုပ်ပြီး လက်လီဆိုင်တွေမှာ ထားမယ်ဆိုရင် ရှုပ်ထွေးမှုရှိနိုင်မှာဖြစ်လို့ တစ်ခုတည်းသော QR ကုတ်နဲ့သာ ၀န်ဆောင်မှုမျိုးစုံ ငွေပေးချေနိုင်တဲ့စနစ်ကို အကောင်အထည်ဖော်ရန် စင်ကာပူနည်းပညာကုမ္ပဏီနဲ့ ပူးပေါင်းခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

‘‘အဓိကရည်ရွယ်ချက်က ဘဏ်တွေက ၃၀ လောက်ရှိတယ်။ Mobile Wallet တွေဆိုလည်း ငါးခုလောက်ရှိတယ်။ နောက်ပိုင်းလည်း အများကြီးလာမှာ။ တစ်ခုကိုတစ်ခုက QR တွေ သွားကပ်နေမယ်ဆိုရင် ဆိုင်တွေမှာ ရှုပ်နေ လိမ့်မယ်။ အဲဒီလိုမဖြစ်အောင် QR တစ်ခုတည်းနဲ့ Player တွေ အကုန်လုံး ဖတ်လို့ရမယ်စနစ်မျိုး ကို စတင်အကောင်အထည် ဖော်ဖို့လုပ်တာ’’ဟု ဦးဇော်လင်းထွဋ် က ပြောသည်။

အရောင်းအဝယ်သမားတွေ လေ့လာထားသင့်တဲ့ နည်းဗျူဟာ (၇)ချက်

အဲဒီ ကုမ္ပဏီနှစ်ခုကြား QR Scan ဝန်ဆောင်မှုအတွက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် ဧပြီ ၂၆ ရက်တွင် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ငွေပေးချေ QR ကုတ်စနစ်ထုတ်ပေးရေး သဘောတူညီခဲ့တဲ့ Electronic Transfer Singapore ကုမ္ပဏီဟာ လာမည့်ခြောက်လအတွင်း ၀န်ဆောင်မှုစတင်ရန် အသင့်အနေအထား ရောက်မယ်လို့ ထုတ်ပြန်ထေားသော်လည်း Cross Payment (၀န်ဆောင်မှုအချင်းချင်း ငွေပြန်လည်ပေးချေ) အတွက်QR စနစ်ဖြင့် ငွေပေးချေရန် အချိန်ထပ်မံကြာမြင့်နိုင်တယ်လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။

လက်ရှိတွင် လက်လီအရောင်းဆိုင်များမှာ ကတ်စနစ်ဖြင့် ငွေပေးချေခြင်းလက်ခံဆောင်ရွက်နေပါတယ်။ အဲဒီကတ်စနစ်အသုံးပြုတဲ့ အရောင်းဆိုင်ဟာ Point Of Sale (POS) စက်များကို ပိုင်ဆိုင်ထားရပါတယ်။ ‘‘အခုက ဆိုင်ရှင်တွေမှာ ဖုန်းရှိတယ်။ သုံးတဲ့လူကလည်း ကတ်ရှိစရာ မလိုဘူး။ မိုဘိုင်းဖုန်း နဲ့ Scan ဖတ်ပြီးသုံးလို့ ရလာမယ်’’ လို့ ဦးဇော်လင်းထွဋ်က ပြောပါတယ်။ မြန်မာနိုင်ငံတွင် Myanmar Payment Union (MPU) ကတ် ပေါင်း ၆ ဒသမ ၅ သန်းခန့် အသုံးပြုနေပါတယ်။

Myanmar Advertising Directory