Customer

ကမ္ဘာကျော်ခေါင်းဆောင်များမေးလေ့မေးထရှိသည့် မေးခွန်းအချို့

Read 6325 times
ကမ္ဘာကျော်ခေါင်းဆောင်များမေးလေ့မေးထရှိသည့် မေးခွန်းအချို့

တစ်ခါတစ်ရံမှာ အကောင်းမွန်ဆုံးမေးခွန်းမေးခြင်းဟာ သူတို့အတွက် သင်ယူစရာအကောင်းဆုံးလုပ်ရပ်ဟု ခံယူထားသူတွေဆိုလည်း မမှားပါဘူး။ မိမိတို့ရဲ့ ဗဟုသုတကို တိုးချဲ့နိုင်ရုံသာမက မိမိနှင့် တွဲဖက်လုပ်ကိုင်နေရသည့် သူတွေကိုပါ ပိုမိုစိတ်ပါဝင်စားရန် ဆွဲဆောင်နိုင်ပါတယ်။ ယနေ့မှာတော့ Myanmar Advertising Directory မှ ကမ္ဘာကျော်ခေါင်းဆောင်များ မေးလေ့မေးထရှိသည့် မေးခွန်း ၅ မျိုးကို တင်ဆက်ပေးလိုက်ပါတယ်။

၁။ ယခုကိစ္စအတွက် ပိုမိုရိုးရှင်းတဲ့နည်းလမ်းရှိပါသလား။

လူတော်တော်များများက ပြဿနာကြီးကြီးမားမား (သို့) ကိစ္စရပ်ကြီးတစ်ခုကို တာဝန်ယူလုပ်ကိုင်ရပါက စိတ်လှုပ်ရှားမှုတော့ အနည်းအများရှိတတ်ကြပါတယ်။ အဲလိုအချိန်မျိုးမှာဆို ဆုံးဖြတ်ချက်ေ၀၀ါးခြင်း၊ လုပ်ကိုင်မှုနည်းလမ်းမမှန်ကန်ခြင်းအစရှိသည့် ပုံစံမျိုးကြုံတွေ့ရတတ်ပါတယ်။ ထိုအချိန်မျိုးတွင် ခေါင်းဆောင်ကောင်းအနေနှင့် ရှေ့တွင် မားမားမတ်မတ်ရပ်တည်ကာ မိမိဝန်ထမ်းများကို အမြင်ပွင့်လင်း လာအောင် ပိုမိုရိုးရှင်းသည့် နည်းလမ်းများကို စဉ်းစားရန် မေးခွန်းမေးခြင်းအားဖြင့် လမ်းပြနိုင်ပါတယ်။

၂။ ယခုပြဿနာရဲ့ဖြေရှင်းချက်ကို ပြောပြပါ။

ပြဿနာတစ်ခုက တက်နေပြီး ထိုပြဿနာကို ဖြေရှင်းရန် နည်းလမ်းမျိုးစုံလည်း ပြုလုပ်ပြီးပြီ။ ဒါပေမယ့် ပြဿနာက မပြေလည်သေးရင်တော့ ခေါင်းဆောင်တစ်ဦးအနေနှင့် ပြဿနာကို ဘယ်လိုဖြေရှင်းလည်းဆိုတာကို ပြန်လည်မေးရန် လိုအပ်လာပါပြီ။ ထိုသို့ အထက်လူကြီးတစ်ဦးအနေနှင့် မေးလိုက်ခြင်းက ၀န်ထမ်းများ မိမိတို့ပြုလုပ်ချက်လုပ်ဆောင်များကို ပြန်လည်စဉ်းစားကာ ပိုမိုကောင်းမွန်တဲ့ ဖြေရှင်းနည်းများကို တွေ့ရှိရန် တွန်းအားပေးနိုင်ပါတယ်။

၃။ ယခုကိစ္စက Urgent လား Important လား?

စီးပွားရေးတစ်ခုကို လုပ်ဆောင်နေတာပဲဖြစ်ဖြစ် ရိုးရိုးကိစ္စတစ်ခုကို ဆောင်ရွက်နေတာပဲဖြစ်ဖြစ် Urgent   Task ချက်ချင်းလုပ်ရမည့်ကိစ္စနဲ့ Important Task အရေးကြီးဆောင်ရွက်ရမည့်ကိစ္စဆိုပြီး နှစ်မျိုးရှိပါတယ်။ အဲလိုအချိန်မျိုးမှာ ဦးဆောင်သူတစ်ယောက်အနေနဲ့ လက်အောက်ငယ်သားများ အချိန်ကို ဘယ်လိုအသုံးချသင့်သလဲဆိုတာကို လမ်းပြပေးဖို့ လိုပါတယ်။ ထို့ကြောင့် ခေါင်းဆောင်တစ်ဦးအနေနှင့် အလုပ်ကိစ္စက Urgent လား Important လားမေးခြင်းက ၀န်ထမ်းများ အချိန်ကို ပိုမိုတိကျစွာ အသုံးချနိုင်ရန် အထောက်အကူပေးပါတယ်။

Source: Inc. Southeast Asia