Tips

စီးပွားရေးအမြင်ကျယ်မှုနဲ့ ပတ်သက်ပြီး မှော်ဆရာ၊ နိမိတ်ဟော ဆရာ လို့ဆိုသူရဲ့ အထင်ကရ စကားများ

Read 8792 times
စီးပွားရေးအမြင်ကျယ်မှုနဲ့ ပတ်သက်ပြီး မှော်ဆရာ၊ နိမိတ်ဟော ဆရာ လို့ဆိုသူရဲ့ အထင်ကရ စကားများ

ကမ္ဘာ့အချမ်းသာဆုံး မှတ်တမ်းမှာတော့ သူဟာအမေရိကန် ဒေါ်လာ ၉၁ ဒသမ ၆ ဘီလီယံ ချမ်းသာတယ်လို့ ဆိုထားတဲ့။

အချမ်းသာဆုံး အဆင့်အရတော့ ကမ္ဘာနဲ့ အမေရိကန်မှာ တတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တယ်။

ငွေရေးကြေးရေး၊ ရင်းနှီး မြုပ်နှံမှု၊ စီးပွားရေးအမြင်ကျယ်မှုနဲ့ ပတ်သက်ပြီး မှော်ဆရာ၊ နိမိတ်ဟော ဆရာ၊ ပညာရှိလို့ အမွှန်းတင် ခံရတဲ့ သူဟာ တစ်နေ့ကို ဒေါ်လာတစ်သိန်းနှုန်း သုံးသွားရင်တောင် နှစ်ပေါင်း နှစ်ရာလောက် သုံးရတဲ့အထိ များပြားလှတဲ့ ငွေကြေး ပမာဏကို ပိုင်ဆိုင်ပေမဲ့ အလွန်အသုံးအစွဲ နည်းတယ်လို့ ထင်ရှားပါတယ်။

လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကအိမ်ဟောင်းမှာပဲနေ၊ ကားဟောင်းကိုပဲမောင်းနေဆဲလို့ ဆိုပါတယ်။ သူ့ရဲ့ ထင်ရှားတဲ့ အဆိုအမိန့်တချို့ကို ဖော်ပြပေးချင်ပါတယ်။

ဝင်ငွေနဲ့ပတ်သက်ပြီးတော့- “ဘယ်တော့မှ ငွေဝင်လမ်းတစ်ခုကိုပဲ အသေအားကိုးမနေနဲ့။ တခြားဝင်ငွေ၊ ရပေါက်ရလမ်းတွေရှိအောင် သင့်ရာသင့်ရာတွေမှာ ငွေကြေးရင်းနှီး မြုပ်နှံထား”

သုံးစွဲပုံနဲ့ပတ်သက်ပြီးတော့- “မလိုအပ်တဲ့ပစ္စည်းတွေ လျှောက်ဝယ်နေရင်၊ မကြာခင်မှာ လိုအပ်တဲ့ ပစ္စည်းတွေ ရောင်းချရတဲ့ကိန်း ဆိုက်လိမ့်မယ်”

ငွေကြေးစုဆောင်းမှုနဲ့ပတ်သက်ပြီးတော့- “သုံးစွဲပြီး ကျန်တာကို မစုဆောင်းပါနဲ့၊ စုဆောင်းပြီး ကျန်တာကို သုံးစွဲပါ”

စွန့်စားတာနဲ့ပတ်သက်ပြီးတော့- “ရေနက်မနက်ကို ခြေနှစ်ဖက်စလုံးနဲ့ ဘယ်တော့မှမစမ်းပါနဲ့”

ရင်းနှီးမြုပ်နှံ့မှုနဲ့ ပတ်သက်ပြီးတော့- “ကြက်ဥတွေအားလုံး၊ ခြင်းတောင်းတစ်ခုထဲပဲ စုပြုံမထည့်ပါနဲ့”

မျှော်လင့်ခြင်းနဲ့ ပတ်သက်ပြီးတော့- “ရိုးသားခြင်းဆိုတာ အင်မတန်တန်ဖိုးကြီးတဲ့ လက်ဆောင်မွန်ပဲ ။ အပေါစား လူတွေဆီက အဲဒီလက်ဆောင်မွန်ကို မမျှော်လင့်နဲ့”

နောက်ပြီးသူပြောလေ့ရှိတဲ့ မှတ်သားစရာ စကားတစ်ခွန်းကတော့-

 "အတိတ်ဆိုတာ စက္ကူစုတ်၊ ပစ္စုပ္ပန်ဆိုတာ သတင်းစာ၊ အနာဂတ် ဆိုတာကတော့ အမေးလွှာ ။

အတိတ်က စွန့်ခွာထွက်ခဲ့ပြီး ပစ္စုပ္ပန်ကိုထိန်းချုပ်၊ အနာဂတ်ကို လုံခြုံအောင်လုပ်” ပါတဲ့။

Read-၂၁ရာစုတွင် သင့်မှာရှိသင့်တဲ့ အရည်အချင်း (၃)ခု

Source; Myanmar B2B Management Magazine