သူတို့ရဲ့ လုပ်ငန်းဆောင်တာ ကိစ္စအဝဝကို ဆောင်ရွက်တဲ့အခါ စာဖတ်ခြင်းကနေ သိတဲ့ အရာတွေကို လက်တွေ့မှာ ပြန်လည်အသုံးချကြပါတယ်။
ဟုတ်ပြီဒီနာမည်ကျော်တွေ ဘယ်လိုစာဖတ်ကြသလဲ၊ ဘယ်လောက်စာဖတ်ကြသလဲ လေ့လာကြည့်ရအောင်။
Warren Buffett ဟာ တစ်နေ့ကို ငါးနာရီကနေ ခြောက်နာရီထိ စာဖတ်ပါတယ်။
သတင်းစာ ငါးစောင်နဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ အစီရင်ခံစာပေါင်း စာမျက်နှာ ၅၀၀ ဖတ်ပါတယ်။
( စတော့ရင်းနှီးမြှုပ်နှံမှု ဘုရင်ကြီးတစ်ပါးဖြစ်တဲ့ အသက် ၈၀ ကျော် ဒီဆရာကြီးက ဒေါ်လာ ဘီလျံ ၆၀ ကျော်ချမ်းသာပါတယ်။)
Bill Gates က တစ်နှစ်ကို စာအုပ်ငါးဆယ်ဖတ်ပါတယ်။
( ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နှစ်စဉ်လိုလို အဆင့် ၁ နဲ့ ၂ ကို တက်လိုက်ဆင်းလိုက်လုပ်နေတဲ့ ဒီဆရာကြီးကတော့ ဒေါ်လာ ဘီလျံ ၈၀ လောက်ချမ်းသာပါတယ် )
Mark Zuckerberg က နှစ်ပတ်အတွင်း အနည်းဆုံး စာအုပ် တစ်အုပ်ဖတ်ဖြစ်အောင် ဖတ်ပါသတဲ့။
(သူ့ကိုတော့အထူးမိတ်ဆက်စရာလိုမယ်မထင်ပါဘူး။ သူရဲ့ ကြွယ်ဝမှုက ဒေါ်လာ ဘီလျံ ၄၀ နီးပါးရှိပါတယ် )
Elon Musk ကတော့ သူ့အကိုရဲ့ ပြောပြချက်အရ တစ်နေ့ကို စာအုပ်နှစ်အုပ်ဖတ်ပြီး ကြီးပြင်းလာတယ်လို့ ဆိုပါတယ်။
(သူကတော့ တောင်အာဖရိကမှာမွေးတဲ့ အမေရိကန်-ကနေဒါ လူမျိုး အင်ဂျင်နီယာ၊ ဗိသုကာ၊ တီထွင်ဖန်တီးသူတစ်ယောက်ပါ။သူရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၁၂.၃ ဘီလျံရှိပါတယ်)
Mark Cuban ကတစ်နေ့ကို သုံးနာရီကျော် စာဖတ်ပါတယ်။
( သူကလဲ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ပါပဲ။
သူက အမေရိကန် ဘတ်စကတ်ဘောအသင်း Dallas Mavericks၊ Landmark Theatres နဲ့ Magnolia Pictures တို့ရဲ့ ပိုင်ရှင်ဖြစ်ပါတယ်၊
သူ့ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၃ ဘီလျံဖြစ်ပါတယ် )
Home Depot ရဲ့ ပူးတွဲတည်ထောင်သူ Arthur Blank ကတော့ တစ်နေ့နှစ်နာရီဖတ်ပါတယ်။ (သူကဒေါ်လာ ၂.၇ ဘီလျံချမ်းသားပါတယ်)
စွန့်ဦးစီးပွားရှင် ဘီလျံနာ David Rubenstein က တစ်ပတ်ကို စာအုပ်ခြောက်အုပ်ဖတ်ပါတယ်။
(အသက်ခြောက်ဆယ်ကျော်ပြီဖြစ်တဲ့ သူဟာ ဒေါ်လာ ၂.၅ ဘီလျံချမ်းသာပါတယ်။)
Cleveland Cavaliers ရဲ့ပိုင်ရှင် ကိုယ့်ဒူးကိုယ်ချွန် ဘီလျံနာ Dan Gilbert ကတော့ တစ်နေ့မှာ တစ်နာရီကနေ နှစ်နာရီလောက်ထိ စာဖတ်ပါတယ်။
(သူက ဒေါ်လာ ၅.၅ ဘီလျံချမ်းသာပါတယ်။)
ဒေါ်လာ သုံးဘီလျံကျော် ချမ်းသာတဲ့ အစီစဉ်တင်ဆက်သူ၊ ရုပ်ရှင်မင်းသမီး၊ ထုတ်လုပ်သူဖြစ်တဲ့ Oprah Winfrey ကတော့ သူ့ရဲ့ အောင်မြင်မှုအများစုဟာ စာအုပ်တွေကြောင့်လို့ ပြောပါတယ်။
“စာအုပ်တွေက ကျွန်မရဲ့ ပုဂ္ဂလိက လွတ်မြောက်မှုအတွက် ကျော်ဖြတ်ရာတွေပါ” လို့ စာဖတ်တဲ့အလေ့အထကို သူ့ရဲ့ စာဖတ်အသင်းကနေတဆင့် တစ်ကမ္ဘာလုံးကို ပြန်လည်ဝေမျှပေးခဲ့တာပါ။
စာဖတ်ခြင်းဟာ မိမိဘဝတက်လမ်းအတွက် အင်မတန်ထိရောက်တဲ့ အထောက်အပံ့တွေကို ရစေပါတယ်။
စီးပွားရှင် ပရိသတ်တွေလဲ မိမိရည်မှန်းထားတဲ့ ပန်းတိုင်များကို တက်လှမ်းတဲ့အခါ စာဖတ်ခြင်းဖြင့် ထိရောက်လွယ်ကူ မှန်ကန်စွာဖြင့် အောင်မြင်သော စီးပွားရှင်များ အဖြစ်ပုံဖော်နိုင်ကြပါစေ။
ကဲ သူငယ်ချင်းတို့လဲ စာဖတ်ကြတော့နော်...။
Recommended for you-သင့်ဘဝကို တိုးတက် ပြောင်းလဲစေမည့်အရာ(၇)ခု
Source : Inc 5000