စာဖတ်မှသာ သူများထက် ခေါင်းတစ်လုံးသာပါမယ်။ ကျောင်းသင်ခန်းစာတွေ ဆုံးခန်းတိုင်သင်ပြီးလည်း စာမဖတ်၊ အပြင်ဗဟုသုတမရှိတဲ့သူဟာ တစ်ပန်းရှုံးပါတယ်။
စာအုပ်တွေကပဲ လူတွေကိုပြောင်းလဲစေပါတယ်။ ခက်ခဲနေတဲ့ကိစ္စတွေကို ဖြေရှင်းဖို့ စာအုပ်မှာ နည်းလမ်းရှိပါတယ်။ လူတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ဖို့ စာအုပ်ကပဲ လမ်းပြပေးပါတယ်။ ကိုယ့်ဘဝရဲ့အနာဂတ် ရည်မှန်းချက်ကို ဘယ်တော့မှ လက်မလျော့လိုက်ဖို့ စာအုပ်ကပဲ တွန်းအားပေးပါတယ်။
စမတ်ဖုန်းတွေကို လစ်လျုရှုနိုင်ဖို့က အခုဆို ခက်ခဲလာပါပြီ။ အားတာနဲ့ ဖုန်းပဲတန်းကိုင်ချင်ကြတော့တာပါပဲ။ မသုံးနဲ့ မပြောလိုပါဘူး။ သူ့အချိန်နဲ့ သူ အကန့်ခွဲထားရင် သင့်အတွက် ပိုအကျိုးဖြစ်စေမှာပါ။ အချိန်တွေဆိုတာ ပြန်မရနိုင်ဘူးလေ။ ဒါကြောင့် ငယ်တုန်းရွယ်တုန်းမှာ လုပ်လို့ရသမျှ အကုန်လုပ်ပါ။
စာများများ ဖတ် ၊ များများ တွေးပြီး အကြောင်းရာတစ်ခုကို ဦးတည်ပြီး စကားဝိုင်းဆွေးနွေးပါ။ ဒါမှမဟုတ် စာပေဟောပြောပွဲတွေ နားထောင်တာဖြစ်ဖြစ်ပေါ့။ ကိုယ့်အတွက်အကျိုးရှိတာလုပ်ရင်းပဲ အချိန်ကုန်ဆုံးပါတော့။ ကြီးမှ နောင်တမရချင်ရင်ပေါ့။
စာဖတ်တဲ့သူဟာ ပိုပျော်ရွှင်တဲ့လူတွေဖြစ်သလို စမတ်သိပ်ကျပါတယ်။ အတွေးမြင်ကောင်းတွေ တိုးပွားတယ်။ စကားလှလှလေးတွေ သုံးတတ်လာတယ်။ ပြဿနာတစ်ခုကို တွေဝေမနေပဲ ကောင်းကောင်းဖြေရှင်းတတ်လာပါတယ်။ ဒါဟာ စာဖတ်ခြင်းရဲ့အကျိုးကျေးဇူးတွေပါ။ သူများထက် ခေါင်းတစ်လုံးသာချင်ရင် သူများအကြောင်းတွေးတာလေး နည်းနည်းလျော့ စာများများသာဖတ်ပါ။
Credit;Trend.com.mm