Life Hacks

၂ဝ၁၈ခုနှစ်မှာ ဘာကြောင့် လစာမတိုးခဲ့တာလဲ

Read 185 times
၂ဝ၁၈ခုနှစ်မှာ ဘာကြောင့် လစာမတိုးခဲ့တာလဲ

 

တချို့ တွေကျတော့ တစ်နှစ်သာ ကုန်သွားတယ် လစာက ဒုံရင်းအတိုင်းပဲ ရှိသေးတာပါ။ နောက်မှ ပေါက်တဲ့ ရွှေကြာတွေက ရာထူးတွေ လစာတွေ တိုးသွားပေမယ့် စီနီယာဖြစ်တဲ့ ကိုယ်တွေက ဘာကြောင့် မတိုးသေးတာလဲ။ ၂ဝ၁၈ခုနှစ်မှာ ဘာကြောင့် လစာမတိုးခဲ့တာလဲဆိုတဲ့ မေးခွန်းကို အဖြေရှာကြည့်ရအောင်။

 

 

() စွမ်းဆောင်ရည်မကောင်းသေးလို့

 

ဝန်ထမ်းတစ်ယောက်ရဲ့လစာကို အလုပ်ရှင်တွေက စွမ်းဆောင်ရည်ကို အကဲဖြတ်ပြီး ပေးကြတာပါ။ ကိုယ့်လုပ်ရည်ကိုင်ရည်က သာမန်အတိုင်းပဲ ဖြစ်နေလို့ ဒါမှမဟုတ်ရင်လည်း ထူးထူးကဲကဲ မစွမ်းဆောင်ခဲ့သေးလို့ပါ။ ပြီးတော့ ကိုယ်အလုပ်ကြိုးစားတာကို အထက်လူကြီးက မသိသေးလို့လည်း ဖြစ်နိုင်ပါတယ်။ ၂ဝ၁၉ခုနှစ်မှာ ရုံးချိန်မှန်မှန်နဲ့ အကောင်းဆုံးကြိုးစားမယ်ဆိုရင်တော့ လစာတိုးလာမှာပါ။

 

 

() ကံမကောင်းသေးလို့

 

အထက်လူကြီးက ကိုယ့်ကို လစာတိုးပေးချင်ပေမယ့် ကုမ္ပဏီဘက်ဂျက်က အားနည်းနေမယ်ဆိုရင် မတိုးနိုင်ပါဘူး။ ကိုယ့်စွမ်းဆောင်ရည်လည်း ကောင်းဦးမှ၊ ကုမ္ပဏီရဲ့ အခြေအနေကလည်း ကောင်းဦးမှ လစာတိုးမှာပါ။ ၂ဝ၁၉ခုနှစ်မှာ ကုသိုလ်ကံကောင်းစေဖို့သာ ဆုတောင်းထားပေတော့။

 

 

() အထက်လူကြီးနဲ့ အဆင်မပြေသေးလို့

 

ကိုယ်ဘယ်လောက်ပဲ အလုပ်ကြိုးစားနေပါစေ၊ စွမ်းဆောင်ရည်ကောင်းနေပါစေ အထက်လူကြီးက ကိုယ့်ကို အမြင်မကြည်ဘူးဆိုရင် အဆင်မပြေဘူး။ အထက်လူကြီးနဲ့လည်း အဆင်ပြေအောင် ပေါင်းပါလေ။ သူ့စိတ်သဘောထားကို မကြိုက်ဘူးဆိုရင်တောင် လုပ်ငန်းခွင်မှာ အဆင်ပြေမှ ကောင်းမှာဆိုတော့ ‘မချစ်သော်လည်း အောင့်ကာနမ်း’ ပေါ့။

 

 

() ကြိုးစားမှုက မပေါ်လွင်သေးလို့

 

အထက်လူကြီးနဲ့လည်း အဆင်ပြေတယ်၊ အလုပ်လည်း ကြိုးစားပေမယ့် လစာမတိုးသေးတာက ကိုယ့်ကြိုးစားမှုက မပေါ်လွင်သေးလို့ပါ။ မနက်ခင်း ရုံးအစောကြီးလာတာကို ဒါမှမဟုတ် ရုံးနောက်ကျမှ ပြန်တာကို အထက်လူကြီး သိပါစေ။ ပြီးတော့လည်း လုပ်ငန်းတွင်းအစည်းအဝေးတွေမှာ တက်တက်ကြွကြွပါဝင်ဆွေးနွေးပါ။

 

 

() သစ်ပင်ချည်းပဲ ခုတ်နေလို့

 

စားဝတ်နေရေးအတွက် အလုပ်လုပ်နေရပေမယ့်လည်း ကိုယ့်အတွက် ပညာရပ်အသစ်အဆန်းတွေ လေ့လာထားရမယ်ဗျ။ Career နဲ့သက်ဆိုင်တဲ့ ပညာရပ်တွေကို အမြဲမပြတ်လေ့လာထားမှ တော်ကာကျမှာဗျ။ အဲဒီလိုမှ မဟုတ်ရင်တော့ သစ်ပင်ပဲ ခုတ်နေတယ်၊ ပုဆိန်သွေးဖို့ မေ့နေတဲ့ သစ်ခုတ်သမားလို ခုတ်နိုင်တဲ့သစ်ပင်တွေ တဖြည်းဖြည်း နည်းလာမှာပဲ။ အဲဒီတော့ သစ်ပင်လည်း ခုတ်၊ ပုဆိန်လည်း သွေး။ ၂ဝ၁၉ခုနှစ်မှာ ဝန်ထမ်းတွေအားလုံး ရာထူးတွေ လစာတွေ တိုးကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

 

 

Credit;Akhayar