Events & Exhibitions

ဈေးကွက်ဦးဆောင်မှုနဲ့ပတ်သက်ပြီး ဟောပြောဆွေးနွေးမယ့် Leading The Market

Read 2326 times
ဈေးကွက်ဦးဆောင်မှုနဲ့ပတ်သက်ပြီး ဟောပြောဆွေးနွေးမယ့် Leading The Market

ဒါကြောင့် သင့်ရဲ့ဈေးကွက်ကိုဦးဆောင်နေသူရှိနေမှသာ သူများတွေထက်ခြေတစ်လှမ်းမနောက်ကျဘဲ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဈေးကွက်ထဲမှာ ရေရှည်ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

သင့်အနေနဲ့ဈေးကွက်နောက်ကိုလိုက်မနေဘဲ ဈေးကွက်ကိုဦးဆောင်နိုင်ဖို့ဆိုတာ စိတ်ကူးအိပ်မက်တစ်ခုလို့ ထင်ကောင်းထင်နေပါလိမ့်မယ်။ ဒါဆိုရင် လက်တွေ့အကောင်အထည်ဖော်ဖို့အတွက်ဘာတွေလိုအပ်လဲ။ ဒီအတွက်လိုအပ်တဲ့ ကျွမ်းကျင်မှု၊ အသိပညာနဲ့အတွေ့အကြုံတွေများစွာပြည့်စုံနေဖို့အတွက် Leading The Market ဆိုတဲ့ ဆွေးနွေးပွဲလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီစကားဝိုင်းမှာ ဈေးကွက်ဦးဆောင်မှုနဲ့ပတ်သက်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီကြီးတွေက Management Level ပုဂ္ဂိုလ်တွေက သူတို့ရဲ့ အတွေ့အကြုံ၊ဗဟုသုတတွေ၊ အသိပညာတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံးအွန်လိုင်းမီဒီယာဖြစ်တဲ့ Duwun မှစီစဉ်ကျင်းပမယ့် Duwun Talk - Leading The Market စကားဝိုင်းဆွေးနွေးပွဲပါပဲ။

ဈေးကွက်နောက်မလိုက်ဘဲ ဈေးကွက်ကိုဦးဆောင်လိုသူတွေအတွက် Duwun ကစီစဉ်ကျင်းပမယ့် Leading The Market စကားဝိုင်းကို လာမယ့် ဇူလိုင်လ၊ ၃၁ ရက်နေ့မှာ နေ့လည် (၁၂)နာရီကနေ ညနေ (၃)နာရီထိ NCRC Hall, National Management Degree College ဗိုလ်တထောင်မှာ အခမဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီစကားဝိုင်းမှာ ဆွေးနွေးဟောပြောသွားမယ့်သူတွေကတော့

၁။ Shwe Pyi Nan Company Limited ရဲ့ Managing Director ဦးဝင်းနိုင်
၂။ Grab မှ Head of Sale & Business Development ကိုမင်းထွန်းလှမော်
၃။ Huawei Myanmar မှ Director of Sale မခင်ရတနာဝင်း
၎။ Loreal Myanmar မှ Marketing Manager မခင်ပန်းအိမွန် နဲ့
၅။ Duwun Media ရဲ့ Head of Business Development မမြပြည့်တို့ပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံးအွန်လိုင်းမီဒီယာဖြစ်တဲ့ Duwun မှစီစဉ်ကျင်းပမယ့် Duwun Talk - Leading The Market စကားဝိုင်းကို တက်ရောက်ချင်သူတွေအနေနဲ့ အခမဲ့တက်ရောက်နိုင်ပါတယ်။

Read More>>> ကြော်ငြာဘေဘုတ်ထားရှိမယ့်နေရာပေါ်မှုတည်ပြီး ရွေးချယ်သင့်တဲ့ဒီဇိုင်းပုံစံများ

Myanmar Advertising Directory