၇ တန်းအောင် လူငယ်လေး ဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာတဲ့ အထိကြိုးစားခဲ့ရတာ။
ဆောက်လုပ်ရေးရွှေခေတ်ကို မှီပြီိး ကံကောင်းဖို့ ဆိုတာ လိုအပ်ပေမယ့် အဲဒီ ကံ တစ်ခုထဲ နဲ့ ဘယ်ဖြစ်လာပါ့မလဲနော့...။
လူငယ်လေး တစ်ယောက် ၇ တန်းပြီးတော့ ရွေးချယ်စရာ နည်းပါးတဲ့ခေတ်မှာ ရှမ်းပြည်ဖက်မှာ ကားဝပ်ရှော့ လုပ်ဖြစ်တယ်။
နောက် ဓားပြတွေ ရန်ကြောက်လို့ ရန်ကုန်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တက်လာတယ်။
ရန်ကုန်ရောက်တော့ ၃ ဘီး မောင်းတယ်။ ၃ ဘီး မောင်းနေရင်း လက်ဖက်ခြောက် ကုန်သည်နဲ့တွေ့လို့ အဲဒီအိမ်မှာ ဒရိုင်ဘာ လုပ်ရာကနေ အရောင်းအဝယ်ပညာ သင်ယူခဲ့တယ်။
အိမ်ထောင်ကျ ကလေးရပြီး အဆင်မပြေတော့ လမ်းဘေးမှာ ဈေးရောင်းတယ်။
၎ နှစ်လောက် ရောင်းပြီး စုဆောင်းရငွေ နဲ့ လက်ဖက်ခြောက်တွေ မုန့်တွေ လက်ကားရောင်းတယ်။
နောက် border trade ပြောင်းလုပ်တယ်။ အဲလိုနဲ့ ၁၉၉၀ မှာ ကုမ္ပဏီ စထောင်တယ်။
ဘဏ်တွေ ထောင်တယ် . ဆောက်လုပ်ရေး လုပ်တယ် . နောက် ဘဏ်ကို ပိတ်ရတော့ shopping center တွေဖက်လှည့်တယ်။
ရဲရွာရေအားလျှပ်စစ် နဲ့ အမြန်လမ်းတွေ ဖောက်တယ်။ အဲလိုနဲ့ ခု ရွှေတောင်ဖြစ်လာသတဲ့ ။
ပွဲက personal branding ဆန်ပေမယ့် သူ့အနေနဲ့ ၇ တန်းပဲ အောင်ပြီး အဆင့်မြင့်စီးပွားရေးပညာတွေ MBA တွေ သင်ခွင့် မရပေမယ့်
သူ့ဘဝအကြောင်းပြောနေရင်း သူ့ အတွေ့အကြုံက လာတဲ့ ရိုးရှင်းပြီး နားလည်ရလွယ်တဲ့ စီးပွားရေး ပညာ တချို့ ကြားခွင့်ရခဲ့တယ်။
ဓားပြတွေရန်က အဝတ်တထည် ကိုယ်တစ်ခုနဲ့ပြေးလာရတဲ့ ကံဆိုးမှုတွေနောက်မှာ လက်ဦးဆရာဖြစ်လာမယ့် အရောင်းအဝယ် သင်ယူခွင့်ရမယ့် ကံကောင်းမှု ဖြစ်လာတယ်။
ဘဏ်တွေပိတ်လိုက်ရတော့ တခြားဖက်မှာ ပိုဖိလုပ်ဖြစ်တော့ ဆောက်လုပ်ရေး ရေအားလျှပ်စစ်တွေမှာ အာရုံစိုက်ဖြစ်ခဲ့တယ်။
ကံဆိုးမှုနောက်မှာ ကံကောင်းဖို့အတွက် အခွင့်အရေး ကပ်ပါလာလေ့ရှိသတဲ့။ မြင်အောင်ကြည့်တတ်ဖို့ပဲ လိုတာပေါ့လေ။
သူ့ရဲ့ ခုလက်ရှိ ချမ်းသာမှုက လက်ဦးဆရာ လက်ဖက်ခြောက်ကုန်သည်ကြီး ထက်သာနေပြီး ကုန်သည်ကြီး မရှိတော့ပေမယ့် သူ့မိသားစုဝင်တွေကို လေးလေးစားစားနဲ့ သူဌေးလို့ပဲခေါ်နေမိတုန်း။
တချိန်က သူမောင်းခဲ့ရတဲ့ ကုန်သည်ကြီးရဲ့ကားကို အမှတ်တရ ဝယ်ထားပြီး သိမ်းထားခဲ့တယ်။ ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးသိတယ်။ ကျေးဇူးပြန်ဆပ်တယ်။
သူရဲ့ လက်အောက်က ဝန်ထမ်းတွေကို အရည်အချင်းအလိုက် လခတွေ နေရာတွေ ပေးခဲ့တယ်။
သင်တန်းတွေပေးတယ်။ လူတွေကို ယုံကြည်မှုထားတယ်။
မယုံရင် လုံးဝမခိုင်းနဲ့ ၊ ခိုင်းပြီဆို ယုံထားလိုက်၊ သင်တန်းပေးလိုက်ပြီး ကျွမ်းကျင်လို့ သူနေရာမပေးနိုင်လို့ ထွက်သွားလည်း တခြားနေရာမှာ ထူးချွန်ရင် သူနေရာပေးနိုင်တဲ့ တချိန်ပြန်လာမှာပဲ ။
ပြန်မလာလည်း နိုင်ငံအတွက်အကျိုး ရှိနေမှာပဲ။
အဲဒီတော့ သင်ပေးရမယ်။ လုပ်ခွင့်ပေးရမယ် ၊ မှားရင် ပြင်ပေးရမယ် ၊ နောက်ကိုယ့်အောင်က လူတွေကိုလည်း လေးလေးစားစား ဆက်ဆံရမယ်။
တချိန်ထဲမှာ ကိုယ့်ကိုယ်ကို နှိမ့်ချမှုရှိရမယ်။ အဲဒါမှ ဝန်ထမ်းတွေက ကိုယ့်အပေါ်သစ္စာရှိမယ်၊ လူတွေက အပြန်အလှန်လေးစားမယ် ၊
လုပ်ငန်းတစ်ခု စလုပ်မယ်ဆို line of business အရေးကြီးတယ် ၊ ကိုယ်လုပ်မယ့်အလုပ်က potential ဘယ်လောက်ရှိလဲ တွက်ဖို့လိုတယ် ။
လမ်းဘေးမှာပဲ ဈေးဆက်ရောင်းမယ် ။ Border trade ပဲ ဆက်လုပ်နေရင် အတိုင်းအတာတခုထိတော့ ချမ်းသာနိုင်ပေမယ့် ခုလောက်ထိ ချမ်းသာလာဖို့ မလွယ်ဖူး ။
အဲဒီတော့ ခုကိုယ်လုပ်နေတဲ့အလုပ်က ဘယ်လောက် potential ရှိလဲ မရှိရင် မျက်စိဖွင့်နားစွင့်ထား။
အခွင့်အရေးရတာနဲ့ပြောင်းဖို့စဉ်းစား ရရင် နောက်ဆံမတင်းပဲ ချက်ချင်းပြောင်း လိုက်ပါ မိတ်ဆွေ...။
စီးပွားရေးရဲ့ fluctuation ကိုအမြဲလေ့လာ သိနေရမယ် ။ ဈေးကွက် ပြောင်းတော့မယ်ဆိုတာသိရင် ကြိုပြင်ဆင်ထားပါ။
ဈေးကွက်ကတော့ ကိုယ့်ကိုစောင့်နေမှာ မဟုတ်ဘူးဗျ။ မပြင်ဆင်ထားရင် ကိုယ်ကျန်ခဲ့မှာပဲ ။ ရဲရဲသာလုပ် ။
ကိုယ်လုပ်တာအတွက် ကိုယ်တာဝန်ယူရမယ် ။ ကိုယ့်လုပ်ငန်းကို ဝံပုလွေ အုပ်လို ဖြစ်အောင် လေ့ကျင့်ထားပါ။
ကြောစိတ်မဝင်အောင် support ပေး ပြီး ရှေ့ကနေ ခေါင်းဆောင်လုပ်ပါဗျ။
ကိုယ့်လုပ်ငန်းရဲ့ Quality ကို ကိုယ်တိုင် သတ်မှတ်ပါ။
သူများရဲ့ ၁၀၀ တန်ပစ္စည်းကို ကိုယ်က ၂၀၀ ရောင်းလို့ ကျေကျေနပ်နပ် ပေးဝယ်ရင် အဲဒါ Quality ပဲ။
အဲလိုရဖို့ SOP တွေ work flow တွေ သေချာဆွဲထား ၊ လုပ်ငန်းကို တဆင့်ချင်း ဆွဲထားတဲ့ အတိုင်း တည်ဆောက် ၊
လူတွေ ပစ္စည်းတွေ ငွေတွေကို သူ့နေရာနဲ့သူ အချိန်အခါလိုက်မှန်အောင်နေရာချ ပြီး စီမံရမယ် ။
ပြီးရင် rules and regulations တွေ သေချာချပြီး ကိုယ်တိုင်လိုက်နာ ၊ ဖောက်ရင် ချက်ချင်း ဒဏ်ပေး ၊ မဖမ်းသရွေ့ ကားကို ရပ်ချင်တဲ့နေရာရပ်မှာပဲ ။
လုပ်ငန်းတိုးတက်ဖို့အတွက် နိုင်ငံခြားက ဂေါ်ဇီလာတွေနဲ့ ပြိုင်နိုင်ဖို့ creative တွေ လုပ်ပါ။
ကိုယ်တိုင်မလုပ်နိုင်ရင် လုပ်နိုင်တဲ့ နိုင်ငံခြားသား ပညာရှင် consultant တွေငှားလိုက်ပါ။ သူတို့ဆီက နည်းပညာကို သင်ယူပါ။
တခါငှားပြီး ကိုယ့်လူတွေကို လေ့ကျင့်ပေးနိုင်ရင် နောက် ကိုယ့်အားကိုယ်ကိုးလို့ရပြီဗျ။
နိုင်ငံခြား သား consultant ဆိုတိုင်း မယုံလိုက်ပါနဲ့ နော်ဗျ။ အထင်မကြီးနဲ့ တလွဲတွေလည်း လာတတ်တယ်။
နိုင်ငံခြား သွားရင်အကုန်ကြည့်ခဲ့ ဒီမှာ ဘာပြန်သုံးလို့ လုပ်လို့ရမလဲ စဉ်းစား ၊ပြိုင်လုပ်လို့မရရင် ပေါင်းလုပ်ဖို့ ကြိုစဉ်းစားထား ။
ပြိုင်လို့လည်းမရ ၊ ပေါင်းလို့လည်း မရရင်တော့ ပြေးဖို့ နည်းလမ်းရှာထား ။ အသေခံတော့ မတိုက်နဲ့...။
ကိုယ်ရဲ့ customer တွေ partner သူတွေ supplier တွေ ရဲ့ ယုံကြည်မှုကို တည်ဆောက် ပြီး အောင်မြင်မှုရအောင်လုပ်ပါ။
အောင်မြင်မှုရလာရင် ထိန်းထားနိုင်ဖို့ကြိုးစားပါနော့။ အောင်ပွဲခံပြီး သာယာမနေပါနဲ့။
ကိုယ့်ကိုယ်ကို ချဲလင့် ခေါ်နိုင်ဖို့ ချဲလင့်အတိုင်း ကြိုးစားဖို့ ပြင်ဆင်ထားရမယ်။
အမြဲသင်ယူဖို့ အသင့်ဖြစ်နေရမယ်လေ။ ဘာသာစကားတွေ သင်ယူနိုင်ဖို့ကြိုးစားပါ။
အင်္ဂလိပ်စာ တရုတ်စာ အဓိကထားသင်ပေါ့။ တခြားဘာသာတွေလည်း ဖြစ်နိုင်ရင် ထမင်းစားရေသောက် နည်းနည်းပါးပါး နားလည်အောင်ကြိုးစားထားကြည့်။
စကားပြောဖို့ မပီမှာ မှားမှာမကြောက်ပဲ ရဲရဲသာပြောပါ ။ လုပ်ငန်းအတွက် အတိအကျ လိုအပ်ရင် စကားပြန် သုံးပေမယ့် Diner တွေ ဆိုရှယ်တွေမှာ ကိုယ်တိုင်ပြောကြည့်ပါ။
အောင်မြင်ဖို့ မျှော်မှန်းထားပေမယ့် ဆုံးရှုံးနိုင်ချေ အမြဲစဉ်းစားထားပြီး ပြင်ဆင်ထားရမယ်နော်...။
နောက်ဆုံး စကား လက်ဆောင်ကတော့ အမြဲ မျက်စိဖွင့် နားစွင့်ထားပြီး ကောင်းတာတွေ့ရင်ယူပါဗျ နော်။
အများယုံကြည်မှုရအောင် ကျင့်ဝတ်သိက္ခာရှိရှိ ကိုယ့်ကိုယ်ကို တည်ဆောက် ပြင်ဆင်ထားပါ ။
ဒီလို ပြင်ဆင်ကြိုးစားရင်း ဆုံးရှုံးမှုတွေ၊ ရှုံးနိမ့်မှုတွေ ကြုံလာတိုင်း ဒါတွေက ခဏတာ ယာယီပါလို့ နှလုံးသွင်းရင်း ဘဝကိုပျော်ပျော် ရွင်ရွင် ဖြတ်သန်းပါ ။
နောက်ဆုံးမှာတော့ အခွင့်အရေးဆိုတာ ကိုယ့်ဆီရောက်လာမှာ အသေအချာပါပဲဗျာ။
စတက်လာထဲက ပြုံးနေပြီး တပွဲလုံးကို ပုံမှန်စကားပြောသလို ပေါ့ပေါ့ပါးပါး ပြောသွားတာ လည်းတွေ့ရပါတယ် ။
နောက်ပြီး ဟောပြောသွားတာတွေက စီးပွားရေး terms တွေ မပါသလို အင်္ဂလိပ်လို ညပ်သုံးသွားတာတွေက မပီမသ grammar မမှန်တာတွေပါပေမယ့်
သူ့စကားတွေက တချို့သော စီးပွားရေး မလုပ်ဖူးတဲ့ စီးပွားရေးပညာတတ် တက်ကျမ်းဆရာတွေရဲ့ စကားလုံးတွေနဲ့ မတူပဲ နားလည်ရပိုလွယ်တာ နားထဲ ပိုရောက်တာ လက်တွေ့ပိုဆန်တာ တွေ့ရမှာပါ ။
သူ့ဘဝ အကြောင်း စာအုပ်တွေ မဖတ်ဖူးလို့ သူ့ဘဝအကြောင်း သူပြောတာ မှန်မမှန် မသိပေမယ့် အသုံးဝင်တာ တချို့ ရလိုက်တာတော့ ကိုယ့်အတွက် အမြတ်ပေါ့လေ။
Recommended for you-စကားတစ်ခွန်းကြောင့်ဘ၀ပြောင်းခဲ့သူ
Credi;Original Writer
ကျွန်တော်တို့ MMRD မှ Myanmar Advertising Directory စာအုပ်များအပြင် အခြားသော စာအုပ်များလည်း ထွက်ရှိနေပါပြီနော်...။
