How To

robot လိုသူဋ္ဌေးမျိုးနဲ့တွေ့တဲ့အခါ ဘယ်လိုရင်ဆိုင်မလဲ

Read 1938 times
robot လိုသူဋ္ဌေးမျိုးနဲ့တွေ့တဲ့အခါ ဘယ်လိုရင်ဆိုင်မလဲ


နိုင်ငံတကာမှာလည်း သုတေသနတွေ လုပ်ထားတာ ရှိပါတယ်။ ဆိုးတဲ့ Boss တစ်ယောက် အတွက် အလုပ်လုပ်ပေးရတာဟာ သင့်ရဲ့  Heart Attack ဖြစ်နိုင်ချေကို ၅၀ ရာခိုင်နှုန်း လောက် တိုးလာစေနိုင်ပါတယ်။
အမေရိကန်မှာလုပ်သွားတဲ့ Gallup Research ကတွေ့ ရှိချက် တစ်ခုက ၆၀ ရာခိုင်နှုန်းသော အစိုးရ ၀န်ထမ်းတွေဟာ သူတို့ ရဲ့  Boss တွေကို အလွန်အမင်း စိတ်ပျက်နေကြတယ်ဆိုတာပါပဲ။
ဆိုးတဲ့ Boss တွေဟာ အလုပ်ခွင်ကို အဆိပ်ခပ်သလိုပါပဲ။ တစ်ခါတစ်ရံ သင်တို့ ကို အသုံးချပြီး သူတို့ ရဲ့  အကျိုးစီးပွားတိုးတက်ဖို့ လုပ်သွားတာမျိုးတွေ ရှိနိုင်ပါတယ်။ အမေရိကန် နိုင်ငံက ၀န်ထမ်းတွေ ရဲ့ သူတို့  Boss အပေါ်ထားရှိတဲ့ အမြင်ကို စစ်တမ်းကောက်ကြည့်ရမှာ အခုလို့ တွေ့ ပါတယ်။

၆၀ ရာခိုင်နှုန်းဟာ ကိုယ့်အကျိုးပဲ ကိုယ်ကြည့်တဲ့သူတွေ ဖြစ်တယ်။
၄၉ ရာခိုင်နှုန်းဟာ ခေါင်းမာကြတယ်။
၄၃ ရာခိုင်နှုန်းကတော့ အလွန်အမင်း ခိုင်းလွန်းတယ်။
၄၁ ရာခိုင်နှုန်းကတော့  အလျင်အမြန်ပေါက်ကွဲလွယ်တယ်။
ဆိုပြီး ကောက်ယူရရှိထားပါတယ်။

ဒါတွေကတော့ Boss တွေရဲ့  အရည်အချင်းတွေပေါ့။ Boos အမျိုးအစား အများကြီးထဲကမှ စက်ရုပ်လို Bossပုံစံကို ဖော်ပြပေးလိုက်တယ်နော်။
စက်ရုပ်လို Boss မျိုး။

စက်ရုပ်လို Boss မျိုး ရဲ့  စိတ်ထဲမှာတော့ သင်ဟာ ၀န်ထမ်းနံပါတ် ၇၂၊ သင့်ရဲ့ တာဝန်က တစ်လကို products ၁၀၀ ရောင်းရဖို့ ၊ သင့်ရဲ့  အတွေ့ အကြုံက ၉၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ဒါပဲသိပါတယ်။ တစ်ခါမှလည်း သူ့ ဝန်ထမ်းတွေနဲ့ မဆက်ဆံဖူးပါဘူး။ အားလုံးကို ကိန်းဂဏန်းတွေနဲ့ ပဲ ဆုံးဖြတ်ပါတယ်။ အဲ့ဒီ ကိန်းဂဏန်းတွေပေါ်မူတည်ပြီး ရာထူးတိုးပေးခြင်း၊ အလုပ်က ထုတ်ပစ်ခြင်းတို့ ကို လုပ်ပါတယ်။

ဒီလို Boss မျိုးနဲ့ ဘယ်လို ရင်ဆိုင်မလဲ။

ဒါကတော့လွယ်ပါတယ်။ သင်လည်း သူ့ လိုပဲ ကိန်းဂဏန်းတွေနဲ့ စကားပြောလိုက်ပါ။ သင့် အကြံဥာဏ် တစ်ခုခု ရပြီဆိုတာနဲ့ အဲ့ဒီ အကြံဥာဏ်အတွက် ထောက်ခံပေးနိုင်မယ့် ကိန်းဂဏန်းတွေ ရှိလားဆိုတာ စဉ်းစားပါ။ ရှိပြီ ဆိုတာနဲ့ သူ နဲ့  စတင်ဆွေးနွေးပါ။ သူ စိတ်ဝင်စားမယ့်  ကိန်းဂဏန်းတွေ ပါဝင်ပါစေ။ သင့်ရဲ့  စွမ်းဆောင်ရည် များကိုလည်း ကိန်းဂဏန်းများဖြင့် မြင်သာအောင်ပြပါ။
အဲ့ဒီလို စတင်ပြီး သူနဲ့ ဆက်ဆံနိုင်ပြီဆိုယင်တော့ သင့်အနေနဲ့ သူ့ ရဲ့ နယ်နိမိတ်ထဲ ၀င်သွားပါပြီ။ ဒီမှာ သိရမှာက Boss က သူ့ ရဲ့ နယ်နိမိတ်ကို ကိန်းဂဏန်းတွေနဲ့ ကာရံထားတာပါ။ ဒါကို သင်က ကိန်းဂဏန်းတွေ အသုံးပြုပြီး ကျော်ဖြတ်နိုင်ရင် သင် သူဆီ ကို ချဉ်းကပ်နိုင်ပါပြီ။
Source ; Prospect Myanmar (Ko Hein)