Digital Marketing

လူစင်စစ်နီးပါးဩဇာရှင် Rozy Oh

Read 3510 times
လူစင်စစ်နီးပါးဩဇာရှင် Rozy Oh

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

ကွန်ပျူတာမှ ထုတ်လုပ်သော ဩဇာရှင် influencers များဟာ စပွန်စာ ရာနှင့်ချီပြီး ရကြတယ်။ followers ထောင်ပေါင်းများစွာ ရထားတယ်။ ဘာလို့ brands တွေက စခရင်ပေါ်မှာပဲ ရှိနေပြီး အပြင်မှာ တကယ်မရှိတဲ့ ဩဇာရှင်တွေကို အပြင်မှာတကယ်ရှိတဲ့ သက်ရှိ ဩဇာရှင်တွေထက် ပိုကြိုက်ကြတာလဲ။

လူစင်စစ်နီးပါးဩဇာရှင် Virtual influencers တွေက စိတ်ချရတယ်။ လူဩဇာရှင်တွေက ထိန်းချုပ်လို့ မရနိုင်ဘူး။ စိတ်မချရဘူး။ လူဩဇာရှင်တွေက အချိန်မရွေး တံတွေးခွက်ထဲ ပက်လက်မျောသွားနိုင်ပါတယ်။

လူစင်စစ်နီးပါးဩဇာရှင် Rozy Oh လက်ထဲ ရှန်ပိန်အရက်ခွက် ကိုင်ပြီး New York Fashion Week ပွဲတက်တဲ့ ပုံတွေ ဆိုရှယ်မီဒီယာ ပလက်ဖောင်း Instagram မှာ တွေ့ကြရတယ်။ ညဘက်မှာ  Rozy ပါတီတက်တဲ့ ဗီဒီယိုကိုလည်း တွေ့ကြရတယ်။

Rozy မှာ follower ဦးရေ ၁၄၇,၀၀၀ အမာခံ ရရှိထားပါတယ်။ Rozy မှာ ရုပ်ခန္ဓာမရှိလို့ ရုပ်ခန္ဓာဖြင့် ပွဲမတက်ခဲ့ပါဘူး။ Rozy ကို လူစင်စစ် မဂးဟုတ်ဘဲ လူစင်စစ်နီးပါးဩဇာရှင် virtual influencer မျှသာ ဖြစ်ပါတယ်။ ကွန်ပျူတာဖြင့် ထုတ်လုပ်ထားတဲ့ ပုံရိပ် computer-generated imagery (CGI) မျှသာ ဖြစ်ပါတယ်။ ဒါပေမဲ့ Rozy မှာ ဉာဏ်ရည်တု artificial intelligence (AI) ရှိပါတယ်။ 

.

ကမ္ဘာတစ်ဝှမ်းမှာ  Rozy လိုမျိုး လူနှင့်တူသော ဇာတ်ကောင်မျာအခြားအနည်းဆုံး ၁၅၀ တို့က လူဩဇာရှင်တွေရဲ့ နယ်ပယ်ထဲ နေရာအခိုင်အမာ ရယူထားကြပါတယ်။ အမေရိကန်ဒေါ်လာ ဘီလီယံချီတဲ့ ဩဇာရှင်ဈေးကွက်ထဲ brand တွေထံမှ စပွန်ဆာတေ‌ွ ရနေကြတယ်။ 

 အလှကုန်ပစ္စည်းများမှအစ ဖက်ရှင်အသုံးအဆောင်များအလယ် ခရီးသွားလှုပ်ရှားမှုများအထိ brand မျိုးစုံထံမှ စပွန်ဆာများ ရရှိကြပါတယ်။ 

 

 

..

Rozy ကို  တောင်ကိုရီးယားမှ LOCUS-X က ဖန်တီးပေးထားပါတယ်။ 

“လူသစ်များ” ဖြစ်တဲ့  ကုမ္ပဏီရဲ့ အခြားသော စင်စစ်နီးပါး ဩဇာရှင်များထံမှ ရရှိတဲ့ အမြတ်ငွေ စုစုပေါင်းက  Rozy ရဲ့ ဆယ်ပုံတစ်ပုံခန့်သာ ရှိပါတယ်။

virtual influencer ဖြစ်တဲ့ Rozy က  အမှတ်တံဆိပ် ၁၀ခုကျော်နှင့် အထူးသီးသန့် ကန်ထရိုပ်များ ရရှိထားပါတယ်။ ကြော်ငြာစပွန်ဆာ ခုရေ ၁၅၀ ကျော် ရထားပါတယ်။ Rozy က တစ်နှစ် အမြတ်ငွေ ကန်ဒေါ်လာ ၁.၄ သန်းခန့် ရပါတယ်။ 

၂၀၂၁ မှာ ဝင်ငွေ ဝမ် ၁ ဘီလီယံခန့် ရရှိခံ့ပြီး ၂၀၂၂ မှာ ဝမ် ၂ ဘီလီယံ ကျော်နေပါပြီ။

Source CNA

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U