Global

စွန့်ဦးတီထွင်မှုနယ်ပယ်မှာ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ Richard Branson

Read 3356 times
စွန့်ဦးတီထွင်မှုနယ်ပယ်မှာ နာမည်ကြီးတစ်ယောက်ဖြစ်တဲ့ Richard Branson

တကယ်တော့ ဆာရစ်ချတ်ဘရန်ဆန်ဟာ အသက် ၁၆ နှစ်မှာ ပညာရေး တစ်ခန်းရပ်ခဲ့သူ၊ အဲလီဇဘတ် ဘုရင်မကြီးရဲ့ သူကောင်းပြုခံရသူ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့ Student Magazine ကို ဆယ်ကျော်သက်ဘဝကတည်းက တည်ထောင်ခဲ့သူ ဖြစ်သလို စွန့်ဦးတီထွင်မှုနယ်ပယ်မှာ Icon တစ်ယောက်အနေနဲ့ ရပ်တည်နေသူ ဖြစ်ပါတယ်။ သူ့ဘဝဟာ စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နေသလို သူပေးတဲ့အောင်မြင်ရေးအကြံပြုချက်တွေကလည်း မှတ်သားစရာပါ။


၁။ အိပ်မက်တွေနောက် လိုက်လုပ်ပါ

ဒီစကားဟာ စွန့်ဦးတီထွင်မှုလောကရဲ့ အသက်လို့တောင် ပြောနိုင်ပါတယ်။ အိပ်မက်တွေကို ယုံကြည်ထား၊ ဖြစ်အောင် မဆုတ်မနစ် ကြိုးစားဆိုတဲ့ သဘောတရားဟာ Entrepreneurship နယ်ပယ်မှာ တကယ့်အမှန်တရားတစ်ခုလည်း ဖြစ်နေပါတယ်။ ဘရန်ဆန်ကတော့ ငွေရဖို့လောက်ပဲ ကြည့်ပြီး အလုပ်လုပ်တာကို သဘောမကျပါဘူး။ သူ့ရဲ့ အိုင်ဒီယော်လော်ဂျီက ကိုယ့်ဝါသနာနဲ့ ကိုယ့် Passion နဲ့ ပျော်တဲ့ အလုပ်မှာ အားထည့်ဖို့ပါ။


၂။ အပြုသဘော ကွဲပြားမှုတွေလုပ်ပါ

စွန့်ဦးတီထွင်သူ ဖြစ်ချင်ရင် အရင်ဆုံးသူများနဲ့မတူတဲ့ အိုင်ဒီယာတစ်ခုတော့ ရှိရမှာပါ။ အမြဲတမ်း ဆန်းသစ်တဲ့အတွေးတွေကို ဝင်လာခွင့်ပေးထားဖို့လည်းလိုပါတယ်။


၃။ ကိုယ့်ရဲ့ စိတ်ကူးတွေကို အယုံအကြည်ရှိပါ

စိတ်ကူးတွေကို ပြတ်ပြတ်သားသားပဲ ယုံကြည်ထားဖို့ လိုပါတယ်။ ဒီစိတ်ကူးတွေကိုလည်း အကောင်းဆုံး မွမ်းမံတည်ဆောက်ပြီး ဖြစ်အောင် လုပ်ဖို့လည်း ရစ်ချတ်ဘရန်ဆန်က တိုက်တွန်းပါတယ်။

သင့်လုပ်ငန်းအတွက် ကြော်ငြာအေဂျင်စီရွေးချယ်မယ်ဆိုရင် ဘာတွေလိုအပ်လဲ...?
၎။ ကိုယ့်ရဲ့အဖွဲ့ကို ဂရုစိုက်

အလုပ်မှာ ပျော်ဖို့က အရေးကြီးဆုံးပါ။ ကိုယ်လုပ်နေတဲ့အလုပ်မှာ ကိုယ်လည်းပျော်ပျော်ကြီးလုပ်၊ ကိုယ့်ရဲ့အဖွဲ့ လည်း ပျော်ပျော်ကြီးလုပ်နေရင် အလုပ်ဟာစိတ်ချမ်းမြေ့စရာတွေနဲ့ပဲ သွားနေမှာ ဖြစ်ပါတယ်။


၅။ အလျှော့မပေးနဲ့

စွန့်ဦးတီထွင်အလုပ်ဆိုတာ ဘယ်နေ့ဘယ်လို ဖြစ်လာမလဲ ဘယ်သူမှမသိနိုင်ပါဘူး။ ဒီလိုအလုပ်မျိုးထဲ ခြေစုံပစ်ဝင်လာသူတွေအတွက် စိတ်ဓါတ်စွဲမြဲခိုင်မာမှုက အလွန်ပဲအရေးကြီးပါတယ်။


၆။ စိန်ခေါ်မှုအသစ်တွေ ကိုယ့်ဘာသာပေးထား

ဒီနေ့ ဘာလုပ်ရမလဲ။ မနက်ဖြန်အတွက် ဘာပြင်ဆင်ထားရမလဲ ဆိုတာတွေကို အမြဲတမ်း စိတ်အလုပ်ပေးထားရမှာပါ။ လုပ်စရာတွေ မကျန်ရအောင် စာရင်းလေးလုပ်၊ နောက်တစ်နေ့အတွက် ကိုယ့်ကိုယ်ကို Challenge ခေါ်ပြီး ဖြစ်အောင် လုပ်နေဖို့လိုပါတယ်။


၇။ မိသားစုနဲ့ အချိန်ပေးပါ

အောင်မြင်တယ်ဆိုတာ ငွေကြေး ဓနဥစ္စာ အထုပ်လိုက်၊ အထည်လိုက် ပိုက်မိတာမျိုးတင် ခေါ်တာမဟုတ်ပါဘူး။ ကိုယ်တည်ဆောက်ထားတဲ့ ဘဝကြီးမှာပျော်တယ်။ ကိုယ့်ကြောင့်လည်း ကိုယ့်ပတ်ဝန်းကျင်ကလူတွေ ပျော်ရွှင်ချမ်းမြေ့ပြီး ပိုကောင်းတဲ့ အနေအထား ရောက်လာတယ်ဆိုတာနဲ့ တိုင်းတာလို့ရပါတယ်။

အွန်လိုင်းစွယ်စုံကျမ်း Wikipedia ကို တရုတ်မှပိတ်ပင်
၈။ အကျိုးမဲ့အလုပ်တွေ ရှောင်

တီဗွီကြည့်တဲ့ အချိန်နဲ့ Facebook သုံးတဲ့အချိန်များနေရင် ဘဝတိုးတက်ဖို့ နည်းသွားတတ်ပါတယ်။ ကိုယ်ဖြတ်သန်းနေတဲ့ ခေတ်နဲ့ နောင်လာမယ့် နှစ်တွေမှာ ဘာတွေ တတ်မြောက်ကျွမ်းကျင်ထားဖို့ လိုသလဲ သင်ထားသင့်သလို၊ မိတ်ဆွေအပေါင်းအသင်းနဲ့ ကိုယ်ပိုင်လူမှုကွန်ရက်တစ်ခု တည်ထောင်ထားသင့်ပါတယ်။


၉။ ကိုယ့်ကို လူတွေက မှားနေပြီလို့ ပြောတဲ့အခါ

အဲသလို လာပြောရင်တော့ သူတို့ မှားကြောင်း သက်သေပဲ ပြလိုက်ပါ။ ခင်ဗျားဘဝဟာ တစ်နည်းနည်းနဲ့ ပိုတိုးတက်လာနေတဲ့ အကြောင်း သူတို့ဘာသာ သူတို့သိလာပါလိမ့်မယ်။


၁၀။ ချမ်းချမ်းသာသာနေပါ

ခင်ဗျားမှာ ဘဝတစ်ခုပဲ ရှိတာပါ။ ဒီလောက် ရှားပါးလွန်းတဲ့ ဘဝလေးကို ပျော်အောင်ထားပါ။ ကိုယ်စိတ်ဝင်စားတာလေးတွေလုပ်ပါ။ ဘဝမှာ ငွေချည်းပဲရှာနေလို့တော့ မဖြစ်ပါဘူး။

Source; kwee
Myanmar Advertising Directory