Marketing

Sale & Marketing ဆိုတာဘာလဲ

Read 4642 times
Sale & Marketing ဆိုတာဘာလဲ

marketing ဆိုတာကတော့ မိမိကုန်ပစ္စည်း နဲ့ အမှတ်တံဆိပ် တွေကို ဈေးကွက်တစ်ခု ရအောင်ဖော်ဆောင်ရတာပါ။ ဘယ်လိုလဲဆိုတော့ ရင်းနှီးမြှပ်နှံမည့်သူတွေ ၊ ဖောက်သည်တွေ ၊ ကိုယ်စားလှယ်တွေ နဲ့ အခြား ကြီးမားတဲ့ အရင်းမြစ်တွေသုံးပြီး မိမိကုန်ပစ္စည်းတွေ ဝန်ဆောင်မူတွေ၊ အမှတ်တံဆိပ်တွေ ကို ချိတ်ဆက်ပေးရတဲ့ သဘောပါ။

 

Sale

sale သမားက ကုန်ပစ္စည်းအမှတ်တံဆိပ် မျိုးစုံကို ထုတ်လုပ်သူတွေဆီကနေ နည်းအမျိုးမျိုးနဲ့ ရယူရောင်းချနိုင်ပါတယ်။ မိမိဆီကနေ အမြဲဝယ်ယူသူတွေနဲ့ အခြာလိုအပ်မှတစ်ခါတစ်ရံ တွေ့ကြုံလို့ဝယ်သူဆိုပြီး နှစ်ဦးကို အာရုံစိုက်ရပါတယ်။ Sale သမားတွေရဲ့အဓိကအချက်တွေကတော့ နေရာမှန်ဖို့၊ ပစ္စည်းမှန်ဖို့၊ ဈေးမှန်ဖို့၊ အခင်းကျင်းကောင်းဖို့၊ ပစ္စည်းစုံဖို့၊ ဆက်ဆံရေးကောင်းဖို့ လိုပါတယ်။ နေရာမှန်ဆိုတာ လူအများ သွားရာနိုင်တဲ့နေရာ ဖြစ်ဖို့လိုပါတယ်။ ပစ္စည်းမှန်ဖို့၊ ဈေးမှန်ဖို့ ဆိုတာ မိမိရောင်းချတဲ့ ပစ္စည်းနဲ့တန်ဖိုးက သင့်တင့်မှန်ကန်မူ့ ရှိရမယ်လို့ဆိုလိုတာပါ။

 

အခင်းကျင်းကောင်းဖို့ ဆိုတာကတော့ ဆိုင်ခန်းအပြင်အဆင် ကုန်ပစ္စည်းကို အလွယ်တကူ မြင်သာနဲ့နေရာမှာ ထားရပါမယ်။ သူ့အမျိုးကစားအလိုက် စနစ်တကျ ခင်းကျင်းတတ်ဖို့ပါ အတတ်နိုင်ဆုံး ကုန်ပစ္စည်းအမျိုးစုံအောင် ထားရမယ်။ တစ်နေရာတည်းနဲ့ ပစ္စည်းစုံရပါမယ်။ ဆက်ဆံရေးကောင်းဖို့ ကတော့ အထူးပြောဖို့မလိုပါဘူး ဆက်ဆံရေးကောင်းရင် ဒီတစ်ခါမဝယ်တောင် နောက်တစ်ခါလာဝယ်ပါလိမ့်မယ်။ ဆက်ဆံရေးမကောင်းရင်တော့ ဒီတစ်ခါဝယ်ဦးတောင် နောက်တစ်ခါ လာချင်မှလာမယ် အခြားရှာမရမှ အရမ်းလိုအပ်မှလာပါလိမ့်မယ်။

 

Marketing

marketing သမားကတော့ ကုန်ပစ္စည်းအမှတ်တံဆိပ် တစ်ခုထဲကိုပဲ ဈေးကွက်ရအောင် လုပ်ရတာများပါတယ်။ ကိုယ့် ကုန်ပစ္စည်းနဲ့ ရင်းနှီးမြှပ်နှံမည့်သူတွေ၊ ဖောက်သည်တွေ၊ ကိုယ်စားလှယ်တွေ၊ အခြား ကြီးမားတဲ့ အရင်းအမြစ်တွေကို ရှာဖွေရသလို အမြဲမပြတ် ဆက်သွယ်ချိတ်ဆက်မှု၊ ပူးပေါင်းမှု ရှိနေရပါတယ်။


ရင်းနှီးမြှပ်နှံသူဆိုတာက မိမိကုန်ပစ္စည်းကို အတိုင်းတာတစ်ခုထိ ဝယ်သူသိုလှောင်မယ်၊ အမြတ်ရရင်ရောင်းမယ် ဆိုတဲ့သူတွေပါ။ ဖောက်သည်ဆိုတာကတော့ မိမိကုန်ပစ္စည်းကို အမြဲတမ်းလိုလို ဝယ်ယူရောင်းချ ပေးတဲ့သူတွေပါ။ ကိုယ်စားလှယ်ဆိုတာတော့ မိမိကုန်ပစ္စည်းကို တာဝန်ယူပြီးဈေးကွက်ပြန်ပေးတဲ့ အကြီးစားဖောက်သည်ပါ။ အခြားသော အရင်းမြစ် ဆိုတာကတော့ မိမိကုန်ပစ္စည်းကို တိုက်ရိုက်ရောင်းချတာတို့၊ ကြော်ငြာတာတို့၊ အရောင်းမြှင့်တင်မှု ပြုလုပ်တာ စသည်ဖြင့် မိမိရဲ့ Produc တွေကို ရောင်းချဖို့နည်းအမျိုးမျိုးနဲ့ လုပ်ဆောင်ရတာကို ဆိုလိုတာပါ။

 


#Credit

Myanmar Advertising Directory