Global

အာရှ၏ နံပါတ်တစ် အမှတ်တံဆိပ်အဖြစ် Samsung မှ ၁၀ နှစ် ဆက်တိုက် သတ်မှတ်ရွေးချယ်ခံရ

Read 3097 times
အာရှ၏ နံပါတ်တစ် အမှတ်တံဆိပ်အဖြစ် Samsung မှ ၁၀ နှစ် ဆက်တိုက် သတ်မှတ်ရွေးချယ်ခံရ

နံပါတ်တစ် အမှတ်တံဆိပ်အဖြစ် အသိအမှတ်ပြု ဖော်ပြခံခဲ့ရသည်။ အာရှ-ပစိဖိတ်‌ဒေသအတွင်းရှိ စျေးကွက်ပေါင်း ၁၄ ခုတွင် လုပ်ဆောင်ခဲ့သည့် ဤ နှစ်စဉ် လေ့လာချက်စစ်တမ်းတွင် Samsung သည် သုံးစွဲသူများ သတ်မှတ်ရွေးချယ်သည့် နံပါတ် ၁ ထိပ်တန်း အမှတ်တံဆိပ် အဖြစ် ၁၀ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

ဤ Asia’s Top 1000 Brands လေ့လာချက်စစ်တမ်းသည် ဒေသတွင်းရှိ သုံးစွဲသူများအား ကုန်ပစ္စည်း / ဝန်ဆောင်မှု ကဏ္ဍ ၁၅ ခုတွင် ၎င်းတို့ ကြိုက်နှစ်သက်မှုအရှိဆုံး အမှတ်တံဆိပ်များအကြောင်း မေးမြန်းလေ့လာထားသည့် သုံးစွဲသူထင်မြင်ချက် စစ်တမ်း တစ်ခုဖြစ်သည်နှင့်အညီ ဤ စာရင်းတွင် ဖော်ပြခြင်းခံရသည့် အမှတ်တံဆိပ်များသည် သုံးစွဲသူများ ယုံကြည်စိတ်ချမှု အရှိဆုံးနှင့် ကြိုက်နှစ်သက်မှုအရှိဆုံး အမှတ်တံဆိပ်များ ဖြစ်သည်။

“အခုလို အသိအမှတ်ပြုမှုကို ရရှိခဲ့တာဟာ ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေအနေနဲ့ ကျွန်တော်တို့ Samsung ကို နိုင်ငံတကာ အသိအမှတ်ပြု အမှတ်တံဆိပ်တစ်ခုအဖြစ် ယုံကြည်သုံးစွဲနေတဲ့ အချက်ကို ပြသလိုက်တာ ဖြစ်တဲ့ အတွက် ကျွန်တော်တို့အတွက်တော့ တစ်ကယ့်ကို အဓိပ္ပာယ်ရှိလှပါတယ်။ ကျွန်တော်တို့ Samsung အနေနဲ့ အကောင်းမွန်ဆုံး ထုတ်ကုန်တွေနဲ့ တီထွင်ဆန်းသစ်မှုတွေကို သုံးစွဲသူတွေဆီ ဆက်လက်ပေးအပ်သွားနိုင်ဖို့အတွက်လည်း စဉ်ဆက်မပြတ် ရည်သန်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Harrison Song မှ ပြောကြားခဲ့သည်။

Samsung သည် ယမန်နှစ် Asia’s Top 1000 Brands လေ့လာမှုစစ်တမ်းတွင် ကုန်ပစ္စည်းကဏ္ဍ ၁၂ ခု၏ ထိပ်တန်းအမှတ်တံဆိပ် အဖြစ်ရပ်တည်နိုင်ခဲ့ပြီး ယခု ၂၀၂၁ ခုနှစ်တွင်မှု ကုန်ပစ္စည်းကဏ္ဍ ၁၅ ခုတွင် သတ်မှတ်ဖော်ပြခြင်း ခံခဲ့ရကာ တီဗီ၊ အိမ်သန့်ရှင်းရေးထုတ်ကုန်များနှင့် Smart Home နည်းပညာကဏ္ဍများတွင် နံပါတ် ၁ အမှတ်တံဆိပ် အဖြစ် ရပ်တည်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

(စစ်တမ်းကောက်ယူမှုစနစ်)

Asia’s Top 1000 Brands လေ့လာချက်စစ်တမ်းအား Campaign Asia-Pacific နှင့် ကမ္ဘာလုံးဆိုင်ရာ သတင်းအချက်အလက်နှင့် အတိုင်ပင်ခံလုပ်ငန်း NielsenIQ တို့မှ ပူးပေါင်းဆောင်ရွက်သည့် အွန်လိုင်း စစ်တမ်းကောက်ယူမှု အချက်အလက်များအပေါ် မူတည်၍ ပြုစုထုတ်ပြန်ထားခြင်း ဖြစ်သည်။ အဆိုပါ သုံးစွဲသူ ထင်မြင်ချက် စစ်တမ်းကောက်ယူမှုများအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့မှ ၃၀ ရက်နေ့အတွင်း ဒေသတွင်း ဈေးကွက် ၁၄ ခု (သြစတြေးလျ၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ထိုင်း နှင့် ဗီယက်နမ်) တွင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Samsung Electronics Co., Ltd အကြောင်း

Samsung Electronics Co., Ltd. သည် အနာဂတ်ကို ဖော်ဆောင်ပုံသွင်းနိုင်ရန် စိတ်ကူးဉာဏ်များ၊ နည်းပညာများဖြင့်ပုံဖော်နေပြီး တစ်ကမ္ဘာလုံးတွင် တီဗွီများ၊ စမတ်ဖုန်းများ၊ Tablet များ၊ ဝတ်ဆင်နိုင်သည့် နည်းပညာထုတ်ကုန်များ၊ Digital အသုံးအဆောင်ပစ္စည်းများ၊ ကွန်ယက်ဆက်သွယ်ရေး စနစ်များ နှင့် ဖုန်းတွင်းမှတ်ဉာဏ်၊ LSI စနစ်၊ Foundry နှင့် LED solutions များကို ဖန်တီးထုတ်လုပ်လျက် ရှိပါသည်။ ပိုမိုပြည့်စုံစွာသိရှိနိုင်ရန် နှင့် နောက်ဆုံးထွက် သတင်းများ၊ လုပ်ဆောင်ချက်ဆိုင်ရာ ဆောင်းပါးများ နှင့် သတင်းထုတ်ပြန်ချက်များကိုသိရှိနိုင်ရန် အတွက် http://news.samsung.com နှင့် https://www.samsung.com/mm/ တို့တွင် ဝင်ရောက်ကြည့်ရှု လေ့လာ နိုင်သည်။