How To

အင်တာနက်မှာ တစ်ခုခုရှာတဲ့အခါ သင့်လုပ်ငန်းကို အရင်ဆုံး မြင်ရအောင်

Read 3783 times
အင်တာနက်မှာ တစ်ခုခုရှာတဲ့အခါ သင့်လုပ်ငန်းကို အရင်ဆုံး မြင်ရအောင်

ဒီလို မြင်ရဖို့ ဘယ်လိုလုပ်လို့ ရနိုင်မလဲ ဆိုတာကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။


၁။ Content ရဲ့ အရေးပါမှု

SEO ကောင်းဖို့အတွက် Content ဟာ ၅၀ ရာခိုင်နှုန်း အရေးကြီးပါတယ်။ Content is King လို့တောင် ပြောကြပါတယ်။ ဒါပေမယ့် သင့် Content ဟာ ရိုးရှင်းနေရုံနဲ့တော့ မလုံလောက်ပါဘူး။ ဆွဲဆောင်မှုရှိဖို့လဲ လိုအပ်ပါတယ်။ သင့် Content က စာတွေအများကြီးနဲ့ ရှုပ်ထွေးနေမယ်ဆိုရင်လဲ ဘယ်သူမှဖတ်ချင်မှာ မဟုတ်ပါဘူး။

Hubspot ရဲ့ လေ့လာချက်အရ Organic Traffic များများရဖို့ဆိုရင် Content တစ်ပုဒ်ကို စာလုံးရေ ၂၂၅၀ ကနေ ၂၅၀၀ အထိပဲ ရေးသင့်တယ်လို့ ဆိုပါတယ်။ ခေါင်းစဉ် တွေ Title Tags တွေနဲ့ URL Slug တွေမှာပါတဲ့ စကားလုံးတွေကို Content ထဲမှာ များများပါအောင် ထည့်ရေးပါ။

Mark Zuckerberg က ဘာကြောင့် Facebook မသုံးတာလဲ...?

၂။ Engagement ကောင်း၊ မကောင်း

သင့်ရဲ့ ၀က်ဆိုဒ်မှာ User ဘယ်နှစ်ယောက်ရှိလဲ၊ Page View ဘယ်လောက်ရှိလဲ စတာတွေကို အမြဲ စောင့်ကြည့်နေဖို့ လိုပါတယ်။ ဒီအတွက် Google Analytics ကို အသုံးပြုလို့ ရပါတယ်။

အဲဒီကနေတစ်ဆင့် မိမိ Contents တွေကို လူဘယ်နှစ်ယောက်ဖတ်သွားလဲ၊ အချိန်ခဏလေးပဲ ကြည့်ပြီးပြန်ထွက်သွားတာလား ဆိုတာ သိနိုင်ပြီး သင့်ရဲ့ဝက်ဆိုဒ်ကို ပြန်လည် စစ်ဆေးသင့်ပါတယ်။ သူတို့ ဘာတွေ အများဆုံး ဖတ်သွားလဲဆိုတာ ရှာပါ။


၃။ နည်းစနစ် တည်ဆောက်ထားမှု

နောက်တစ်ချက်ကတော့ နည်းပညာပိုင်းဆိုင်ရာ ဖြစ်ပါတယ်။ သင့် ဝက်ဆိုဒ်ကို ငွေဘယ်လောက် အကုန်ကျခံပြီး တည်ဆောက်ထားလဲ၊ ဘယ်လိုနည်းစနစ်တွကို အသုံးပြုထားတယ်ဆိုတာပါပဲ။ ဝက်ဆိုဒ် Link ပျက်သွားတာမျိုးဆိုရင်လည်း အဆင်မပြေနိုင်ပါဘူး။ တစ်ခါတစ်လေ ၀က်ဆိုဒ်က Speed အရမ်းနှေးနေရင်လည်း User တွေ အမြန် ပြန်ထွက်သွားတတ်ပါတယ်။

 

၎။ Link ချိတ်ဆက်ခြင်း

တစ်ခုခုဖတ်ချင်လို့ ရှာတဲ့အခါမျိုးမှာ တစ်ပုဒ်ပြီးတစ်ပုဒ် ဆက်ဖတ်ချင်အောင် ဆွဲဆောင်နိုင်ဖို့ Link ချိတ်ဆက်ခြင်းကလဲ အရေးကြီးပါတယ်။ ဒီလိုချိတ်ဆက်ခြင်းဖြင့် Customer တွေ ဘာတွေရှာနေလဲဆိုတာကို သိရှိနိုင်ပါတယ်။ Link ချိတ်တဲ့နေရာမှာ သူနဲ့ ဆက်စပ်တဲ့ အကြောင်းအရာဖြစ်ဖို့ လိုပါတယ်။


၅။ Mobile View ကိုလဲ စစ်ဆေးပါ

လူအများစုက အင်တာနက်ကို Mobile Phone နဲ့ အကြည့်များတာကြောင့် ကွန်ပျူတာနဲ့တင်မဟုတ်ပဲ ဖုန်းနဲ့လဲ ကြည့်ရ ဖတ်ရ အဆင်ပြေအောင် စစ်ဆေးရပါမယ်။ နောက်တစ်ချက် အရေးကြီးတာကတော့ Content တစ်ပုဒ်ကနေ ပြောင်းပြီး ဖတ်တဲ့အခါ Speed မြန်ဆန်အောင် ပြုလုပ်ထားရပါမယ်။


Ref; SEJ

Myanmar Advertising Directory