Global

Big Fish ဂိမ်းလုပ်ငန်းစုမှ ဝန်ထမ်းပေါင်း ၂၅၀ ကျော် အလုပ်ဖြုတ်

Read 1712 times
Big Fish ဂိမ်းလုပ်ငန်းစုမှ ဝန်ထမ်းပေါင်း ၂၅၀ ကျော် အလုပ်ဖြုတ်

 

Bigfish ရဲ့ ဝန်ထမ်းအင်အား လျော့ချ မှုတွင် လူပေါင်း ၂၅၀ လောက် အလုပ်လက်မဲ့ ဖြစ်ခဲ့ရတယ်သိရပြီး အတော်လေး အခက်တွေ့နေတယ် သိရပါသည်။အဆိုပါ Bigfish ဂိမ်းမှ ဒုဥက္ကဋ္ဌ တွေဖြစ်တဲ့ Andrew Pedersen ၊ Jason Willig ပြောကြားချက် အရဆို ၎င်းတို့ လုပ်ငန်းစုမှာ ငွေကြေးအားဖြင့်တောင့်ခံနိုင်စွမ်းလုံး၀မရှိတော့ပါဘူး အခုချိန်မှာ ပိုမိုထိရောက်တဲ့ နည်းလမ်းတွေနဲ့ အသုံးပြုသူတွေကို ဆွဲဆောင်ဖို့လိုအပ်နေပြီ ဆိုကာပြောကြားခဲ့ပါတယ်။

 

တကယ်တမ်းမှာ ဖြုတ်ခဲ့သော ဝန်ထမ်းများ မှာ သီးခြားခွဲထားကာ နယူးရောဇ့်ရဲ့ Seattle ရုံးခန်း အတွင် အလုပ်လုပ်ကိုင်သူများဖြစ်ကာ ၎င်းတို့သည်ကိုဗစ်ရောဂါကူးစက်ခံကြရတာမို့လည်ပါဝင်ပါတယ်။ လုပ်ဖော်ကိုင်ဖက်အချင်းချင်းကနေ ကူးစက်နေတာမိူ့ အလုပ်အတွက် တကယ့် အရေးပါတဲ့ ကိစ္စရပ်များ လုပ်ကိုင်သူတွေကို ထားခဲ့ပြီး ကျန်သူတွေကို အလုပ်ဖြုတ်ခဲ့တာပဲဖြစ်ပါတယ်။

 

Bigfish လုပ်ငန်းစုဟာ ဂိမ်းလောကမှာ ၁၈ နှစ်တိတိ နေလာခဲ့တာဖြစ်ပြီး ကိုဗစ်ကိစ္စကြောင့် ဝန်ထမ်းမလျှော့ရခင် Bigfish ရုံးမှာ LinkedInတွင် ဖော်ပြချက်အရဆို ဝန်ထမ်းပေါင်း ၆၀၀ ကျော်ရှိပါတယ်။Bigfish ဟာ Oakland မှာလည်းပဲ ရုံးခွဲတစ်ခုရှိပါသေးတယ် ထိုရုံးမှာတော့ ဝန်ထမ်းတွေ ရောဂါကူးစက်မှု မရှိဘူးလို့သိရပါတယ်။

 

ယခုဆိုရင် Bigfish အနေနဲ့ ယခုလို စီးပွားရေးဆိုင်ရာ ကိစ္စရပ်များ ဖြစ်ကာ လူလျှော့ရခြင်းရဲ့ အဓိက တရားခံမှာ ယခုလက်ရှိ ပိုင်ရှင် လက်ဝယ် မှာ Bigfish ရဲ့ လောင်းကစားဂိမ်းဟာ ပြည်နယ် ဥပဒေအရ တရားမဝင် လောင်းကစားဂိမ်း ဖြစ်နေတာကြောင့် အမေရိကန်ဒေါ်လာ ၁၉၉ မီလီယံ ပေးရမှာ ဖြစ်ပြီး ပြန်ကာမိအောင် မနည်းကြိုးစားရမယ်လို့ သိရပါတယ်။

 

Ref : Geek Wire