Life Hacks

ကမ္ဘာပေါ်က စွန့်ဦးတီထွင်သူတွေ ဖွင့်မပြောပြခဲ့တဲ့ လျှို့ဝှက်ချက် !

Read 5806 times
ကမ္ဘာပေါ်က စွန့်ဦးတီထွင်သူတွေ ဖွင့်မပြောပြခဲ့တဲ့ လျှို့ဝှက်ချက် !

သူတို့ခြေလှမ်းအတိုင်း ကျွန်တော်တို့ လိုက်လျှောက်ချင်ကြတယ်။ ဒါပေမဲ့သူတို့ အကြောင်းတွေမှာ အမှန်တရား အပြည့်အ၀မပါဝင်ဘူး။

လျှို့ဝှက်ချက်တွေ အများကြီးရှိနေပါသေးတယ်။ အဲဒါတွေကို ဒီနေ့ပြောပြပေးချင်ပါတယ်။

-

သူတို့မှာ ထူးဆန်းတဲ့ လုပ်ရိုးလုပ်စဉ်တွေရှိတယ်။ အောင်မြင်သူအများကြီးမှာ ပုံသေမဟုတ်တဲ့ အလုပ်နဲ့ အိပ်စက်ခြင်းပုံစံတွေရှိပါတယ်။

ဒါကလူအပေါ်မူတည်ပြီး ကွဲပြားပါတယ်။ အောင်မြင်တဲ့သူအချို့က သူများအိပ်နေချိန်မှာတောင် အကြံဥာဏ်ကောင်းတွေ ရတတ်ကြတယ်။

သောမတ်စ်အက်ဒီဆင်ဟာ တနေ့မှာ ၃နာရီပဲအိပ်တာ လူသိပ်မသိကြဘူး။

ဗီသိုဗင်က သူ့အကြံဥာဏ်တွေအကုန် ရေချိုးခန်းထဲက ရခဲ့တာသိရင် မိတ်ဆွေအံ့သြသွားမယ်။

အောင်မြင်သူအချို့က အလုပ်လုပ်ချိန်မှာ သီးသန့်နေရတာပိုနှစ်သက်ပါတယ်။

 

-သူတို့ အမြဲအပြုသဘောဆောင်တယ်။ အောင်မြင်သူတွေက အကောင်းမြင်တဲ့ အပေါင်းအဖော်တွေနဲ့ပဲ နေချင်တယ်။

အဆိုးမြင်ဝါဒီတွေနဲ့ အချိန်မဖြုန်းဘူး။ သူတို့ဘဝရဲ့ အဆိုးဆုံးအချိန်မှာတောင် အကောင်းမြင်ဖို့ကြိုးစားတယ်။

 

-အချက်က သူတို့ကိုယ်သူတို့ ယုံကြည်တယ်။ ကျွန်တော်တို့ အားလုံးလိုလိုမှာ အတွေးအမြင်နဲ့အိပ်မက်တွေရှိကြပါတယ်။

ဒါပေမဲ့ အောင်မြင်သူတွေက တမူထူးခြားပါတယ်။

ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အိပ်မက်တွေ တစ်စစီကျိုးပဲ့ကြေမွသွားချိန်မှာတောင် ဒါကို အခွင့်အလမ်းတစ်ခု လမ်းသစ်တခုရဲ့အစအဖြစ် သဘောထားပါတယ်။

ဒီသဘောထားအမြင်ကပဲ သူတို့ကိုအောင်မြင်စေတာပါ။

 

-ဝဖန်မှုကိုသူတို့ လက်ခံတယ်။ အောင်မြင်သူ တွေက မှတ်ချက်ဝေဖန်ချက်တွေကို လက်ခံပြီး တိုးတက်အောင် ကြိုးစားတယ်။

အဲဒီဝေဖန်မှုတွေကြောင့် သူတို့ရဲ့အောင်မြင်မှုကို အထိခိုက်မခံဘူး။ စိတ်ဓာတ်မကျဘူး။ အဲဒီအရာကို အကောင်းဘက်ကမြင်ပေးတတ်ကြတယ်။

 

- အောင်မြင်မှုကို သူတို့ အမြဲလိုလို စိတ်ကူးပုံဖော်ကြတယ်။

ပန်းတိုင်ကိုသွားတဲ့ ခရီးတလျှောက်လုံး ဘာဖြစ်ဖြစ် ဘယ်လိုအခက်အခဲရှိရှိ ပန်းတိုင်ထိအောင်မြင်မှုပုံရိပ်ကို စိတ်ကူးပုံဖော်လေ့ရှိကြတယ်။

အဲဒီအရာကသူတို့ကို အောင်မြင်အောင် အာရုံစူးစိုက်မှုကိုဖြစ်ပေါ်စေပါတယ်။

 

-သူတို့ဟာ သူတို့ကိုယ်သူတို့နှိမ့်ချပြီး ပရဟိတ အလုပ်တွေ လုပ်ပါတယ်။

အောင်မြင်သူတယောက်ရဲ့ တမူထူးခြားတဲ့ လက္ခဏာက သူတို့ရဲ့နှိမ့်ချပြီး ပရဟိတဆန်တဲ့အမူအရာပါပဲ။

သူတို့ရဲ့ အောင်မြင်မှုကို မမော်ကြွားပဲ အရမ်းလက်တွေ့ဆန်ပါတယ်။

အကူအညီလိုနေတဲ့ အခြားလူတွေရဲ့ ဘဝတွေတိုးတက်ဖို့ သူတို့ကြိုးစားပါတယ်။

လူ့အဖွဲ့အစည်းကို ပြန်ပေးဖို့အတွက် အရမ်းအရေးကြီးတယ်လို့ သူတို့ယုံကြည်ကြပါတယ်။

 

-သူတို့ရဲ့ နှလုံးသား ဆန္ဒအတိုင်း အလုပ်လုပ်ပါတယ်။

အခြားသူတွေက သူတို့ကို ဘယ်လိုတွေးမယ်ဆိုတာ စိတ်မပူဘူး။

အခြားလူတွေရဲ့ မျှော်လင့်ချက်တွေနဲ့ သူတို့ဘဝကို ပုံသွင်းခွင့်မပြုဘူး။

သူတို့မှာ အများနဲ့မတူတဲ့ ပင်ကိုအတွေးအခေါ်နဲ့ စိတ်ခံစားချက်တွေရှိကြတယ်။

သာမန်လူအများစုရဲ့ အတွေးအခေါ်နောက်ကို မလိုက်ဘူး။

သူတို့နှလုံးသားနဲ့ သူတို့အသက်ရှင်သန်နေထိုင်ကြတယ်။

အကြိမ်ကြိမ်ရှုံးနိမ့်လည်း သူတို့ကိုယ်သူတို့ ဟားတိုက်ရယ်မောတတ်တယ်။

ကြီးမားတဲ့ ရည်မှန်းချက်ထားကြတယ်။ သက်တောင့်သက်သာ အနေအထားထဲမှာပဲ မနေထိုင်ဘူး။

အသစ်ကပြန်စရမှာမကြောက်ဘူး။ စွန့်စားကြတယ်။ အကြောက်တရားကိုရင်ဆိုင်ကြတယ်။

စွန့်စားမှုတွေကသူတို့ရဲ့ဖြစ်နိုင်ခြေ အလားအလာတွေကိုဖြစ်လာစေတယ်။

အခက်အခဲတွေကသူတို့ကို ပိုသန်မာပြီးလုပ်နိုင်စွမ်းရှိစေတယ်။

အောင်မြင်သူတွေက ရှုံးနိမ့်မှာဘယ်တော့မှ မကြောက်ဘူး။ ဒါအောင်မြင်ဖို့လှေကားထစ်ပဲဆိုတာ သူတို့သိတယ်။

အခုအောင်မြင်သူတွေ ထုတ်မပြောတဲ့အရာတွေ သူငယ်ချင်းတို့ သိပြီဟုတ်။

အာင်မြင်ဖို့ဆိုတာ အကြောင်းအရာအများကြီးပေါ် မူတည်တယ်ဆိုတာလည်း နားလည်ပြီ။

ဒါပေမဲ့အဓိကက မိတ်ဆွေရဲ့ဆန္ဒနဲ့ အောင်မြင်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချတဲ့ သံန္ဓိဌာန်ကပို အရေးကြီးပါတယ်။

ဒါကြောင့်အချိန်မဖြုန်းပဲ လက်တွေ့ကျတဲ့ ရည်မှန်းချက်တွေချမှတ်ပါ။

အောင်မြင်သူတွေဘဝက ပေးတဲ့အကြံဥာဏ်တွေကို မိမိကိုယ်ပိုင်အဖြစ် ပြောင်းလဲပစ်ပါ။

Recommended for you-သင့်ဘဝအတွက် အရေးကြီးဆုံး မေးခွန်းတစ်ခု!

Credit; Original Writer