Marketing

ရောင်းချခြင်းအနုပညာ

Read 2923 times
ရောင်းချခြင်းအနုပညာ

ရောင်းချခြင်းရဲ့ အဓိကရည်ရွယ်ချက်က ရောင်းထွက်သွားဖို့ဖြစ်ပြီး ရောင်းထွက်သွားခြင်းကို ဖြစ်စေတဲ့ အဓိကအချက်ကတော့ ဖလှယ်နိုင်စွမ်း (အလဲအလှယ်) ပဲဖြစ်ပါတယ်။

ပြန်စဉ်းစားကြည့်ရင် ကျွန်တော်တို့ ဘ၀တစ်လျှောက်လုံး အလဲအလှယ်တွေ လုပ်ခဲ့ကြတာချည်းပါပဲ (၅၂၈ မေတ္တာကလွဲလို့ပေါ့)။

ရောင်းချလဲလှယ်ခြင်းတွေရဲ့ နောက်ကွယ်မှာ သိထားသင့်တဲ့ အချက် ၃ ချက်ရှိပါတယ်။

 

-၅၂၈ ကလွဲရင် အရာတော်တော်များများကို အလဲအလှယ် လုပ်နေတယ်ဆိုတာကို သိထားသင့်ပါတယ်။

Physics မှာ Law of Conversion of Energy ဆိုတာရှိပါတယ်။

Law မှာပြောထားတာက ကမ္ဘာပေါ်မှာရှိတဲ့ Energy များပေါင်းခြင်းက ဘယ်တော့မှမပြောင်းလဲဘူး။

ပုံစံပြောင်းသွားတာပဲရှိတာပါလို့ပြောတယ်။

ရောင်းချခြင်းမှာလည်း အလဲအလှယ်လုပ်ရတာဖြစ်တဲ့အတွက် တစ်ခုခုကို ရယူချင်ရင် တစ်ခုခုကို ပြန်လည်ပေးရတာ သဘာဝပါပဲ။

ဒီနေရာမှာ သိထားသင့်တာက ကိုယ်ဝယ်လိုက်တဲ့အချိန်မှာ ရတာက ဘာကိုရလိုက်တာလဲ ?

ကိုယ်ကကော ဘာကိုပေးလိုက်ရတာလဲ ? ဆိုတာကို သိထားဖို့လိုပါတယ်။

ရတာကိုချည်းပဲ မတွေးပဲ ပေးလိုက်ရတာတွေကိုပါ တွေးထားဖို့လိုပါတယ်။

 

-ကိုယ်တစ်ခုခုကို ၀ယ်တော့မယ်လို့ စဉ်းစားတိုင်း ဘာတွေဆုံးရှုံးသွားနိုင်လဲဆိုတာကိုပါ ကြိုတွေးပါ။

ဘာကိုလိုချင်တာလဲ ? ဘာကြောင့်မို့လိုချင်တာလဲ ? . . . . . အဓိကရည်ရွယ်ချက်ကို သိအောင်လုပ်ပါ။

ရောင်းချတဲ့သူတွေအနေနဲ့ ဒီ ၂ ချက်ရဲ့ အဖြေကိုသိထားရင်ကို အရောင်းအ၀ယ်မှာ အများကြီး အထောက်အကူဖြစ်တာတွေ့ရမှာပါ။

လောကကြီးမှာ ဒီမေးခွန်းတွေနဲ့ အဖြေလိုက်ရှာကြည့်ပါ။

Tony Robbins ပြောထားတာကတော့ “Questions are the Answers” “ မေးခွန်းများသည် အဖြေများဖြစ်ပါတယ်” တဲ့။

 

- ရောင်းချချိန်မှာ ၀ယ်ယူသူနေရာကနေစဉ်းစားပါ။

ရောင်းချချိန်မှာ အရေးအကြီးဆုံးက ညှိနှိုင်းရတဲ့အချိန်ပါပဲ။

ဒီပညာကိုလည်း တတ်ထားသင့်ပါတယ်။ ညှိနှိုင်းချိန်မှာ ၀ယ်ယူသူနေရာက စဉ်းစားပေးခဲ့မယ်ဆိုရင် ရေရှည်ဆက်ဆံရေးဆိုတာကို ထိန်းထားနိုင်မှာပါ။

ကိုယ့်ဖက်ကရောင်းထုတ်ချင်တာကိုပဲ ကြည့်လို့မရသလို သူ့ဖက်ကအခြေအနေကိုလည်း နားလည်းပေးနိုင်ဖို့လိုပါတယ်။

ဒါမှ ရေရှည်ဆက်ဆံရေးဆိုတာရမှာပါ။ သူများအတွက်စဉ်းစားပေးလေလေ၊ သင်ပြန်ရတာများလာလေလေပါ။

ဒါကြောင့်ရောင်းချခြင်းပညာရပ်ကိုလေ့လာပါ။ သင်ယူပါ။

ဘ၀နေထိုင်နည်းတွေကိုပါ သင်ယူပြီးသားဖြစ်နေမှာပါ။

Recommended for you-မအောင်မြင်သောဈေးဆိုင်များ ၏ အလွဲများ!

Credit; htoozawwai