Global

စက်တင်ဘာ(၉)ရက်နေ့မှစပြီး ဒေါ်လာ(၂၂၉)နဲ့ ရောင်းမယ့် Google Nest Nub Max

Read 2011 times
စက်တင်ဘာ(၉)ရက်နေ့မှစပြီး  ဒေါ်လာ(၂၂၉)နဲ့ ရောင်းမယ့် Google Nest Nub Max

လူတွေဟာ မျက်နှာပြင် (၁၀)လက်မရုပ်ထွက်ပါဝင်တဲ့ စပီကာနှင့်ပတ်သက်ပြီး အများကြီးစိတ်ဝင်စားခဲ့ကြပါတယ်။ ဒါပေမယ့် ယင်းနောက်ပိုင်းမှာတော့ Google Nest Nub Max နဲ့ပတ်သက်ပြီး စုံးစုံးမြှုပ်သွားခဲ့ပါတယ်။ ယနေ့မှာ Google Nest Nub Max ဈေးကွက်သို့ ရောက်လာမယ့်နေ့ကို သိရပြီဖြစ်ပါတယ်။

Google Nest Nub Max ကို စက်တင်ဘာလ (၉) ရက်နေ့မှာ သြစတြေးလျ၊ အမေရိကန်၊ ဗြိတိန်တို့မှာ စတင်ရောင်းချသွားပါမယ်။ Google Nest Nub Max မှာ Touch Screen 10 လက်မပါဝင်ပြီး 1280x800px Resolution ထောက်ပံ့ထားပါတယ်။ ရှေ့ကင်မရာက 6.5MP ဖြစ်ပြီး ကြီးမားတဲ့စပီကာတစ်လုံး ပါဝင်ပါတယ်။

ဒါ့အပြင် မိုက်ခရိုဖုန်းများ၊ Bluetooth 5.0 ၊ Chromecast ၊ Wi-Fi 802.11ac တို့ ပါဝင်ပါတယ်။ ဈေးနှုန်း ဒေါ်လာ 229 ဖြစ်ပါတယ်။

Read More>>> လုပ်ငန်းအကြီးအသေးလိုက် အသုံးပြုသင့်တဲ့ Logo အမျိုးအစားများ

Source; NetGuide Journal