Marketing

ပုံစံဟောင်းထဲ ကျဆုံးသွားတဲ့ ဒဲလ်တာလေကြောင်းလိုင်း

Read 5383 times
ပုံစံဟောင်းထဲ  ကျဆုံးသွားတဲ့ ဒဲလ်တာလေကြောင်းလိုင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အမေရိကန် လေကြောင်းလိုင်းတွေထဲမှာ Delta Airlines ဟာ ဝန်ဆောင်မှု အတော်ကောင်းခဲ့ပါတယ်။ အတိုင်းထက်အလွန် ကောင်းခဲ့ပါတယ်။

ခရီးသည်တွေကို ဝန်ဆောင်မှု ပေးတာမှာ ဆရာအဆင့် ရှိတယ်။

Delta ဝန်ထမ်းတွေမှာ အပြုံးကိုယ်စီ ရှိနေကြတယ်။ လတ်ဆတ်တဲ့ အပြုံးတွေ ထပ်ထပ်ပြုံးနေကြတယ်။ ခရီးသည်‌ေတွက ပြန်ပြုံးပြမိကြရတဲ့အထိ ပါပဲ။

Delta စီးဖူးတဲ့ ခရီးသည်တွေက Delta ရဲ့ ဝန်ဆောင်မှု ကောင်းပုံကို ပြန်ပြောကြတယ်။ ၁၉၈၀ ပြည့်လွန်နှစ်များမှာတိုတော့ အွန်လိုင်းပေါ် တင်ပြလို့ မရသေးတာတောင် ခရီးသည်တွေက လေကြောင်းလိုင်းကို အခမဲ့ ကြော်ငြာစကား ပြောပေးကြတာ ကြော်ငြာ ဒေါ်လာ သန်း ၅၀၀ ဖိုးလောက် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။ 

ဝန်ဆောင်မှုမှာ အမှတ်ပြည့် ၁၀၀ ကျော်နေပေမဲ့ မားကက်တင်းက စာမေးပွဲ တဖုံးဖုံးကျနေပါတယ်။ ဆန်းသစ်တီထွင်မှုမှာလည်း အားနည်းနေတယ်။ ပုံစံဟောင်းထဲမှာပဲ သာယာနေတယ်။ 

American Airlines က အီလက်ထရွန်းနစ် ကြိုတင်လက်မှတ်ဝယ်စနစ် Sabre ကို စတင်သုံးစွဲတယ်။ ခရီးသည်တွေ သဘောကျကြတယ်။ခေတ်ပေါ် ဝန်ဆောင်မှု Sabre စနစ်ကြောင့် အမြတ်အစွန်းတွေ ပိုမို ရရှိတယ်။ 

လေကြောင်းလိုင်းတွေအကြား ဈေးနှုန်းစစ်ပွဲ ဆင်နွှဲကြချိန်မှာ Delta က ဈေးလျှော့ပေးတာတွေကို ရှင်းရှင်းလင်း ပြောပြအသိပေးနိုင်ခြင်း မရှိဘူး။

ဒီတော့ လက်မှတ်ရောင်းတဲ့ ကိုယ်စားလှယ်တွေက လက်မှတ်လာဝယ်တဲ့သူကို ရှင်းပြဖို့ ခက်ခဲနေတယ်။ ဒီတော့ ရှင်းပြရတာ လွယ်တဲ့ လေကြောင်းလိုင်းတွေရဲ့ လက်မှတ်တွေကို ဦးစားပေး ရောင်းချကြတယ်။ 

Delta ရဲ့ ကြော်ငြာတွေကလည်း ဘာမှ ပြောမပြနိုင်ကြဘူး။ သူ့ရဲ့ အင်မတန် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေအကြောင်း ပြောတာအပြင် တခြားပြောပြစရာ ရေရေရာရာ မပါဘူး။

မားကက်တင်း ညံ့ဖျင်းတာကြောင့် Delta ကျဆုံးသွားပါတယ်။ ခရီးစဉ်တွေ လျှော့ချရတယ်။ လေယာဉ်မှူးတွေ လျှော့ချရတယ်။ ခရီးသည်တွေ သဘောကျနှစ်ခြိုက်ကြတဲ့ ဝန်ထမ်းတွေလည်း လျှော့ချလိုက်ရပါတယ်။ အကျနာခဲ့ပါတယ်။ 

Delta က customer service ကို အပြည့်အဝ အာရုံစိုက်ထားတယ်။ ပြိုင်ဘက်ကင်းတဲ့ ဝန်ဆောင်မှုကို ပေးအပ်ပါတယ်။ 

ဝန်ဆောင်မှုက ဝန်ဆောင်မှု မားကက်တင်း  Service Marketing မှာ နှလုံးဖြစ်ပါတယ်။ ဒါပေမဲ့ နှလုံးတစ်ခုတည်းဖြင့် ဝန်ဆောင်မှု အသက်မရှင်နိုင်ပါ။ 

မားကက်တင်းက ဝန်ဆောင်မှု မားကက်တင်းရဲ့ ဦးနှောက် ဖြစ်ပါတယ်။ 

တကယ်လို့ ဦးနှောက်ကျဆုံးရင် နှလုံးလည်း ကျဆုံးသွားမှာ ဖြစ်ပါတယ်။

ဝန်ဆောင်မှု မားကက်တင်း Service Marketing မှာ ဝန်ဆောင်မှုက နှလုံးဖြစ်ပါတယ်။ မားကက်တင်းက ဦးနှောက် ဖြစ်ပါတယ်။ ဒီတာ့ ဝန်ဆောင်မှု မားကက်တင်း အောင်မြင်ဖို့ နှလုံးကောင်းဖို့ လိုတဲ့အပြင် ဦးနှောက်ကောင်းဖို့လည်း လိုပါတယ်။ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U