Marketing

ဝန်ဆောင်မှုဖြင့် တန်ဖိုးဖြည့်ထည့်ခြင်း

Read 3177 times
ဝန်ဆောင်မှုဖြင့် တန်ဖိုးဖြည့်ထည့်ခြင်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ယခုအခါမှာ ပစ္စည်းလက်လီရောင်းချသူတွေက မျိုးတူပစ္စည်း ရောင်းချသူအချင်းချင်း ယှဉ်ပြိုင်နေကြရတယ်။ ပစ္စည်းတစ်မျိုးက သူ့ဆီမှာပဲ ရနိုင်တာမျိုးက အတော်ရှားသွားပြီ။ 

ကိုယ့်ဆီ လာဝယ်အောင်ယှဉ်ပြိုင်တဲ့အခါ ပုံမှန်အားဖြင့် လုပ်နေကျ သုံးမျိုး ရှိတယ်။

၁။ ရောင်းဈေး သက်သာအောင် ကုန်ကျစရိတ်လျှော့ချခြင်း

၂။ တန်ဖိုးဖြည့်ထည့်ခြင်း

၃။ ၁ နှင့် ၂ နှစ်မျိုးစလုံး လုပ်ဆောင်ခြင်း

.

တန်ဖိုးဖြည့်ထည့်ကြတာမှာ ဝန်ဆောင်မှုကို ဖြည့်ထည့်ကြပါတယ်။

အွန်လိုင်းမှာ တိုက်ရိုက်ထုတ်လွှင့်ပြီး ဈေးရောင်းတယ်။ ကွန်တိန်နာကျလို့ ခေါ်တဲ့ ပစ္စည်းတွေက ဈေးသက်သာတယ်။ အရည်အသွေး စိတ်ချရတယ်။  မှာကြားလိုက်ရင် အိမ်တိုင်ရာရောက် ပစ္စည်းပို့ပေးတဲ့ ဝန်ဆောင်မှုပါတယ်။ လက်ထဲ ပစ္စည်းရောက်မှ ငွေရှင်းပေးရတယ်။ အဲဒီဝန်ဆောင်မှု ရလို့ ဝယ်ရတာ အဆင်ပြေနေစေပါတယ်။ 

ဈေးနှုန်း၊ အရည်အသွေး၊ ဝန်ဆောင်မှု သုံးခု အချိတ်အဆက် ပြေပြစ်နေမှ ဝယ်တဲ့သူတွေ ပုံမှန်လာဝယ်ကြတယ်။ သုံးခုမှာ တစ်ခု ချွတ်ချော်နေရင် နောက်ထပ်လာမဝယ်တော့ဘူး။

 

 photo_2023-04-23_09-15-33.jpg

 Levi’s ဂျင်းထည်ရဲ့ တန်ဖိုးဖြည့်ထည့်ပုံကို ဥပမာအဖြစ် တင်ပြပြီး "ဝန်ဆောင်မှု တန်ဖိုးဖြည့်ထည့်ခြင်း" ဆိုတာကို  အဆုံးသတ်ပါမယ်။

.

Levi’s က Personal Pair ဂျင်းထည်တွေ ရောင်းချပါတယ်။ 

Personal Pair ဝန်ဆောင်မှုမှာ ဝယ်မယ့်သူကို ကိုယ်တိုင်း ယူပါတယ်။ အတိုင်းအတာတွေကို အင်တာနက်မှတစ်ဆင့် ပိတ်စ ညှပ်တဲ့သူတွေဆီကို အချက်အလက် ပို့ပေးပါတယ်။ ညှပ်မယ်၊ ချုပ်မယ်။ ရလာတဲ့ဂျင်းထည်ကို ဝယ်ယူသူ နေရပ်လိပ်စာထံ FedEx အမြန်ချောပို့ဖြင့် ပို့ပေးပါတယ်။

ယခင် ချုပ်ပြီးသား ဂျင်းထည်တွေကို ရောင်းချတာဟာ ထုတ်ကုန်ကို ရောင်းချတာ ဖြစ်ပါတယ်။

Personal Pair ဂျင်းထည်ကို ရောင်းချတာဟာ တန်ဖိုးဖြည့်ထည့်ထားတဲ့ ထုတ်ကုန်ကို ရောင်းချတာ ဖြစ်ပါတယ်။ ဖြည့်ထည့်တဲ့ တန်ဖိုးက ဝန်ဆောင်မှု ဖြစ်ပါတယ်။ ဝယ်တဲ့သူက အဲဒီဝန်ဆောင်မှုကို ရချင်လို့ ဝယ်တာ ဖြစ်ပါတယ်။

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U