Customer

သင့်ကိုယ်သင်သူများထက်တော်ကြောင်းသိနိုင်သည့်အချက်များ

Read 9180 times
သင့်ကိုယ်သင်သူများထက်တော်ကြောင်းသိနိုင်သည့်အချက်များ

ယနေ့မှာတော့ Myanmar Advertising Directory မှ ထက်မြက်သည့်သူများရှိတတ်သည့် အမူအကျင့်များကို စုစည်းတင်ပြပေးလိုက်ပါတယ်။

၁။ ငယ်စဉ်ဘ၀တွင် စောစီးစွာစကားပြောခြင်း (သို့) စာဖတ်ခြင်း

ဗြိတိသျှသုတေသနပညာရှင်များ၏ တွေ့ရှိချက်အရ ငယ်စဉ်ဘ၀တွင် စတင် စကားပြောခြင်း (သို့) စာဖတ်သည့်အချိန် စောသည့် ကလေးငယ်များက လူကြီးဘ၀သို့ ရောက်သည့်အခါတွင် သာမန်လူများထက် ဥာဏ်ရည်ပိုမိုမြင့်မားကြောင်း သိရှိခဲ့ရပါတယ်။ အဘယ်ကြောင့်ဆိုသော် သုတေသနပညာရှင်များက ထိုကလေးငယ်၏ ဦးနှောက်ဖွံ့ဖြိုးမှုမြန်ဆန်ကြောင်း တွေ့ရှိခဲ့ပြီး အခြားသာမန် ကလေးများထက် ဦးနှောက်ဖွံ့ဖြိုးပြီး ဥာဏ်ရည်ပိုကောင်းမွန်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

၂။ ဘယ်သန်ဖြစ်ခြင်း

ဘယ်သန်ကလေးတွေကို သာမန်လူများ၏အမြင်မှာ ခနာကိုယ်အတွင်း ပြောင်းလဲမှုဖြစ်စဉ် မမှန်ကန်၍ ဘယ်သန်ဖြစ်တယ်ဟု ယူဆကြပါတယ်။ သို့ပေမယ့် တကယ်တမ်းတော့ ဘယ်သန်လူတွေဟာ သာမန်လူများထက် ပိုမိုဥာဏ်ကောင်းမွန်ကြပါတယ်။ သူတို့ဟာ သာမန်ညာသန်တွေထက် တီထွင်နိုင်မှုစွမ်းအား ပိုမိုကောင်းမွန်ပြီး ပြဿနာများကိုလည်း စိတ်အေးအေးထားပြီး ဖြေရှင်းနိုင်တတ်ကြပါတယ်။ ကမ္ဘာ့အောင်မြင်သူ အများစုဟာလည်း ဘယ်သန်ဖြစ်တဲ့အတွက် ဘယ်သန်ခြင်းဟာ ဥာဏ်ကောင်းခြင်း၏ လက္ခဏာရပ်တစ်ရပ်ဟု ဆိုနိုင်ပါတယ်။

၃။ ဟာသဥာဏ်ရွှင်ခြင်း

ဟာသဥာဏ်ရွှင်တဲ့သူတွေဟာ ဥာဏ်ကောင်းတဲ့သူတွေဟုလည်း ယူဆနိုင်ပါတယ်။ ဟာသဥာဏ်ဆိုတာ တော်ရုံတန်ရုံလူတွေမှာ လူတွေမှာ ရှိတတ်တဲ့ ဥာဏ်မဟုတ်ပါဘူး။ ဟာသဥာဏ်ရှိသူတွေဟာ ဖြစ်ပေါ်လာတဲ့ ကိစ္စရပ်တစ်ခုကို တစ်ခဏအတွင်း ဦးနှောက်ထဲတွင် စဉ်းစားမှုလုပ်ငန်းစဉ်လုပ်ဆောင်ကာ သွက်သွက်လက်လက် လူတွေသဘောကျနိုင်လောက်တဲ့ ဟာသတစ်ခုကို တီထွင်နိုင်တဲ့လူတွေဖြစ်ပါတယ်။

၎။ ဂီတကို ငယ်စဉ်ကတည်းက စိတ်ဝင်စားခြင်း

ထောင်ပေါင်းများစွာသော သုတေသနတွေ့ရှိချက်တွေအရ အသက် ၄ နှစ်အောက်ထက်ငယ်ပြီး ဂီတကိုစိတ်ဝင်စားသောကလေးတွေက သာမန်ကလေးများထက် ဥာဏ်ရည်ပိုကောင်းကြောင်းတွေ့ရှိရပါတယ်။ သူတို့ဟာ ၉၀% သော အကြားအာရုံစူးစိုက်မှုတွေကို ဂီတတွင် နှစ်မြှုပ်နိုင်ပြီး သာမန်ကလေးများထက် Verbal IQ ပိုကောင်းကြောင်းတွေ့ရပါတယ်။

Source: Inc. Southeast Asia