Broadcasting

Simcard မလိုပဲ ဖုန်းပြောနိုင်မဲ့  Mytel ရဲ့  eSim ဝန်ဆောင်မှု

Read 3695 times
Simcard မလိုပဲ ဖုန်းပြောနိုင်မဲ့  Mytel ရဲ့  eSim ဝန်ဆောင်မှု

ဒီဝန်ဆောင်မှုကို ရယူလိုသူတွေအနေနဲ့ eSim စနစ် အထောက်အပံ့ပါဝင်တဲ့ Device တွေမှာပဲအသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မိမိတို့ရဲ့ Device တွေမှာ ဒီစနစ်ပါခဲ့ရင် Mytel အရောင်းဆိုင်တွေမှာ eSim ဝန်ဆောင်မှုကိုရယူနိုင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

eSim ဆိုသည်မှာ ဆင်းမ်ကတ်အသုံးပြုစရာမလိုဘဲ eSIM ကနေတစ်ဆင့် ဆက်သွယ်ရေးဝန်ဆောင်မှု အကြောင်းအရာတွေကို သုံးစွဲသူတွေရဲ့မိုဘိုင်းဖုန်းထဲကို ဖော်ပြပေးမှာဖြစ်ကြောင်း၊ အဆိုပါဝန်ဆောင်မှု ရယူမှုအတွက် အခကြေးပေးရန်မလိုကြောင်းလည်း ဦးဇော်မင်းဦးက ဆက်လက်ပြောခဲ့ပါတယ်။


eSIM ဆိုတာ

eSIM ဆိုတာအကောင်အထည်ရှိတဲ့ SIM ကတ်မဟုတ်ဘဲ QR Code ကဲ့သို့ ကုဒ်နံပါတ်တစ်ခု ရိုက်ထည့်လိုက်တာနဲ့ သာမန် SIM ကတ်တစ်ကတ်သုံးနေရသလို ၀န်ဆောင်မှုအကုန်ရရှိမယ့် နည်းပညာဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ SIM card လဲလှယ်ရာမှာ ဖုန်းထဲက card tray ကိုဖွင့်ပြီး လဲလှယ်နေစရာမလိုတော့ဘဲ ဖုန်းထဲမှာတင်ကုဒ်နံပါတ်ကို ပြောင်းလဲလိုက်ရုံပါပဲ။ အသုံးပြုတဲ့လက်ကိုင်ဖုန်းနဲ့ မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီက ထောက်ပံ့ပေးဖို့တော့လိုပါတယ်။ နောက်ဆုံးပေါ် iPhone တွေမှာတော့ physical SIM နဲ့ eSIM ကိုထောက်ပံ့ပေးထားပါတယ်။

eSIM ဆိုတာဖုန်းထဲမှာရှိတဲ့ chip လေးတစ်ခုသာဖြစ်ပြီး NFC chip နဲ့အလုပ်လုပ်ပုံခြင်းတူပါတယ်။ eSIM ပေါ်မှာမှတ်ထားတဲ့ သတင်းအချက်အလက်တွေကို ပြန်ပြင်နိုင်တဲ့အတွက် operator အပြောင်းအလဲလုပ်ရလွယ်ပါတယ်။ eSIM ကိုမိုဘိုင်းဖုန်းကွန်ယက်အသင်းချုပ် GSMA ကအသိအမှတ်ပြုထောက်ပံ့ထားပါတယ်။


ပြည်ပခရီးအထွက်များတဲ့သူတွေအတွက်အဆင်ပြေစေနိုင်ပါတယ်။ သဘောတရားအရဆိုရင် eSIM ဟာနိုင်ငံခြားတိုင်းပြည်က မိုဘိုင်းဖုန်းကွန်ယက်ကို အထောက်အပံ့ပေးနိုင်ပြီး ပြည်ပခရီးအထွက်များတဲ့ သူတွေအနေနဲ့ ကိုယ့်မိခင်နိုင်ငံက ဖုန်းနံပါတ်နဲ့ကိုယ်ရောက်ရှိနေတဲ့ နိုင်ငံကဖုန်းနံပါတ် ၂မျိုးလုံးကို SIM card လဲလှယ်စရာမလိုဘဲ သုံးစွဲနိုင်ပါတယ်။

ရွေးကောက်ပွဲ အကြိုကာလ အွန်လိုင်း ကြော်ငြာတိုက်ပွဲ

eSIM ရဲ့အားသာချက်များ

SIM ကတ်လဲလှယ်ရလွယ်ကူခြင်းကရိကထမများဘဲ Operator တစ်ခုမက လွတ်လပ်စွာသုံးနိုင်ခြင်း ပိုမိုအဆင့်မြင့်သော မိုဘိုင်းကိရိယာများ ထွန်းကားလာရန်အားပေးနိုင်ခြင်း


eSIM မှာတွေ့ရလေ့ရှိတဲ့အဆင်မပြေမှုများ

ဖုန်းအသစ်လဲတဲ့အခါ ဖုန်းအဟောင်းထဲက eSIM အချက်အလက်တွေကိုဖျက်ဖို့လိုပါလိမ့်မယ်။ eSIM ဟာ cloud storage ပေါ်အခြေခံထားတာကြောင့် ဟက်ကာတွေအနေနဲ့ အသုံးပြုသူတွေရဲ့အချက်အလက်တွေကို ခိုးယူရပိုလွယ်တယ်လို့ တချို့ကထောက်ပြကြပါတယ်။ အသုံးပြုသူတွေကို eSIM ကို ပြောင်းလဲသုံးချင်လာအောင် စည်းရုံးဖို့လိုပါသေးတယ်။

eSIM အထောက်အပံ့ရနိုင်တဲ့နိုင်ငံများကတော့ သြစတြီးယား၊ ကနေဒါ၊ ခရိုအေးရှား၊ ချက်သမ္မတနိုင်ငံ၊ ဂျာမနီ၊ ဟန်ဂေရီ၊ အိန္ဒိယ၊ စပိန်၊ UK၊ USA နှင့် မြန်မာ တို့ပဲဖြစ်ပါတယ်။

Source: internet,myanmore
Myanmar Advertising Directory