Marketing

စီးပွားရေးလုပ်ငန်းသေးသေးလေးကနေ အကြီးစားလုပ်ငန်းဖြစ်လာဖို့ဆိုရင်

Read 1489 times
စီးပွားရေးလုပ်ငန်းသေးသေးလေးကနေ အကြီးစားလုပ်ငန်းဖြစ်လာဖို့ဆိုရင်

အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ အသေးစားစီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့လုပ်ငန်းရှင်တွေအတွက် သင့်ရဲ့လုပ်ငန်းသေးသေးလေးကနေ တဖြည်းဖြည်းကြီးမားလာဖို့ဆိုရင် လုပ်ဆောင်သင့်တဲ့ အချက်တွေကိုဖော်ပြပေးမှာ ဖြစ်ပါတယ်။


၁။ Bringing customer

ဒီအဆင့်ကို ဘယ်လုပ်ငန်းမဆိုဖြတ်ကျော်ရမှာပါ။ သတိထားရမှာက ကိုယ့်ဆီဖောက်သည်ရဖို့ ဈေးနှုန်းကိုပေါက်ဈေးထက်လျော့တာမျိုးတွေမလုပ်သင့်ပါဘူး။ ဈေးနှုန်း တူရင်တောင် ဝန်ဆောင်မှုကောင်းတဲ့ ဆီမှာပဲဝယ်ယူကြမှာပါ။ ဒါကြောင့် ပုံမှန်ဖောက်သည် မရသေးချိန် လုပ်ငန်းစလည်ပတ်ချိန်မှာ ကိုယ့်ဆီလာတဲ့ customer ကို စိတ်ကျေနပ်မှုပေးနိုင်တဲ့ ဝန်ဆောင်မှုဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။


၂။ Keeping people

ကိုယ့်ဆီတစ်ကြိမ်လာဝယ်ပေမယ့် နောက်အကြိမ်တိုင်း လာဝယ်ချင်လောက်အောင် ဝန်ဆောင်မှုကောင်းလို့ပါ စိတ်ရှည်လို့ပါ။ Keeping people ဆိုတာကတော့ ဖောက်သည်များကို ထိန်းသိမ်းခြင်း ဒါမှမဟုတ် ဝန်ထမ်းကောင်းများကိုထိန်းသိမ်းခြင်း ဆိုတဲ့သဘောပါ။ ဒါကြောင့် ဒီအဆင့်ကို ကျွမ်းကျင်သူများသာ တနှစ်ဆိုတဲ့ သက်တမ်းကို ဖြတ်သန်းနိုင်တာပါ။ ဒါပေမယ့်တခါတလေ ဝန်ဆောင်မှုကောင်းပီး ခဏနဲ့ပျောက်သွားတဲ့ လုပ်ငန်းတွေလဲရှိပါတယ်။ သူတို့ဘာကြောင့် ပျောက်ကွယ်သွားရတာလဲဆိုရင် ဝန်ဆောင်မှုကောင်းတာကို ကြာကြာမထိန်းထားနိုင်ခဲ့လို့ပါ။

ကြော်ငြာဓာတ်ပုံတွေကို သက်ဝင်လှုပ်ရှားလာအောင် လုပ်ပေးနိုင်တဲ့ နည်းလမ်း (၁၅) ခု
၃။ Making good leaders

ဒီအဆင့်ကို ကျော်နိုင်ရင်တော့ သင့်စီးပွားရေးတော်တော် ကောင်းနေလောက်ပါပြီ။ အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် လုပ်ငန်းတစ်ခုမှာ တယောက်ထဲကပဲ ထူးချွန်နေရင် အဲ့လုပ်ငန်းအဖွဲ့စည်း မကြာမှီ ပျက်ပါတော့မယ်။ ဒါဆိုဘာလုပ်ရမလဲ ကိုယ်လိုတော်တဲ့ စိတ်ဓာတ်ကောင်းတဲ့သူတွေကို များများမွေးထုတ်ပေးဖို့လိုတာပါ။ ဒါမှ ကိုယ့်ရဲ့လုပ်ငန်းတိုးချဲ့ဖို့ အထောက်ကူ ဖြစ်မှာပါ။ တရုတ်ပြည်ရဲ့ သန်းကြွယ်သူဌေးတယောက်ဖြစ်တဲ့ Jackma က" ကျွန်တော့်ဆီ အင်တာလာဗျူးတဲ့သူကို ကြည့်တယ် နောက်လာမယ့် ၅နှစ်အတွင်း ကျွန်တော်သူဌေးဖြစ်နိုင်တယ်ဆိုရင် တန်းပြီးအလုပ်ခန့်လိုက်တာပါပဲ"လို့ပြောဖူးပါတယ်။ ကိုယ့်အလုပ်မှာ တကယ်ကောင်းတဲ့သူတွေကို ချီးမြှောက်သင့်တာချီးမြောက်ပီး နေရာပေးရပါလိမ့်မယ်


၎။ Building by the leaders

ကိုယ့်ရဲ့ယုံကြည်စိတ်ချရတဲ့ ခေါင်းဆောင်တွေနဲ့ လုပ်ငန်းကြီးတစ်ခုကို တည်ဆောက်ရမှာပါပဲ။ ဒီအဆင့်ကတော့ တကယ်ကို ၉၀% နီးပါးအောင်မြင်နေပီလို့ပြောလို့ရပါတယ်။ သတိထားရမှာက ငွေးကြေးကိုပုံမှန်စာရင်းဇယား စစ်ဆေးဖို့လိုပါတယ်။

ဒီအဆင့်တွေ အားလုံးကိုသိထားမယ်ဆိုရင် သင့်ရဲ့အသေးစားစီးပွားရေးလုပ်ငန်းကို ကြီးမားလာအောင်ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

Myanmar Advertising Directory