Digital Marketing

မိမိရဲ့ Products အကြောင်းကို SMS Marketing နဲ့ကြော်ငြာမယ် ဆိုရင်

Read 1664 times
မိမိရဲ့ Products အကြောင်းကို SMS Marketing နဲ့ကြော်ငြာမယ် ဆိုရင်

ဒီတော့ နိုင်ငံရဲ့ လူဦးရေ ၈၀ ရာခိုင်နှုန်းလောက် မိုဘိုင်းဖုန်းအသုံးပြုနေတယ်ဆိုရင် အဲ့ဒီ လူဦးရေ ဆီကို မိမိရဲ့ Product အကြောင်းကြော်ငြာဖို့ စဉ်းစားကြရပြီ။ အဲ့ဒီတော့ ဘယ်လို အနေထားကနေ ကြော်ငြာကြမလဲ။ SMS နဲ့ Products အကြောင်းကို ကြော်ငြာမယ်ဆိုရင် အရေးကြီးတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

 


Benefit ကို သိဖို့လိုမယ်

SMS Marketing ဟာ တိုက်ရိုက်မားကတ်တင်း ဖြစ်ပြီး ချက်ချင်းထိရောက်တဲ့ ကြော်ငြာမျိုးဖြစ်တယ်။ SMS Marketing ဟာ ကိုယ့်ရဲ့ ကြော်ငြာ Campaign ကို Launch လုပ်လိုက်တဲ့ အချိန် ၁၅ မိနစ်အတွင်းမှာ အဲ့ဒီ SMS ကို ဖတ်ရှုတဲ့ လူဦးရေဟာ ၉၇ ရာခိုင်နှုန်းအထိရှိပါတယ်။ SMS ကနေ တစ်ဆင့် ကြော်ငြာခြင်းဟာ ROI ကောင်းတဲ့ ကြောငြာခြင်း တစ်ခုဖြစ်တယ်လို့ဆိုပေမဲ့ SMS ဆိုတာ တိုတောင်းပြီး ထိရောက်တဲ့ သတင်းအချက်အလက် တွေကိုသာ ပေးစွမ်းနိုင်တာ ဖြစ်တဲ့အတွက် အခြား Popular ဖြစ်နေတဲ့ Channel တွေနဲ့ ချိတ်ဆက်ကြော်ငြာမှသာ မှာပါ။

 


Benefit တော့သိပြီး ဘယ်လိုအရာတွေကို ရှောင်ကြဉ်သင့်လဲ

အဓိက အချက်ကတော့ Copy ပါ။ SMS ကနေ တစ်ဆင့် ကြော်ငြာတဲ့အခါမှာ သေချာတာက သင့်ရဲ့ Copy ဟာ တိုတိုနဲ့ လိုရင်းကို ပြောနိုင်ရမယ်။ တခြား Channel တွေနဲ့ချိတ်ဆက်ပြီး ကြော်ငြာတဲ့အခါ ပိုပြီးအောင်မြင်မှုရှိပါတယ်။

 


ဘယ်လိုအရာတွေကို SMS ကနေ တစ်ဆင့် ကြော်ငြာသင့်လဲ

 

ကိုယ့် Product ရဲ့ Promotion တွေ၊ Discount ချတဲ့ အစီအစဉ်တွေ၊ ပြီးတော့ အရောင်းနဲ့ ပတ်သက်ပြီးတော့လည်း ကြော်ငြာတွေ ပေးပို့နိုင်ပါတယ်။ ဒီထက်ပိုပြီး ကိုယ်က တတ်နိုင်တယ်ဆိုရင်တော့ ကိုယ့် Customer တွေရဲ့ မွေးနေ့ဆုမွန်ကောင်း တွေကိုလည်းပေးပို့နိုင်ပါသေးတယ်။

 

ဘယ်သူတွေက ဝန်ဆောင်မှုပေးနေလဲ

Telecom တွေကနေ တစ်ဆင့် တိုက်ရိုက်စုံစမ်း ကြည့်နိုင်ပါတယ်။ Miracle Digitech ဆိုတဲ့ Company ကလည်း ဝန်ဆောင်မှုပေးနေတာကိုတွေ့ရပါတယ်။ အဆင်ပြေမယ်ဆိုရင်တော့ Facebook ကနေ ရှာပြီး မေးကြည့်နိုင်ပါတယ်။ Telecom တွေကို တိုက်ရိုက် မေးချင်ရင်တော့ သူတို့ရဲ့ Call Center ဖုန်းနံပါတ်ကနေ တစ်ဆင့်မေးမြန်းနိုင်ပါတယ်။

 


ချို့ယွင်းချက်

ဘယ်အရာမဆို စင်းလုံးချော နေတာမျိုးဆိုတာ ကတော့ မရှိဘူးလေ။ အဲ့ဒါကြောင့် SMS မားကတ်တင်းမှာလည်း ချို့ယွင်းချက်လေးတွေတော့ရှိတယ်။ အဲ့ဒါကတော့ Specific Target Audience ကို မရရှိနိုင်တာပဲ။ Overall သွားနေတာ ဖြစ်တဲ့အတွက်ကြောင့် ကိုယ်က ဖုန်းနံပါတ်ဘယ်နှစ်လုံးကို SMS လွှတ်မယ်ဆိုပြီးပဲ Set Up လုပ်လို့ပါတယ်။ ဘယ်အသက်အရွယ် အသုံးပြုနေတဲ့ ဖုန်းနံပါတ်ကို ရွေးချယ်ပြီး SMS ပို့မယ်လို့ မရပါဘူး။

 


Source; Digital Marketing For Myanmar SMEs

Myanmar Advertising Directory

 

Read More...သင့်လုပ်ငန်း အတွက် Instagram မှာ Video Tip တွေတင်ချင်ရင်