Digital Marketing

မကြာခင်မှာ ကြော်ငြာလုပ်ငန်းတွေ ခေတ်စား လာနိုင်ချေရှိတဲ့ Snapchat...

Read 1321 times
မကြာခင်မှာ ကြော်ငြာလုပ်ငန်းတွေ ခေတ်စား လာနိုင်ချေရှိတဲ့ Snapchat...

အခု ဖော်ပြပေးမယ့် အကြောင်းအရာကတော့ Snapchat ဟာ သိပ်မကြာခင်ကာလမှာ ပို့စ်တွေကို ၂၄နာရီ မဟုတ်တော့ပဲ အမြဲတမ်း တင်နိုင်အောင် လုပ်ဆောင်နေပြီ ဆိုတာပါပဲ။


ဖေ့စ်ဘုတ်ခ်လိုမျိုး Snapchat ကိုလည်း အသုံးပြုလို့ရမှာ ဖြစ်တာကြောင့် သတင်းကောင်း တစ်ခုဖြစ်မှာပါ။ အချို့ အသုံးပြုသူတွေဟာ သူတို့ရဲ့ ပို့စ်တွေကို အမြဲတင်ချင်ပေမယ့် ၂၄ နာရီ ကြာရင် အလိုလို ပျက်သွားတာကြောင့် စိတ်အလိုမကျမှုလေးတွေ ဖြစ်တတ်ပါတယ်။


ဒီလိုသာ အမြဲတမ်း တင်နိုင်မယ်ဆိုရင် Snapchat အသုံးပြုသူတွေလည်း ပိုမို များပြားလာနိုင်ပြီး Snapchat Audience အရေအတွက် ယခင်ကထက် ပိုပြီး တိုးပွားလာမှာ အမှန်ပါပဲ။


ုပြီးတော့ Social Media Network တွေနဲ့ ချိတ်ဆက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ Snapchat နဲ့ပါ ချိတ်ဆက်ပြီး ကြော်ငြာလုပ်ငန်းတွေ လုပ်ဆောင်လို့ ရနိုင်ပါတယ်။ ဒါ့အပြင် လက်ရှိ Snapchat မှာ ရှိနေပြီးသား စီးပွားရေးတွေအတွက်လည်း ပိုပြီး အဆင်ပြေလာနိုင်ပါတယ်။


လက်ရှိ တစ်ကမ္ဘာလုံးမှာ Snapchat ကို လစဉ်အသုံးပြုသူပေါင်း ၃၀၀ မီလီယံကျော် ရှိနေပြီ ဖြစ်ပါတယ်။ Snapchat အသုံးပြုသူ လူဦးရေ ၇၀ ရာခိုင်နှုန်းဟာ ၃၄ နှစ်အောက်လူငယ်တွေ ဖြစ်ပါတယ်။


Snapchat ဟာ ၂၀၁၁ ခုနှစ်ကစပြီး ထွက်ပေါ်လာခဲ့ပြီး အခုဆိုရင် ၉နှစ်ရှိနေပြီ ဖြစ်ပါတယ်။ Snapchat မှာ ပို့စ်တင်တာ၊ video တင်တာ၊ စကားပြောတာတွေ လုပ်နိုင်ပြီး နောက်ပိုင်း မိမိစီးပွာရေးတွေကို ကြော်ငြာမယ်ဆိုရင် Snapchat ကိုလည်း အသုံးပြုကြည့်သင့်ပါတယ်။


Source; SEJ

နောက်တစ်ပုဒ်ဆက်ဖတ်ရန်... Surrogate Advertising ကို ဘယ်လိုကုန်ပစ္စည်းတွေ အသုံးများလဲ