Global

ကြော်ငြာခြင်းတိုးမြှင့်ရန်အတွက် Brand Profileများကို စတင်မိတ်ဆက်လိုက်တဲ့ Snapchat

Read 1720 times
ကြော်ငြာခြင်းတိုးမြှင့်ရန်အတွက် Brand Profileများကို စတင်မိတ်ဆက်လိုက်တဲ့ Snapchat

 

ကုန်အမှတ်တံဆိပ်Profileတွေမှာ Shopify နဲ့တိုးမြှင့်ထားသောlenseတွေအသုံးပြုထားတဲ့ Snapchat အက်ပလီကေးရှင်းအတွင်း ပစ္စည်းတွေကို ၀ယ်ယူရန်နှင့်အသုံးပြုနိုင်တဲ့ In-app virtual store များပါ၀င်ပါတယ်။ပရိုဖိုင်းမှာ အမှတ်တံဆိပ်တွေက သူတို့ရဲ့ အကောင်းဆုံး publicသုံး Snaps, Story, ဓာတ်ပုံနှင့်ဗီဒီယိုတွေကို အမြဲတမ်းပြသနိုင်မှာ ဖြစ်ပါတယ်။

 

Brand Profileတွေက အများပြည်သူဖန်တီးတဲ့ကိုယ်ရေးကိုယ်တာများနှင့်တူညီသော လုပ်ငန်းဆောင်တာများစွာရှိနေပါလိမ့်မယ်။ သို့သော် အသုံးပြုသူတွေက ထူးခြားတဲ့ ဝက်ဘ်ဆိုက်တွေကို အသုံးပြုကြမှာဖြစ်ပါတယ်။ထို့ကြောင့် ဒီအင်္ဂါရပ်ကို အသုံးပြုသော အသင်းမန်နေဂျာတွေက မိုဘိုင်း app အတွင်းရှိ အကြောင်းအရာတွေကို စီမံရန်မလိုပါဘူး။အများသုံးပရိုဖိုင်းများကဲ့သို့ပင်အမှတ်တံဆိပ်တွေက သူတို့ရဲ့ ဇာတ်လမ်းတွေကိုကြည့်ရှုသူများအတွက် လူဦးရေစာရင်းနှင့်စိတ်ဝင်စားမှုများကိုတွေ့နိုင်ပါတယ်။

 

အသုံးပြုသူတွေက ရှာဖွေခြင်း၊ QR ကုဒ်များနဲ့အမှတ်တံဆိပ်ရဲ့ကြော်ငြာများမှ တဆင့်အမှတ်တံဆိပ်များကိုရှာဖွေ တွေ့ရှိနိုင်ပါတယ်။ အကယ်၍ သူတို့သာ subscribe လုပ်ထားမယ်ဆိုရင် Discoverရှိ အမှတ်တံဆိပ်မှ အသစ်သောအကြောင်းအရာများကို တွေ့ရမှာ ဖြစ်ပါတယ်။AR lensesကိုတစ်ချိန်ကsubscribe လုပ်ထားပါကLens Explorerမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။

 

Ref:TalkingInfluence