Business Marketing

လူမွုစီးပြားေရးကုမၸဏီဆိုတာ

Read 2235 times
လူမွုစီးပြားေရးကုမၸဏီဆိုတာ

ဘယ္လိုပဲ ျဖစ္ျဖစ္ သူတို႔ရဲ႕ သူတုိ႔ဆံုးျဖတ္ခ်က္ေတြမွာေတာ့ ရည္ရြယ္ခ်က္ႏွစ္ခုလံုးပါၿပီးသားပါ။ သူတို႔ဟာ လူေတြကို တတ္ႏိုင္သေလာက္ ပိရမစ္ေအာက္ေျခကဆြဲတင္ဖို႔ အႀကီးမားဆံုး ေမွ်ာ္လင့္ခ်က္ထားေပးခဲ႔ၾကပါတယ္။

အင္ဒိုနီးရွားဟာ ၁၉၉၀ျပည့္ႏွစ္ စီးပြားေရးအက်ပ္အတည္းဆိုက္မွဳနဲ႔အတူ အေသးစားေခ်းေငြ ဦးေဆာင္ လမ္းျပမွဳကို ဂရုစိုက္ခဲ႔တဲ့ႏုိင္ငံျဖစ္ၿပီး လက္ရွိအခ်ိန္ထိလည္း စိတ္၀င္စားစရာ ကိစၥအေျခအေနနဲ႔ ႏွစ္ႏွစ္ကာကာ ဆက္လုပ္ေဆာင္ေနပါတယ္။

Bank Rakyat Indonesia ဆိုတာႏုိင္ငံရဲ႕ အေသးစားေခ်းေငြလုပ္ငန္းမွာ အိမ္ေထာင္စု ၃ပံု၁ပံုထိ အားကိုးရာ ျဖစ္ေနၿပီလို႔ ခန္႔မွန္းရပါတယ္။ ဒါနဲ႔အမွ် ေငြစုသူသန္း၃၀ေက်ာ္နဲ႔ ကမၻာေပၚမွာ အႀကီးဆံုုး ေငြေၾကးလုပ္ငန္း ျဖစ္သလို ေငြေခ်းသူ ၃သန္းေက်ာ္ကို ေထာက္ပံ့ေပးႏိုင္တဲ့ တတိယအႀကီးဆံုး အေသးစားေငြေခ်း႒ာန ျဖစ္ခ႔ဲပါတယ္။ ေငြေခ်းသူေတြကလည္း အင္ဒိုနီးရွားႏုိင္ငံရဲ႕ စီးပြားေရးကို အားေကာင္းေစမယ့္ လူမွုေရးဆုိင္ရာ စြန႔္ထင္လုပ္ငန္းရွင္ေတြ ျဖစ္လာဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

Read-ေအာင္ျမင္ေသာ စီးပြားေရးလုပ္ငန္းရွင္တစ္ေယာက္ျဖစ္ခ်င္ပါသလား။

လူမွဳစီးပြားေရး ကုမၸဏီေတြရဲ႕ ေအာင္ျမင္မွုကုိ တုိင္းတာႏုိင္တဲ့ စံႏွဳန္း၃ခုရွိပါတယ္။ ဒီစံေတြအရ ဒီလုိကုမၸဏီဟုတ္၊ မဟုတ္ဆိုတာ အလြယ္တကူသိႏုိင္ပါတယ္။

(၁) သံုးစြဲေလာက္တဲ့ ၀င္ေငြေတြရေအာင္လုပ္ေပးႏိုင္မွဳ

(၂) ဒီ၀င္ေငြကို အရင္းအႏွီးလုပ္ဖို႔နဲ႔

(၃) ၀င္ေငြေတြကုိ ပိုမိုတိုးပြားေစမွဳေေတြပါပဲ။

ဆရာညီညီႏိုင္(ျမန္မာျပန္)၏ marketing 3.0စာအုပ္မွေကာက္ႏွုတ္ေဖာ္ျပသည္။

Unicode Version

လူမှုစီးပွားရေးကုမ္ပဏီဆိုတာ Muhammad Yunusရဲ့ အခေါ်အဝေါ်ဖြစ်ပြီး ငွေရအောင်လုပ်ရင်းက လူ့အကျိုးပြု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ ကုမ္ပဏီတစ်ခုကို ဆိုလိုတာပါ။ ဒါဟာNGO မဟုတ်သလို ပရဟိတ အဖွဲအစည်း လည်းမဟုတ်ပါဘူး။ လူမှုရေးစီးပွားရေး ကုမ္ပဏီဆိုတာ အစပထမမှာ လူမှုရေးရည်ရွယ်ချက်တွေနဲ့ တည်ထောင် ခဲ့တာဖြစ်တယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း စီးပွားရေးကုမ္ပဏီအဖြစ် အသွင်ပြောင်းနိုင်ချေရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ရဲ့ သူတို့ဆုံးဖြတ်ချက်တွေမှာတော့ ရည်ရွယ်ချက်နှစ်ခုလုံးပါပြီးသားပါ။ သူတို့ဟာ လူတွေကို တတ်နိုင်သလောက် ပိရမစ်အောက်ခြေကဆွဲတင်ဖို့ အကြီးမားဆုံး မျှော်လင့်ချက်ထားပေးခဲ့ကြပါတယ်။
အင်ဒိုနီးရှားဟာ ၁၉၉၀ပြည့်နှစ် စီးပွားရေးအကျပ်အတည်းဆိုက်မှုနဲ့အတူ အသေးစားချေးငွေ ဦးဆောင် လမ်းပြမှုကို ဂရုစိုက်ခဲ့တဲ့နိုင်ငံဖြစ်ပြီး လက်ရှိအချိန်ထိလည်း စိတ်ဝင်စားစရာ ကိစ္စအခြေအနေနဲ့ နှစ်နှစ်ကာကာ ဆက်လုပ်ဆောင်နေပါတယ်။
Bank Rakyat Indonesia ဆိုတာနိုင်ငံရဲ့ အသေးစားချေးငွေလုပ်ငန်းမှာ အိမ်ထောင်စု ၃ပုံ၁ပုံထိ အားကိုးရာ ဖြစ်နေပြီလို့ ခန့်မှန်းရပါတယ်။ ဒါနဲ့အမျှ ငွေစုသူသန်း၃၀ကျော်နဲ့ ကမ္ဘာပေါ်မှာ အကြီးဆုုံး ငွေကြေးလုပ်ငန်း ဖြစ်သလို ငွေချေးသူ ၃သန်းကျော်ကို ထောက်ပံ့ပေးနိုင်တဲ့ တတိယအကြီးဆုံး အသေးစားငွေချေးဋ္ဌာန ဖြစ်ခဲ့ပါတယ်။ ငွေချေးသူတွေကလည်း အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကို အားကောင်းစေမယ့် လူမှုရေးဆိုင်ရာ စွန့်ထင်လုပ်ငန်းရှင်တွေ ဖြစ်လာဖို့ မျှော်လင့်နေကြပါတယ်။
လူမှုစီးပွားရေး ကုမ္ပဏီတွေရဲ့ အောင်မြင်မှုကို တိုင်းတာနိုင်တဲ့ စံနှုန်း၃ခုရှိပါတယ်။ ဒီစံတွေအရ ဒီလိုကုမ္ပဏီဟုတ်၊ မဟုတ်ဆိုတာ အလွယ်တကူသိနိုင်ပါတယ်။
(၁) သုံးစွဲလောက်တဲ့ ၀င်ငွေတွေရအောင်လုပ်ပေးနိုင်မှု
(၂) ဒီဝင်ငွေကို အရင်းအနှီးလုပ်ဖို့နဲ့
(၃) ၀င်ငွေတွေကို ပိုမိုတိုးပွားစေမှုေတွေပါပဲ။
ဆရာညီညီနိုင်(မြန်မာပြန်)၏ marketing 3.0စာအုပ်မှကောက်နှုတ်ဖော်ပြသည်။