Digital Marketing

Social Media တွေမှာ Hashtag ကို ဘယ်နှခုထိ သုံးသင့်လဲ

Read 2057 times
Social Media တွေမှာ Hashtag ကို ဘယ်နှခုထိ သုံးသင့်လဲ

နားလည်အောင်ပြောရရင်တော့ လမ်းညွန်တံဆိပ် (Label) လေးတွေပါပဲ။

Cabinet တစ်ခုထဲမှာ receipts လက်ခံဖြတ်ပိုင်းလေးတွေ တစ်စုတစည်းထားထားပြီး သူ့ ဖိုင်တွဲလေးနဲ့ ထား ၊ receipt လက်ခံ ဖြတ်ပိုင်းဆိုတဲ့ Label လေး တပ်ပေးလိုက်တဲ့အခါ ပြန်ရှာရတဲ့အခါ လွယ်ကူနိင်တဲ့ သဘောမျိုးကိုဆိုလိုတာပါ။

Hashtags လေးတွကလည်း သူနဲ့တူတဲ့ အကြောင်းအရာလေးကို စုစည်းပေးပြီး လိုချင်တဲ့အကြောင်းအရာ၊ အချက် အလက်တွေကို မြန်မြန်ဖော်ထုတ် ပေးနိင်ပါတယ်။

ဒ့ါအပြင် Hashtag ဟာ မိမိရေးသားထားတဲ့ Content တွေကို အမှန်တကယ် စိတ်ဝင်စားတဲ့ သူတွေဆီကို သွားရောက်ပြသတဲ့ နေရာမှာ အသုံးဝင်ပါတယ်။

Instagram က အသစ်မိတ်ဆက်လိုက်တဲ့ Video Scrubbing Feature

ဒါကြောင့် သင့်လုပ်ငန်းကို Facebook, Instagram, Twitter, Linkedin, Youtube စတဲ့ Social Media တွေမှာ ကြော်ငြာမယ်ဆိုရင် Hashtag စဉ်းစားဖို့အတွက် လိုအပ်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Facebook မှာ Hashtag ကို အများဆုံး ၅ခု ၆ခု လောက်အထိပဲ ထည့်သုံးသင့်ပါတယ်။

Instagram မှာ Hashtag ကို အများဆုံး ၃၀ ထိ သုံးလို့ ရပါတယ်။

Twitter , Linkedin မှာ Hashtag ကို အများဆုံး ၂ခု ၃ခု လောက် သုံးတာအကောင်းဆုံးပါပဲ။

Youtube မှာတော့ Hashtag ကို အများဆုံး ၅ခု ကနေ ၈ခုထိ အသုံးပြုလို့ရပါတယ်။

ဒါပေမယ့် မိမိလုပ်ငန်းပေါ်မူတည်ပြီး Hashtags များကို လိုတိုးပိုလျော့ အသုံးပြုလို့ရပါတယ်။

Htet Htet Naing
Myanmar Advertising Directory