Digital Marketing

ဆိုရှယ်မီဒီယာနဲ့လုပ်ငန်းတွဲလုပ်ခဲ့လို့ ရရှိလာတဲ့အောင်မြင်မှုရာခိုင်နှုန်းများ

Read 1977 times
ဆိုရှယ်မီဒီယာနဲ့လုပ်ငန်းတွဲလုပ်ခဲ့လို့ ရရှိလာတဲ့အောင်မြင်မှုရာခိုင်နှုန်းများ

ဒီလိုကြီးမားကျယ်ပြန့်လာတဲ့ Social Media ကို တွဲပြီးလုပ်ကိုင်နေတဲ့လုပ်ငန်းတွေရဲ့ ရလဒ်တွေကလဲ ကောင်းတဲ့ရလဒ်တော်တော်များများကို တွေ့ရပါတယ်။ နောက်ပိုင်းမှာ Marketing နဲ့ပတ်သတ်တဲ့ အရေးကြီးသုံးသပ်ချက်တွေပါ ရှိလာခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုရင် Consumer တွေရဲ့ (၉၃)ရာခိုင်နှုန်းက Social Media ပေါ်က Review တွေကို ကြည့်ရှုပြီး သူတို့ရဲ့ဝယ်ယူမှုပြုလုပ်နေတာကို တွေ့ရပါတယ်။

အဲ့ဒီ (၉၃)ရာခိုင်နှုန်းထဲက Consumer တွေထဲမှာမှ (၈၀)ရာခိုင်နှုန်းသော Customer တွေက သူတို့မိတ်ဆွေ၊ သူငယ်ချင်းတွေရဲ့ Suggestion တွေကြောင့် ဝယ်ယူမှုပြုလုပ်နေတာကိုလည်း တွေ့ရပါတယ်။ ဒီလို Social Media ပေါ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ အောင်မြင်မှုတွေကို သုံးသပ်ကြည့်နိုင်မယ့်အချက်တွေကို ပြောရမယ်ဆိုရင်လည်း အောက်ပါအချက်တွေနဲ့ ကြည့်ရှုနိုင်ပါတယ်။

(၁) Customer တွေဘက်ယုံကြည်မှု အများအပြားရရှိလာစေတဲ့ အကြောင်းရင်းကလည်း Social Media ပေါ်မှာ Service နဲ့ Product တွေကို Online Review တွေ Suggestion တွေမှတစ်ဆင့် ယုံကြည်စိတ်ချစွာဝယ်ယူလာကြပါတယ်။

(၂) စားသောက်ဆိုင်လုပ်ငန်းတွေရဲ့ အဓိကအစားအသောက်တွေရဲ့ ရောင်းအားကလည်း Social Media နဲ့ တွဲဖက်လုပ်ကိုင်ပြီး ရောင်းချခဲ့ရတဲ့ရောင်းအားက (၂၀)ရာခိုင်နှုန်း ဒါမှမဟုတ် (၃၀)ရာခိုင်နှန်း ကြားမှာရှိခဲ့တာကိုလည်း တွေ့ရှိရပါတယ်။

(၃) ဟိုတယ်လုပ်ငန်းတွေမှာဆိုရင်လည်း တွဲလုပ်ထားတဲ့ Social Media ကြောင့်ရရှိခဲ့တဲ့ Hotel Booking တွေဟာဆိုရင်လည်း (၇၅)ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။

Advertising Agencies & Specialists (ကြော်ငြာအေဂျင်စီများနှင့်ကျွမ်းကျင်သူများ (၄၃၈)ခုကိုရှာရန်နှိပ်ပါ)

(၄) Online Recommendation တွေကြောင့် သိရှိလာတဲ့လူဦးရေဟာဆိုရင် (၈၄)ရာခိုင်နှန်း အထိရှိလာခဲ့ပါတယ်။

(၅) Online ပေါ်က Opinion Post တွေကြောင့်ရရှိလာတဲ့ Trusted Consumer တွေဟာဆိုရင်လည်း (၆၈)ရာခိုင်နှုန်းရှိလာပါတယ်။

(၆) Social Media ပေါ်မှာ Trust Ads တွေဟာလည်း (၄၈)ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။

ဒီရလဒ်တွေကတော့ Social Media နဲ့ လုပ်ငန်းတွဲလုပ်ခဲ့လို့ရရှိလာတဲ့ရလဒ်တွေ ဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင်လည်း ရလဒ်တွေကဒီထက်ပိုပြီး များပြားလာနိုင်ဖွယ်ကိုလည်း တွေ့ရပါတယ်။

Read More>>>လူကြိုက်များရေးပန်းစားနေတဲ့ Gucci Brand ရဲ့ Logo အကြောင်း

Source; SEO Myanmar