Digital Marketing

ကိုဗစ်အလွန်နဲ့ ဆိုရှယ်မီဒီယာမားကတ်တင်းလောက

Read 1895 times
ကိုဗစ်အလွန်နဲ့ ဆိုရှယ်မီဒီယာမားကတ်တင်းလောက

 

Coronavirus ကူးစက်ရောဂါဖြစ်ပွားမှုသတင်းတွေကို လူထုကစောင့်ကြည့်နေကြတဲ့အတွက် social mediaလောကကို ပိုတိုးတက်လာစေတယ်လို့ဆိုပါတယ်။ social media စျေးကွက်ရှာဖွေရေးလုပ်ငန်း လမ်းကြောင်းတွေက ရေရှည်မှာ အကျိုးသက်ရောက်မှုရှိလိမ့်မယ်လို့ စားသုံးသူတွေက ဝေဖန်ကြပါတယ်။

 

Influencerတွေမှ ထုတ်ပြန်တဲ့ အစီရင်ခံစာက စားသုံးသူတွေအပေါ် အကျိုးသက်ရောက်မှုကို ဖော်ထုတ်ရန် coronavirus နဲ့ပတ်သက်တဲ့ လက်ရှိသုတေသနနှင့်အတူ စျေးကွက်ရှာဖွေရေးဆိုင်ရာ သုတေသနတွေ ပြုလုပ်သင့်ကြောင်းဆိုပါတယ်။ ၂၀၂၀ မေလမှာပြုလုပ်ခဲ့တဲ့ စစ်တမ်းအရ သူတို့ရဲ့ပရိသတ်ကို အင်တာနက်သုံးစွဲသူတွေ အဖြစ်သတ်မှတ်ပြီး ၎င်းတို့က social mediaမှာ ပါ၀င်တဲ့ contentဖန်တီးသူများပဲ ဖြစ်ပါတယ်။

 

အစီရင်ခံစာရဲ့ ရည်မှန်းချက်က coronavirus လွှမ်းမိုးမှုရှိတဲ့ စျေးကွက်ကိုရှာဖွေရန်နှင့်စားသုံးသူအပြုအမူများ၊contentဖန်တီးသူတွေနဲ့စားသုံးသူတွေရဲ့ ဆက်ဆံရေးအပေါ် အကျိုးသက်ရောက်မှုတွေကိုရှာဖွေရန်ဖြစ်ပါတယ်။

 

တွေ့ရှိချက်များအရ social mediaအသုံးပြုမှုက အချိန်တိုင်းမြင့်တက်နေပြီး ၎င်းက ၂၀၂၀ နှင့် ၂၀၂၀နောက်ပိုင်းမှာ ဆက်လက်တိုးတက်နေမယ်လို့ သက်သေပြခဲ့ပါတယ်။ အသုံးပြုသောလူဦးရေ တိုးများလာတဲ့ social platformတွေမှာ အကြောင်းအရာသတင်းတွေကို အသုံးပြုလေ့လာြခင်းအားဖြင့် ပိုမိုအဆင်ပြေလာသည်နှင့်အမျှ social media စားသုံးသူတွေရဲ့ အမြင်တွေကလည်း ပြောင်းလဲလာနိုင်ပါတယ်။

 

Ref : The Drum