Digital Marketing

Social Media Marketing နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၁၀) ချက်

Read 1585 times
Social Media Marketing နဲ့ပတ်သက်ပြီး သိထားသင့်တဲ့ အချက် (၁၀) ချက်



The Law of Listening (နားထောင်မှု)

================

 

အောင်မြင်တဲ့ ဆိုရှယ်မီဒီယာနဲ့ content မားကက်တင်းလုပ်ဆောင်ရာမှာ အဓိကကျတဲ့ အချက်တစ်ချက်ကတော့ နည်းနည်းပြောပြီး များများနားထောင်ခြင်းပါ။ သင်ရည်ရွယ်ထားတဲ့ ပရိတ်သတ်တွေ အွန်လိုင်းပေါ်မှာ ဘာတွေစိတ်ဝင်စားကြသလဲ၊ သူတို့ဘာတွေ သိချင်နေကြသလဲ၊ ဘာအကြောင်းတွေ ပြောဆိုနေကြသလဲဆိုတာကို စောင့်ကြည့်လေ့လာပါ။ ဒါမှသာ သူတို့အတွက် တန်ဖိုးရှိတဲ့၊ အသုံးဝင်တဲ့ content တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

 

The Law of Focus (အာရုံစိုက်မှု)

=============

 

Social Media Marketing နဲ့ပတ်သက်တဲ့ နည်းဗျူဟာကို တစ်ခုဆို တစ်ခုသာအသုံးပြုပါ။ သင့်ကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး ပရိတ်သတ်တွေကို ကြော်ငြာဖို့အတွက် မားကက်တင်းနဲ့ပတ်သက်တဲ့ နည်းဗျူဟာတွေကို အစုံလိုက်သုံးကြည့်မယ့်အစား ထိရောက်အကျိးရှိတဲ့ နည်းဗျူဟာတစ်ခုအပေါ်မှာသာ အာရုံစိုက်လုပ်ဆောင်သင့်ပါတယ်။

 

The Law of Quality (အရည်အသွေးကို ဂရုစိုက်မှု)

==================

 

အရည်အတွက်ထက် အရည်အသွေးက အများကြီးတန်ဖိုးရှိတယ်ဆိုတာ တော်တော်များများကြားဖူးမှာပါ။ ဆိုရှယ်မီဒီယာ မားကက်တင်းမှာလည်း အလားတူပါပဲ။ သင်တင်လိုက်တဲ့ Post တိုင်း content တိုင်းကို စိတ်ဝင်တစားဖတ်ရှုပြီး ပြန်လည်ဝေမျှတဲ့ ပရိတ်သတ် အယောက် ၁၀၀ ရှိခြင်းဟာ သင့် Post ကို တစ်ခါတည်းဖတ်ပြီး နောက်အခါတွေမှာ ကျော်သွားမယ့် ပရိတ်သတ် အယောက် ၁၀၀၀ ထက် အများကြီး ပိုသာပါတယ်။

 

The Law of Patience (စိတ်ရှည်သည်းခံမှု)

===================

 

ဆိုရှယ်မီဒီယာနဲ့ content marketing တွေဟာ ညတွင်းချင်း အောင်မြင်မှုရရှိသွားဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ ကိစ္စတစ်ခုပါ။ ညတွင်းချင်းအောင်မြင်မှုကို မျှော်လင့်နေမယ့်အစား သင့်ပရိတ်သတ်တွေအတွက် အသုံးဝင် အကျိုးရှိစေမယ့် content အကြောင်းအရာတွေကို စိတ်ရှည်ရှည်နဲ့ ပုံမှန်သာတင်ဆက်သွားပါ။ တစ်ချိန်မှာ သင်လိုချင်တဲ့ ရလာဒ်ကောင်းတွေ ရရှိလာမှာ မလွဲပါဘူး။

 

The Law of Compounding (အချိန်နှင့်အမျှ စုပေါင်းမှု)

===================

 

အကယ်၍သင်ဟာ ဖတ်ရှုသူပရိတ်သတ်တွေအတွက် အကျိုးရှိစေမယ့် အကြောင်းအရာတွေ ပုံမှန်တင်ဆက်နိုင်ပါက သူတို့ဟာ ဖတ်ရှုပြီး အခြားသူငယ်ချင်းတွေနဲ့ပါ ပြန်လည်ဝေမျှကြမှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အကျိုးရှိစေမယ့် အကြောင်းအရာတွေ ပုံမှန်တင်ဆက်သွားခြင်းဖြင့် တစ်ချိန်ချိန်မှာ သင့်အတွက် အလွန်ကြီးမားတဲ့ ပရိတ်သတ်ပမာဏတစ်ခု ရရှိလာနိုင်မှာဖြစ်ပါတယ်။

 

The Law of Influence (လွှမ်းမိုးနိုင်မှု)

====================

 

သင့်ရဲ့လုပ်ငန်းနယ်ပယ်ထဲမှာ ဈေးကွက်ကိုလွှမ်းမိုးမှုရှိတဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ၊ အနုပညာရှင်တွေကို ရှာဖွေချဉ်းကပ်ပြီး သင့်ထုတ်ကုန်နဲ့ပတ်သက်လို့ အကျိုးရှိရာရှိကြောင်း လုပ်ပါ။ အထူးသဖြင့် သူတို့တွေနဲ့ ကောင်းမွန်တဲ့ အဆက်အသွယ်တွေ ရှိနေပါစေ။ ဒါမှသာ အခွင့်အရေးရရှိတဲ့အခါကျရင် သင့်ရဲ့ထုတ်ကုန်တွေကို influencer marketing မှတစ်ဆင့် လူပိုသိအောင် ထိုးဖောက်နိုင်မှာ ဖြစ်ပါတယ်။

 

The Law of Value (content အရည်အသွေး တန်ဖိုးရှိမှု)

======================

 

အွန်လိုင်းပေါ်မှာ သင့်ကုန်ပစ္စည်းနဲ့ပတ်သက်ပြီး ပရိုမိုးရှင်းပဲ တစ်ချိန်လုံးလုပ်နေမယ်ဆိုရင် ကြာလာတာနဲ့အမျှ ပရိတ်သတ်တွေ စိတ်ပျက်လာနိုင်ပါတယ်။ ဒါကြောင့် ကုန်ပစ္စည်းအကြောင်း တစ်ချိန်လုံးကြော်ငြာနေတာထက် ကိုယ့်ရဲ့ကုန်ပစ္စည်းက ပရိတ်သတ်တွေအတွက် ဘယ်လိုမျိုးအကျိုးကျေးဇူးတွေ ရနိုင်မလဲ၊ သင့်ကုန်ပစ္စည်းကို သူတို့တွေ ဘယ်လိုမျိုး အကျိုးရှိရှိ အသုံးချနိုင်မလဲဆိုတဲ့ သူတို့အတွက်တန်ဖိုးရှိစေမယ့် အကြောင်းအရာတွေကို စေတနာသန့်သန့်နဲ့ ဝေမျှပေးသင့်ပါတယ်။ ဒါမှသာ ပရိတ်သတ်တွေက ဒီကုမ္ပဏီ ဒီလုပ်ငန်းက သူတို့အကျိုးစီးပွားကို အမှန်တကယ်ဂရုစိုက်တာပဲလို့ ယုံကြည်လာကြပြီး သင့်ရဲ့ကုန်ပစ္စည်းကိုလည်း ပိုပြီးဝယ်သုံးလာကြမှာဖြစ်ပါတယ်။

 

The Law of Acknowledgement (အသိအမှတ်ပြုမှု)

====================

 

သင့်ကို အွန်လိုင်းကတစ်ဆင့်ဖြစ်စေ အပြင်မှာဖြစ်စေ ဆက်သွယ်ချဉ်းကပ်လာတဲ့သူတွေကို (ကိုယ့်ဖောက်သည်မဟုတ်ရင်တောင်) အသိအမှတ်ပြုပြီး ပြန်လည်တုန့်ပြန်ပါ။ ကိုယ့်ဖောက်သည်မဟုတ်ဘူးဆိုပြီး လစ်လျူမရှုလိုက်ပါနဲ့။ လူတွေကို အသိအမှတ်ပြုပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ခြင်းဟာ ဆိုရှယ်မီဒီယာမားကက်တင်းကို အောင်မြင်မှုတွေ ရရှိလာစေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုလာရောက်ဆက်သွယ်တဲ့ လူတိုင်းကို အသိအမှတ်ပြုပါ။

 

The Law of Accessibility (အဆက်မပြတ် ထိတွေ့ဆက်ဆံမှု)

======================

 

သင့်ရဲ့ content တွေကို အွန်လိုင်းပေါ်တင်ပြီးတာနဲ့ တစ်ပတ်လောက် ပျောက်သွားတာမျိုး မဖြစ်ပါစေနဲ့။ သင့်ရဲ့ပရိတ်သတ်တွေနဲ့ ဆက်သွယ်မှု ပုံမှန်ရှိပါ။ ဒါကဘာကိုဆိုလိုသလဲဆိုတော့ သင့်ပရိတ်သတ်တွေ အကျိုးရှိစေမယ့် content အကြောင်းအရာတွေလည်း ပုံမှန်တင်ရင်း သူတို့နဲ့ အပြန်အလှန်ပြောဆိုမှုတွေလည်း အဆက်အသွယ်မပြတ်ရှိနေဖို့ ဖြစ်ပါတယ်။ ဒါမှသာ သင့်ရဲ့အမာခံပရိတ်သတ်တွေကို အချိန်ကြာကြာထိန်းသိမ်းထားနိုင်မှာပါ။ အခုခေတ်အွန်လိုင်းဟာ contents တွေ page တွေ များပြားလွန်းလှတာကြောင့် သင်အချိန်ကြာကြာ ပျောက်သွားရင် သင့်ပရိတ်သတ်တွေက သင့်ကိုမေ့သွားကြမှာ ဖြစ်ပါတယ်။

 

The Law of Reciprocity (အပြန်အလှန် လေးစားဂရုစိုက်မှု)

======================

 

အကယ်၍သင်က အခြားသူတွေရဲ့ post တွေကို အရေးတယူမရှိဘူး၊ ဂရုမစိုက်ဘူး၊ share မလုပ်ပေးဘူးဆိုရင် သင်လည်း သူတို့တွေဆီက share ရဖို့ကို မျှော်လင့်နေလို့ မလွယ်ပါဘူး။ လူတွေက သူတို့ကို ဂရုစိုက်တဲ့သူကိုမှ ပြန်ဂရုစိုက်တတ်တာဖြစ်ပါတယ်။ ဒါကြောင့်မို့ အချိန်တစ်ခုပေးပြီး အခြားသူတွေရဲ့ content တွေကိုလည်း အရေးတယူလုပ်သင့်ပါတယ်။

 

Myanmar Advertising Directory