Tips

Social Media မှာ Video ဖန်တီးလို့ ရမယ့် Tool များ

Read 1440 times
Social Media မှာ Video ဖန်တီးလို့ ရမယ့် Tool များ

Social Media Marketing ကိုအများအပြားဦးစားပေးပြီး လုပ်ငန်း လုပ်ကိုင်လာကျတာကိုလည်း တွေ့ရပါတယ်။ Social Media Marketing နယ်ပယ်မှာဆိုရင် Content Marketing, Video Marketing အစရှိတဲ့ Marketing Strategy တွေကို အသုံးပြုလာကြပါတယ်။ ယခုတစ်ခေါက်ဖော်ပြပေးမှာကတော့ Social Media Marketing နယ်ပယ်မှာ အသုံးပြုနိုင်မဲ့ Social Video Making Tools လေးအချို့ကိုဖော်ပြပေးသွား မှာဖြစ်ပါတယ်။

 


Adobe Spark

ဒီ Adobe Spark ဆိုတဲ့ Tools လေးကတော့ သင့်ရဲ့ Video တွေကို အကောင်းဆုံးနည်းလမ်းနဲ့ Sharing လုပ်နိုင်မဲ့ Tools လေးတစ်ခုလို့လည်း ပြောလို့ရပါသေးတယ်။ Website နဲ့ Mobile User တွေအတွက်လည်း Video လေးတွေ စိတ်ကြိုက်ဖန်တီးပြီး အသုံးပြုလို့ရနိုင်သလို Visual Content တွေအနေနဲ့လည်း Sharing လုပ်နိုင်တဲ့အတွက် ကိုယ့်ဆီမှာ Creation ရှိသလိုဖန်တီးနိုင်တဲ့ Tools ကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်။

 

Animaker

Animaker ဆိုတဲ့ Tools လေးကတော့ Animation လေးတွေကို ဖန်တီးနိုင်မဲ့ Software လေးတစ်ခုဖြစ်သလို Online ကနေလည်း Animation လေးတွေကို စိတ်ကြိုက်ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။ Free Software လေး တစ်ခုဆိုတော့ အခြေခံ Animation လေးတွေကိုသာလေ့ကျင့် ဖန်တီးနိုင်မှာဖြစ်ပါတယ်။ သူ့ရဲ့ Feature အစုံအလင်နဲ့ Animation လေးတွေကိုဖန်တီး ချင်တယ်ဆိုရင်တော့ လစဉ်(သို့)နှစ်စဉ် Payment သွင်းပြီး အသုံးပြုနိုင်ပါတယ်။ High End Graphic လေးတွေအများအပြားပါတဲ့ Animation Software လို့လည်းပြောလို့ရပါတယ်။

 

Animoto

ဒီ Tools လေးကတော့ သင့်အတွက် Stories Sharing ကို စိတ်ဝင်စားဖို့ကောင်းတဲ့ Video လေးတွေ နဲ့အတူ ဖန်းတီးနိုင်ဖို့အတွက် ကူညီပေးပါလိမ့်မယ်။ ဒီ Tools လေးနဲ့ Video လေးတွေဖန်တီးနိုင်သလို Slideshow လေးတွေကို လွယ်ကူစွာဖန်တီးနိုင်ပါတယ်။ သင့်မှာရှိပြီး သား Image တွေ Video တွေနဲ့ Music တွေကိုပါ အဆင်သင့်သလို Upload လုပ်ပြီး Video အသစ်လေးတွေ ဖန်တီးလို့ရပါတယ်။ Video လုပ်ကိုင်ဖို့အတွက်ကတော့ လွယ်ကူပါတယ်။ Hint အနေနဲ့ “ Create Button” ပါဝင်တဲ့အတွက် သင့်အတွက်ခက်ခက်ခဲခဲ ရှာဖွေစရာမလိုတော့ပဲ လွယ်လွယ်ကကူကူ ဖန်တီးနိုင်မှာဖြစ်တဲ့အတွက် သင့်ကိုအကောင်းဆုံး ထောက်ပံ့ပေးနိုင်တဲ့ Tools လေးတစ်ခု ဖြစ်ပါတယ်။

 

Vyond

ဒီ Tools လေးကလဲ Animation Video လေးတွေကို ဖန်းတီးနိုင်မဲ့ Free Tools လေးတစ်ခုပဲဖြစ်ပါတယ်။ ဒီ Tools လေးထဲမှာ ကြီးမားတဲ့ Library တစ်ခုလိုပဲ Resource အများအပြားနဲ့ Pre–Build Template တော်တော်များများကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီ Tools လေးကတော့ တော်တော်လေး အသုံးပြုရတာ အဆင်ပြေချောမွေ့စေပြီး၊ အဆင်ပြေချောမွေ့စေတဲ့ အချက်ကတော့ လိုအပ်တာတွေကို Download လုပ်ရတာတွေ Set – Up လုပ်ရတာတွေ အစရှိတဲ့ အချက်တွေကို လုပ်စရာမလိုတဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ သူ့မှာပါတဲ့ Feature တွေမှာမှ ပိုမိုကောင်းမွန်တဲ့ Feature တွေကိုအသုံးပြုချင်တယ်ဆိုရင်တော့ Payment ပေးပြီး အရည်အသွေးမြင့်မားတဲ့ Video တွေကိုလည်း ဖန်တီးနိုင်အုံးမှာ ဖြစ်ပါတယ်။

ဖော်ပြထားတဲ့ Tools တွေက Social Media Marketing မှာလိုအပ်တဲ့ Video Marketing Strategy တွေအတွက် အသုံးပြုရ အဆင်ပြေစေမဲ့ Tools လေးအချို့ကိုေ ဖ်ာပြပေးထားခြင်း ဖြစ်ပါသည်။ နောက်ထပ်သုံးရတာအဆင်ပြေစေမဲ့ Tools လေးတွေလည်းအများအပြားရှိပါသေးတယ်။

 

Source ;SEOMyanmar

Myanmar Advertising Directory


Read More...သင့်လုပ်ငန်းကိုနာမည် ပေးတော့မယ် ဆိုရင် သိထားသင့်တဲ့ အချက်များ