Global

Sony ရဲ့ နာမည်ပျက်မခံတဲ့ Branding

Read 1342 times
Sony ရဲ့ နာမည်ပျက်မခံတဲ့ Branding

 

သို့သော်ကြာသပတေးနေ့ညနေခင်းတွင် ဆိုနီ သည် သူ့ဆီမှ ငွေ ပြန်လည်တောင်းခံသူတစ်ချို့က ငွေ ကို ပြန်လည် ရရှိသွားကြပြီးကျန်တစ်ချို့မှာ ငွေပြန်လည် လက်ဝယ်ရရှိရာတွင် အခက်အခဲနှင့်ကြုံနေတယ်သိရပါတယ်။ထိုအခက်အခဲကြုံသူများအနေဖြင့် နောက်မှာသာ ပြန်လည် ငွေရရှိအောင်လုပ်ဆောင်သင့်ကြောင်း Sony မှပြောကြားခဲ့ပါတယ်။အခုဆို ရင် Cyberpunk 2077 ဂိမ်းက Play Station Store မှာ မရှိတော့ပါဘူး။လုံးဝကို ရှာလို့ မရပါဘူး။သို့ပေမယ့် လူတွေရဲ့ Wish List မှာပေါ်နေပါတယ်။ဒီဂျစ်တယ် PlayStore မှ ဂိမ်းဝယ်ယူသူများဟာ ငွေပြန်အမ်းမှုကို လူတစ်ချို့သာရရှိခဲ့ပါတယ်မရရှိတဲ့သူတွေကတော့ များပါတယ်။

 

ဂိမ်းကစားသမားတွေက အဆိုပါ ဂိမ်းကိုဝယ်ထားတာ ၁ ပတ်လောက်ပဲရှိပါသေးတယ်။အဆိုပါဂိမ်းက အတော်လေး error ဖြစ်နေပြီး ရုပ်ပိုင်းဆိုင်ရာ အနေအထားမှာ ဆိုးရွားနေပါတယ်။ပိုက်ဆဲံပြန်အမ်းရမယ့်အရေး Sony မှ ဆုံးဖြတ်ချက်သည်သာ အတည်လို့ဆိုနိုင်ပါတယ် ဒါကြောင့် သူတို့ဘက်က ဒီအချိန်မှာ ငွေ ပြန်အမ်းပေးမပေးကို ဆုံးဖြတ်နယ်သိရပါတယ်။လက်ရှိမှာတော့ အဆိုပါ ဂိမ်းကူးခွေတွေဟာ အပြင်မှာ များပြားစွာထွက်ရှိနေပြီသိရပါတယ်။

 

အဆိုပါဂိမ်းကို Sony အနေနဲ့ အသိပေးပြီးမှ ပြန်လည် ရောင်းချ သွားမှာဖြစ်ပီး ကြာအုံးမှာပါအခုချိန်မှာ အင်တာနက်မှာ မေးထားသမျှကို Microsoft အနေနဲ့လည်း ပြန်မဖြေနိုင်သေးပါဘူး။CD Projekt Red အနေနဲ့တော့ သိပ်မကြာခင် အချိန်အတွင်းမှာ ပြန်လည် ရောင်းချဖို့ ကြိုးစားနေတယ်သိရပါတယ်။အဆိုပါ ပြသနာများကို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလ မတိုင်ခင် ပြန်လည် ပြီးဆုံး အောင်ဆောင်ရွက်သွားမယ်သိရပါတယ်။

 

Myanmar Advertising Guide