Business Marketing

အစားအသောက် ၀ါသနာပါသူများအတွက် စိတ်ဝင်စားဖွယ်ရာ အလုပ်အကိုင်များ

Read 1590 times
အစားအသောက် ၀ါသနာပါသူများအတွက် စိတ်ဝင်စားဖွယ်ရာ အလုပ်အကိုင်များ

အစားအသောက်ကောင်း တွေကို ချစ်ရတဲ့မိသားစုတွေနဲ့ အတူလက်ဆုံစားရခြင်းလောက် ကောင်းတဲ့ခံစားချက်မျိုးကို ရှာဖွေလို့တောင် ရမှာ မဟုတ်ပါဘူး။

ဒီတစ်ခါမှာတော့ အစားအသောက်ကိုခုံမင်နှစ်ခြိုက်ကြတဲ့ သူတွေအတွက် စိတ်ဝင်စားဖွယ်ရာ အလုပ်အကိုင် များကို ဖော်ပြပေးလိုက်ပါတယ်။

Food stylist

အ၀တ်အစား၊ဖက်ရှင်အတွက်ပဲ stylist လိုအပ်တာ မဟုတ်ပါဘူး။ အနံ့အရသာနဲ့ ပြည့်စုံနေပေမဲ့ စားချင်စဖွယ် ဖြစ်အောင် ဖန်တီးမှုတွေ မလုပ်ထားဘူးဆိုရင် လာရောက်ဝယ်သူ သုံးဆောင်မယ့် ပရိတ်သတ် တွေကို ဆွဲဆောင်နိုင်မှာ မဟုတ်ပါဘူး။ Food Catalogue နဲ့Food  Photoshoots တွေအတွက်ဆို Food Stylistတွေက မရှိမဖြစ်တွေပါ။

Food Blogger

ဒါကတော့ ခုချိန်မျာ တော်တော်များများလုပ်နေကြတဲ့ အလုပ်တစ်ခုပါ။ စားသောက်ဆိုင် မိတ်ဆက်ပွဲများ၊ menu အသစ်များကို မြည်းစမ်းပြီး စိတ်ဝင်စားဖွယ်ရာဆောင်းပါးများ ရေးသားရခြင်းပါ။ ကိုယ်ပိုင် blog တစ်ခုထောင်ပြီး အောင်မြင်လာတာနဲ့တစ်ပြိုင်နက် ကြော်ငြာများလက်ခံရရှိလာနိုင်ပြီး အခြားwebsiteနဲ့ magazine တွေအတွက်လည်း ရေးသားနိုင်ပါတယ်။ ရင်းနှီးမြှုပ်နှံနိုင်ပြီး ရေရှည်လုပ်ကိုင် နိုင်မယ် ဆိုရင်တော့ သင်ဟာအောင်မြင်တဲ့ food blogger တစ်ယောက်ဖြစ်နိုင်ပါတယ်။

Food Researcher

အစားအသောက်သုတေသီ အလုပ်ကတော့ အစားအသောက်သစ်တွေ၊ ပါဝင်ပစ္စည်းတွေနဲ့အမြဲ ထိတွေ့နေရတာပါ။ အစားအသောက်တွေမှာပါဝင်ပစ္စည်းများ တိကျမှန်ကန်ရန်၊ အရည်အသွေးမြင့်တဲ့ အစားအသောက်ထုတ်ကုန်တွေ ထုတ်လုပ်ရေးကဏ္ဍမှာ Food Researcher တွေဟာမရှိမဖြစ်ပါ။

အကျွေးအမွေးတာဝန်ယူသူ

စီးပွားဖြစ်လုပ်ကိုင်မယ်ဆိုရင်တော့ ဒီအလုပ်ဟာ ကုသိုလ်လည်းရ ၀မ်းလည်းဝ ဆိုတဲ့ အလုပ်အကိုင် တစ်ခုပါ။ ပွဲအခမ်းအနားများအတွက် အစားအသောက်များကို စားချင်စဖွယ်ဖြစ်အောင် ချက်ပြုတ် ပြင်ဆင်ပေးရတာပါ။ သင်ဟာတီထွင်ဖန်တီးနိုင်ပြီး အစားအသောက်တွေကို ချစ်မြတ်နိုးသူဆိုရင်တော့ ဒီအလုပ်ကကွက်တိပါပဲ။

Source; Youngisthanin