Marketing

Spotify မှ လူမည်းအသားပေးကြော်ငြာ Campaign စတင်

Read 1679 times
Spotify မှ လူမည်းအသားပေးကြော်ငြာ Campaign စတင်

 

ဗြိတိန်ရဲ့ နာမည်ကြီး အဆိုတော် Headie One ပါဝင်ခဲ့ပြီး သူကိုယ်တိုင်က ဗြိတိန်ရဲ့ Spotify ပလက်ဖောင်းမှ လူမည်း ဂုဏ်ပြု Campaign ပါဝင်ခဲ့ပါတယ် ပြီးခဲ့တဲ့အပတ်က Headie ဟာသူ့အယ်ဘန်လ် ဖြစ်တဲ့ လူမည်း ဂုဏ်ပြု အယ်ဘန်လ် EDNA ကို မိတ်ဆက်ခဲ့ပြီး လူမည်းအဆိုတော်များဖြစ်ကြတဲ့ Arlo Parks , Young T အပြင် Bugsy တို့မှ ပါဝင်အားဖြည့်သီဆိုပေးထားတယ်သိရပါတယ်။အများသိတဲ့ အတိုင်း Spotify ရဲ့ လူမည်း ဂုဏ်ပြု အယ်ဘန်လ် မှာ ကြော်ငြာ Campaign တစ်ခုအဖြစ် တစ်ကမ္ဘာ လုံးကို ပြသမည့် Campaign ဖြစ်ပါတယ်။

 

 

လူမည်းသမိုင်းကြောင်းဟာ အားကျအတုယူဖွယ် ၊ စိတ်ဝင်စားဖွယ် ကောင်းပြီး ၊ လူမည်းတွေရဲ့ ပင်ကိုယ်စွမ်းအားကို ပြထားပါတယ်။အခုဆိုရင် Campaign မှာပါဝင်ခဲ့တဲ့ လူမည်းတွေဟာ အောက်တိုဘာလမှာ သီချင်းအသစ်တစ်ခုထွက်ပြီး ၂၀၂၀ မှာ အရွေ့တစ်ခုလုပ်နိုင်တော့မှာပါ။

 

အခုလတ်တလော အဆိုပါ Campaign သီချင်းကို ဗြိတိန်ရှိလူအများ နားထောင်နေတယ်သိရပါတယ်။ထိုသို့နားထောင်ခြင်းက လူမည်းတွေရဲ့ အဖွဲ့အစည်းကိုဒါက အထောက်အကူတစ်ခုဖြစ်လာမှာပါ။အခုဆိုရင် လူမည်း လူငယ်လေးတွေကို ပညာပေးနိုင်ခဲ့ပါပြီ။အဆိုပါ သီချင်းကို နားထောင်တဲ့လူ ၂၃၇ ရာခိုင်နှုန်းလတ်တလောမှာထိုးတက်လာပြီး Podcasts မှလူများ လည်း Black Out Tuesday ကိုကြည့်ထားတယ်သိရပါတယ်။

 

ဆက်လက် ပြောကြားချက်အရ နားထောင်သူ များအနေနဲ့ သီချင်း Content အသစ် ကိုပါ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။Spotify ရဲ့ Original အသံဖိုင်တစ်ခုဖြစ်တဲ့ Who We Be TALKS မှာဆိုရင် ဟစ်ဟော့ သံစဉ်မှာဆိုရင် Afrobeats ပါဝင်ထားပြီး R&B မှာဆို Dancehall ပါဝင်ထားတယ်သိရပါတယ်။အဆိုပါ Playlist များဟာ လူမည်းများရဲ့ ဂီတ နဲ့ ယဉ်ကျေးမှုကို ဖော်ညွှန်းမှာဖြစ်ပြီး လူမည်းဂုဏ်ပြုလ ကို ပုံဖော်တဲ့ Spotify Campaign ရဲ့ တစ်စိတ်တစ်ပိုင်းများသာဖြစ်ပါတယ်။

 

 

Ref : The Drum