Global

ဗြိတိန် တွင် ၎င်းတို့ Web ကြော်ငြာရစေရေး Boris Johnson ကို ထိုးကျွေး

Read 1690 times
ဗြိတိန် တွင် ၎င်းတို့ Web ကြော်ငြာရစေရေး Boris Johnson ကို ထိုးကျွေး


 


 


 


 


 


<<< Unicode >>>

 

ဗြိတိန် တွင် ၎င်းတို့ Web ကြော်ငြာရစေရေး Boris Johnson ကို ထိုးကျွေး

-------------------

 

ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ဟာ ကိုရိုနာ ရောဂါ positive ဖြစ်ပြီး ဆယ်ရက်အကြာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ရောဂါ ကြာရှည်နေသဖြင့် ဆေးကုသမှု့ခံယူခဲ့ရကာ အောက်စီဂျင် လေရှုသွင်းရတဲ့ အနေအထားထိ ဖြစ်ခဲ့ပါတယ်။

 

ထိုအချင်းအရာကို Website စီးပွါးရေးသမားတွေက အခွင့်ကောင်းယူကာ ဟာသ ပြုလုပ်ကာ ၎င်းတို့ရဲ့ Web ကို လူဝင်များပြီး ကြော်ငြာရစေရေး အတွက် နေမကောင်းဖြစ်နေတဲ့ Boris ကို လှောင်ပြောင်သရော်ကာ / မဟုတ်မမှန်သော သတင်းများဖြင့် လူဝင်ပြီးစေရန် ပြီးပြီးရော သတင်းများရေးကာ ငွေဝင်စေရေး Social Media တစ်ချို့မှာ လုပ်စားနေတာတွေ့ရပါတယ်။

 

ထို့အပြင် တစ်ချို့ အခြေအမြစ်မရှိတဲ့ Web တွေက ၎င်းတို့ကို လူတွေက Web ထဲ ကလစ်တစ်ချက်ထောက်လိုက်မိတာနဲ့ record traffic တက်ကာ ငွေရနေတာပါ။

 

တကယ်တန်းထိုကဲ့သို့ရေးသားနေတာ အစစ်အမှန် ဂျာနယ်လစ်တွေမဟုတ်ပါဘူး ၊ content writer လည်း မပါပါဘူး သာမန်ငွေရချင်လို့ လုပ်ဇာတ်သတင်းရေးကာ ကြော်ငြာ ရရေးဆောင်ရွက်နေကြတယ်သိရပါတယ်။

 

ယခုလိုအချိန်မှာ သတင်းမီဒီယာ အစစ်အမှန်တွေကိုပါ ထိုသို့ လုပ်စားသူတွေကြောင့် သတင်းအမှား ဖြစ်မလာရေးလူတွေက ကြောက်ရွံနေကြပါတယ်။လုံးဝမယုံကြည်ရဲကြတော့ပါဘူးတဲ့။

 

ဗြိတိန်ဝန်ကြီးရဲ့ အတွင်းဝန်ထောက် Oliver Dowden ပြောခဲ့ပုံကတော့ “ အခုအချိန်မှာ သတင်းတွေကို တကယ့် အစိုးရထုတ်ပြန်ချက်တွေနဲ့ သတင်းဌာနအကြီးစားတွေက သတင်းတွေကိုသာ ယုံကြပါ ၊ သူတို့အနေနဲ့ အစိုးရဘက်က ထိုကဲ့ သို့ကြော်ငြာရရေး ပြီးပြီးရော ရေးနေတဲ့ Web တွေကို စိစစ်ပြီး ပိတ်ပင်ဖို့ လုပ်ဆောင်နေပါပြီ " ဆိုကာပြောကြားသွားခဲ့ပါတယ်။

 

 

ထိုကဲ့ သို့ပြုလုပ်လျှင်သူတို့တွေအနေနှင့် ကြော်ငြာရေးရာ သုံးစွဲငွေလျော့ ကျသွားမယ်ဆိုတာသိပါတယ်သို့ပေမဲ့ ထိုသို့ ပိတ်ဆို့မှသာလျှင် သတင်းမီဒီယာလောကအတွက်ကောင်းမယ်ဆိုကာ ပြောကြားခဲ့သည်။

 

 

Myanmar Advertising Directory