Local

စီးပွားရေး အခက်အခဲတွေအတွက် အခမဲ့ အကြံပေးမယ့် Startup Clinic

Read 1459 times
စီးပွားရေး အခက်အခဲတွေအတွက် အခမဲ့ အကြံပေးမယ့် Startup Clinic


ဒီအစီအစဉ်ကို Startup Clinic လို့ အမည်ပေးထားပြီး သင်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းက ကြာလာပေမဲ့ မအောင်မြင်ဘူး၊ ဘာဆက်လုပ်ရမှန်းလည်း မသိ ဖြစ်နေတယ်ဆိုရင် သင့်အတွက် အများကြီး အထောက်အကူ ပေးနိုင်ပါတယ်။


တကယ်လို့ သင်က စီးပွားရေးလုပ်ငန်းတစ်ခု မစတင်ရသေးပေးမယ့် စီးပွားရေးဆိုင်ရာ အကြံဉာဏ်တစ်ခုရှိပြီး နောက်တစ်ဆင့်ကို ကူးဖို့အတွက် အခက်အခဲရှိနေတယ်ဆိုရင်လည်း ဖန်တီးရာရဲ့ Startup ဆေးခန်းက ကူညီပေးနိုင်ပါတယ်။

အင်တာနက်မှာ တစ်ခုခုရှာတဲ့အခါ သင့်လုပ်ငန်းကို အရင်ဆုံး မြင်ရအောင်


Startup Clinic ကနေ မြန်မာနိုင်ငံရဲ့ ထူးချွန် ထက်မြက်တဲ့ စီးပွားရေးဆိုင်ရာ နည်းပြတွေက သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံးသော အကြံဥာဏ်တွေအပြင် သူတို့ရဲ့ အတွေ့အကြုံတွေကိုပါ ဆွေးနွေး မျှဝေပေးသွားမှာ ဖြစ်ပါတယ်။


ဒါ့အပြင် လာရောက်တွေ့ဆုံ ဆွေးနွေးတဲ့သူတွေ အားလုံးကို စွန့်ဦးတီထွင် လုပ်ငန်းဆိုင်ရာ အကြောင်းအရာတွေကိုလည်း ပြောပြသွားမှာ ဖြစ်ပါတယ်။


ဒီ Startup Clinic ကို သွားရောက်ချင်တယ်ဆိုရင်တော့ အောက်က Link ထဲကို ၀င်ရောက်ပြီး မိမိ အဆင်ပြေနိုင်တဲ့ အချိန်တစ်ခုကို ရွေးချယ်ပေးဖို့ လိုပါတယ်။ https://ces.to/j9TxHh


ဖန်တီးရာရဲ့ လိပ်စာကတော့ အမှတ် ၆၂၈၊ ၆၃၆၊ Royal River View ကွန်ဒို၊ ၁၀ လွှာ၊ ၂၉ လမ်းနဲ့ လမ်း ၃၀ ထောင့်၊ ကုန်သည်လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။


Source; Phandeeyar