Print Advertising

နိုင်ငံပိုင်သတင်းစာများကို (၅၀) ကျပ်မှ (၁၀၀) ကျပ်သို့ ပြောင်းလဲရောင်းချမည်

Read 2531 times
နိုင်ငံပိုင်သတင်းစာများကို  (၅၀) ကျပ်မှ (၁၀၀) ကျပ်သို့ ပြောင်းလဲရောင်းချမည်

လက်ရှိမှာ သတင်းစာတစ်စောင်ကို (၅၀) ကျပ်ဖြင့် ရောင်းချပေးနေပြီး ရှေ့လကစပြီး (၁၀၀) ကျပ်ဖြင့် ပြောင်းလဲရောင်းချသွားမှာပဲ ဖြစ်ပါတယ်။


ထိုသို့ ဈေးနှုန်းတိုးမြှင့်ရခြင်းမှာ သတင်းစာထုတ်လုပ်မှု စရိတ်များ မြင့်မားလာခြင်းကြောင့် ဖြစ်တယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနကနေ သတင်းထုတ်ပြန် ကြေညာထားပါတယ်။

ကြေးမုံနဲ့ မြန်မာ့အလင်းမှာ ကြော်ငြာထည့်မယ်ဆိုရင် ဘယ်လောက်ကုန်ကျမလဲ


မြန်မာ့အလင်း၊ ကြေးမုံသတင်းစာများကို စာမျက်နှာ (၃၂) မျက်နှာနဲ့ ပုံမှန်ထုတ်ဝေပြီး တချို့ရက်တွေမှာတော့ (၄၀) ကနေ (၄၈) မျက်နှာအထိ အချပ်ပိုများ ထည့်သွင်းပြီး ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။


The Global Light Myanmar သတင်းစာကိုလည်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း အချပ်ပို (၈) မျက်နှာတိုးမြှင့်ပြီး (၂၄) မျက်နှာဖြင့် ထုတ်ဝေဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

နိုင်ငံပိုင်သတင်းစာတွေဖြစ်တဲ့ မြန်မာ့အလင်း၊ ကြေးမုံနဲ့ The Global Light Myanmar သတင်းစာတွေကို ပြန်ကြားရေးဝန်ကြီးဌာန၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းကနေ နေ့စဉ် ထုတ်ဝေလျက်ရှိပါတယ်။

53864663 408801939854298 3666905664141131776 n

Htet Htet Naing 

Source; MOI

Myanmar Advertising Directory